သံလွင်ခက်။
ဇူလိုင် ၆ ၊ ၂၀၂၄။
ကရင်ပြည်နယ်၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်က ဒေသခံ သုံးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင် အမျိုးသားအစည်းအရုံး- KNU က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက် နေ့လည် ၂ နာရီခွဲခန့်တွင် မုန်းမြို့နယ်၊ သာစည်ကျေးရွာတွင် အခြေချသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နောင်ချိုကျေးရွာအတွင်း (၆၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၁ အမျိုးသားနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတို့ ဇနီးမောင်နှံနှစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့၏သား သမီးဖြစ်သော ၂ နှစ်အရွယ်၊ ၈ နှစ် အရွယ်၊ ၁၇ နှစ်အရွယ်နှင့် တူဖြစ်သူ ၁၇ နှစ်အရွယ် စုစုပေါင်း လေးဦးတို့စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ညောင်လေးပင်၊ ပိန်းဇလုပ်မြို့ ခလရ-၂၆၄ မှ ၁၂၀ မမ (၂) လုံးပစ်ခတ်မှုကြောင့် သမင်အင်းကုန်းကျေးရွာအနီး ကျရောက် ပေါက်ကွဲပြီး အသက် (၅၀) အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု KUN က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ − လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များ။ Photo – KNU