ကော်သူးလေသစ်ပင်စိုက်လ (Kawthoolei Tree Plantation Month) အထိမ်းအမှတ်ပွဲ ကျင်းပ
***************
ဇူလိုင် ၂ ၊ ၂၀၂၄
ပျက်စီးလာတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်အထောက်အကူ ပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကော်သူးလေ သစ်ပင် စိုက်ပွဲအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဖလူးကျေးရွာအနီးမှာ မနေ့က ကျင်းပခဲ့ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သစ်တောဖုန်းလွှမ်းမှု ပြန်လည်များပြားလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုကို လျှော့ချနိုင်ဖို့ အတွက်ရည်ရွယ်ပြီး ဒီသစ်ပင်စိုက်ပွဲကို ကျင်းပရတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီသစ်ပင်စိုက်ပွဲကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော့ကရိတ်မြို့နယ်ဥက္ကဌ၊ ကော့ကရိတ်မြို့နယ်သစ် တောဌာနမှူး၊ ရပ်မိရပ်ဖတွေအပါအဝင် ရွာသူကျေးရွာသားများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲကို ပူးပေါင်းပါဝင်ခဲ့ကြပါ တယ်။
ဓါတ်ပုံ -ဖေငယ်/ သံလွင်ခက်။
****
Telegram- > https://t.me/ThanLwinKhetNews/4908
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10658