သံလွင်ခက်။
ဇူလိုင် ၂၇ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် သရက် ခေါင်းရွာနှင့် သပြေသာရွာက ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှ- ကန့်ဘလူတက် ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလှိုင်လ ၂၄ ရက်တွင် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီအထိုင်ချထားသည့် ကျီကုန်းရွာဂိတ် ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ ခြင်းဖြစ်သည်။
“အဲ့ဂိတ်က ဝါသဝတပည့်အရင်းတွေ အထိအခိုက်များပြီး သေနတ် ၁၆ လက်ပါဆုံးရှုံးထားတော့ ရွာတွေကို စစ်ကြောင်း ထိုးပြီးပတ်မွှေတာဖြစ်နိုင်ပါတယ်၊ သူတို့က အပြစ်မဲ့ပြည်သူကိုပဲ ပစ်မှတ်ထားသတ်ဖြတ်နေတဲ့အတိုင်းပါပဲ” ဟု ကျွန်း လှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင် ကန့်ဘလူမြို့၊ တင့်ကားတပ်ရင်း တကရ- ၆၀၀၆ တပ်က ထွက်လာသော စစ်ကောင် စီတပ်နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်သည် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။
ထိုနောက် ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့သည့်အတွက် အသက် ၇၅ နှစ်အရွယ် မိခင်နှင့် အသက် ၄၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးခဲ့ပြီး အသက် ၄၂ နှစ်အရွယ်သမီးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရေး ပေါ်ကုသမှုခံယူနေရသည်။
ထိုတစ်ရက်ထဲမှာပဲ ဇီးကုန်းသကြားစက်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၆၀ ခန့်သည် ဗောဓိကုန်းဘုရား အနီးမှ ဇီးကုန်းတိုက်နယ်၊ သပြေသာရွာအား ၆၀ မမ ဖြင့်ပစ်ခတ်ခဲ့ရာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး ခဲ့ပြီး အသက် ၅၇ နှစ် နှင့် ၅၉ နှစ်အရွယ် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အဆိုပါစစ်ကြာင်းသည် ဇီးကုန်းသကြားစက်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံများထံက သိရ သည်။
ယနေ့နံနက်ပိုင်းတွင် သရက်ခေါင်းရွာတွင် တပ်စွဲခဲ့သည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ကျေးရွာနေ အိမ်များအတွင်းရှိပစ္စည်းများအား ခိုးယူခဲ့ပြီးနောက် နေအိမ် ၇၂ လုံးကို မီးရှို့ခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့က ကောက်ယူထားသည့် စာရင်းမျာအရသိရသည်။
သရက်ခေါင်းရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ၄ ကြိမ်ထိခံထားရပြီး ယခုအကြိမ်သည် ၅ ကြိမ် မြောက်မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့မနက်ပိုင်းတွင် ရှမ်းတောရွာမှ နေအိမ်များအားမီးရှို့ခဲ့ပြီး မင်းကုန်းတောရကျောင်း ဘက်သို့ ဦးတည်နေသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များ။
ဓာတ်ပုံ – ကျွန်းလှ- ကန့်ဘလူတက် ကြွလှုပ်ရှားသူများအဖွဲ့။