၁၀ ရက်အကြာ ထိန်းသိမ်းခံခဲ့ရသည့် လမိုင်းပရဟိတအဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်လာ
***********************
သဇင်
ဇွန် ၇၊၂၀၂၄။
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့တွင် စစ်ကောင်တပ်ဖွဲ့ဝင်များ၏ဖမ်းဆီးထိန်းသိမ်းမှုကိုခံခဲ့ရသည့် လမိုင်းလူငယ်ပရ ဟိတ အဖွဲ့ဝင်ငါးဦးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံများထံက သိရ သည်။
အဆိုပါ အဖွဲ့ဝင်ငါးဦးသည် ပြီးခဲ့သည့် မေလ ၂၉ ရက်က ယာဉ်တိုက်မှုတစ်ခုတွင် ဒဏ်ရာရရှိခဲ့သည့် အမှတ် ၅၈၈ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းတွင် တော်လှန်ရေးတပ်ဝင်များက ယင်းဗိုလ်ကြီးကို ကြားဖြတ်ဖမ်းဆီးခံခြင်းကြောင့် စစ်ကောင်စီတပ်က ပရဟိတအဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။
ထို့နောက် ယင်းပရဟိတအဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ဓမ္မရုံတစ်ခုတွင် (၁၀) ရက်ကြာ ထိန်းသိမ်းပြီးနောက် ယမန့်နေ့က ခံဝန်ကတိဖြင့် ပြန်လည်လွှတ်ပေးလိုက်သည်ဟု လမိုင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဌဦးဝင်းအောင်က ပြောသည်။
“ကျွန်တော်တို့ကို ဓမ္မာရုံမှာပဲ ထားထားတာပါ။ သူတို့ပြန်မလွှတ်ပေးတာက အထက်အမိန့်မရသေးလို့ပေါ့နော်။ အဲ့တာနဲ့ အမိန့်ရရချင်းမှာပဲ မနေ့က ၁ နာရီ လောက်မှာ အိမ်ပေးပြန် ခိုင်းတယ်။ ခံဝန်ကတိတော့ ထိုးခိုင်းတယ်။ ခံဝန်မှာ ဘာပါ လဲဆိုရင် ညင်းပန်းနှိပ်စက်တာမရှိဘူး၊ ပိုက်ဆံပေးရတာ လည်း မရှိဘူးဆိုတဲ့အကြောင်း ခံဝန်ကတိထိုးခိုင်းတာပါ ”ဟု သူက ဆိုသည်။
ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း လွတ်လပ်စွာနေထိုင်ခွင့်ပြုထားပြီး ညင်းပန်းနှိပ်စက်မှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိ ဟု ၎င်းကပြောသည်။ အသင်းအနေဖြင့် ပရဟိတလုပ်ငန်းဆောင်တာများကို ယခင်အတိုင်း ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောသည်။
ဓာတ်ပုံ – လမိုင်းမြို့ လူငယ်ပရဟိတအသင်း။
အောက်ပါ သတင်းလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4750
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10429