မင်းကင်း မတောရွာဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရသူ ထပ်တိုးနေ
********
ယမင်းဖူးပွင့်အောင်
ဇွန် ၅၊ ၂၀၂၄။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ နယ်၊ မတောကျေးရွာဖြစ်စဉ်တွင် နောက် ထပ်သေဆုံးသူ လေးဦးထပ်တိုးလာပြီး ဒဏ်ရာရရှိသူ ၃၃ ဦးဝန်းကျင် ထပ်တိုးလာဟု ဒေသခံများထံကသိရသည်။
ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မင်းကင်းမြို့ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာခဲ့ရပြီး သေဆုံးသူ ၂၄ ဦးမှ ၂၈ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၃၃ ဦးမှ ၆၆ ဦး ထက်မနည်း ရှိလာခြင်းဖြစ်သည်။
“မနေ့ညကအထိ လက်နက်ကြီးတွေနဲ့ပစ်နေတုန်းပဲ။ မြို့နဲ့အရမ်းနီးနေတော့ သွားဖို့သိပ်မလွယ်ဘူး” ဟု ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် မတောကျေးရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် နေရပ်စွန့်ခွာတိမ်းရှောင်လျက်ရှိပြီး ဆေးကုသ မှုခံယူရန် အခက်အခဲများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာပွဲကိုအကြောင်းပြကာ တခြားသောအရပ်သားပစ်မှတ်များကို ပါ တိုက်ခိုက်ခဲ့ခြင်းသည် ပြည်သူများကို အကြောက်တရားသွင်းသည့် လုပ်ရပ်ဖြစ်သည်ဟု NUG က ထောက်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အချက်အလက်များအရ စစ်တပ်က အာဏာသိမ်း သုံးနှစ်အတွင်း နိုင်ငံအနှံ့အပြားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြိမ်ရေ ၂၄၀ ထက်မနည်း ကျူးလွန်ခဲ့သည် ဟု ဖော်ပြထားသည်။
ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း မြိုင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများနေထိုင်သည့် ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေးငယ် တစ်ဦးနှင့် အဖွားအို အရွယ်တစ်ဦးသေဆုံးခဲ့ရသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4734
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10376