ခွန်ဆုန်း (CJ)
ဇူလိုင် ၂၀၊ ၂၀၂၄
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က ရဲစခန်းကို CDF-ဟားခါးတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မနက်အာရုံတက်ချိန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ရဲတပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
အကျဉ်းသား ၆၇ ဦးကိုတော့ လွတ်မြောက်နယ်မြေတွေကို ပို့ဆောင်ထားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိပ်သိရှိရန် CDF-ဟားခါး နဲ့ ချင်းပြည်ကောင်စီကို သံလွင်ခက်က မေးမြန်းဆက်သွယ်ဖို့ကြိုးစားနေပါတယ်။
ပုံစာ- CDF-ဟားခါး စစ်ရေးပြအခမ်းအနားမြင်ကွင်း။ ဓာတ်ပုံ- CDF- ဟားခါး