• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထီးမဲ့ဘော ကျေးရွာအား စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ ထိခိုက်ဒဏ်ရာရ
  • မြန်မာရွှေ့ပြောင်းလုပ်သားများ အောက်တိုဘာ ၁၅ ရက်မှ စတင်၍ ဘတ်စာရင်း တင်နိုင်ပြီ
  • ရန်ကုန်တွင် စက်တင်ဘာ တစ်လတည်းတွင် အရပ်သား ၁၆၀ ကျော် ဖမ်းဆီးခံထားရ
  • တပ်မ ၄၄ လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး KNDO ထံ လက်နက်နှင့်အတူ အလင်းဝင်
  • အသက်အန္တရာယ်ကြားမှ ပညာသင်ပေးနေ‌သော ဆရာများအား KNU ဂုဏ်ပြု
  • မင်းတပ်ကို စစ်ကောင်စီ ယနေ့နံနက် လေကြောင်း နှစ်ကြိမ် တိုက်ခိုက်၊ ပြင်းထန်ဒဏ်ရာရသူများရှိ
  • အရှေ့တီမော၏ မြန်မာစစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေး အပြောင်းအလဲ
  • အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ကရင်နယ်ခြားစောင့်တပ်ရဲ့ အမှောင်ဘက်ခြမ်းမျက်နှာစာ
ဆောင်းပါး

ကရင်နယ်ခြားစောင့်တပ်ရဲ့ အမှောင်ဘက်ခြမ်းမျက်နှာစာ

thanlwinkhetBy thanlwinkhetMay 31, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကရင်နယ်ခြားစောင့်တပ်ရဲ့ အမှောင်ဘက်ခြမ်းမျက်နှာစာ

********

ကောင်းချစ်အောင်

မေ ၃၁၊ ၂၀၂၄။

မြဝတီမြို့‌မြောက်ဘက်က ကရင်အမျိုးသားအစည်းအရုံးရဲ့ အမာခံစခန်းကြီးတစ်ခုဖြစ်ခဲ့တဲ့ ကော်မူးရာ ခေါ် ဝမ်ခသစ်စခန်းကြီးဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်အောက်ကျဆုံးသွားခဲ့ပါတယ်။

KNU ခွဲထွက်ဖြစ်တဲ့ နယ်မြေခံ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် DKBA တပ်ဖွဲ့ဝင်တွေက မြန်မာစစ်တပ်ရဲ့စခန်းသိမ်းထိုးစစ်မှာအကူအညီပေးခဲ့ပြီး KNUအနေနဲ့ နယ်မြေများစွာဆုံးရှုံးခဲ့ရတဲ့ ကာလတွေလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက DKBA တပ်မှူးတစ်ဦးဖြစ်ခဲ့တဲ့စောချစ်သူဟာ ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ်- BGF အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့ပြီးတဲ့နောက် ဝမ်ခသစ်ရွာအနီးမှာ ရွှေကုက္ကိုလ်မြို့သစ်ကို တည်ဆောက် ခဲ့ပါတယ်။

ရွှေကုက္ကိုလ်ဟာ ခုလက်ရှိမှာ BGFရဲ့ ဗဟိုဌာနချုပ်အဖြစ်တည်ရှိနေပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း၊ တရားမဝင်လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကြောင့် တရုတ်၊ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေရဲ့ စောင့်ကြည့်မှုခံနေရပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ စုံစမ်းထုတ်ဖော်ချက်တွေကိုအခြေခံပြီး BGF ရဲ့ ရာဇဝတ်ကွန်ရက် ဘယ်လောက်ကျယ်ပြန့်နေလဲဆိုတာကို ဒီဆောင်းပါးမှာဖော် ပြသွားပါမယ်။

စီးပွားရေးအင်ပါယာချဲ့ထွင်ခြင်း

******

စောချစ်သူခေါ် စံမြင့် ဟာ KNU ၁၀၁ အထူးတပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘာသာရေးအကွဲအပြဲအပြီးမှာ KNU ကခွဲထွက်ကာ DKBA ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

DKBA ဟာ မြန်မာစစ်တပ်နဲ့ ကာလရှည်အပစ်ရပ်သဘောတူညီခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ DKBA တပ်ရင်းတချို့ ဟာ ကရင်နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရပ်တည်ခဲ့ပါတယ်။

ကရင် BGF ဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး လက်အောက်ခံဖြစ်ပြီး စောချစ်သူကတော့ ကရင် BGF ရဲ့ ဥသျှောင်ဖြစ်လာကာ ဗိုလ်မှူးကြီးရာထူးခန့်အပ်ခံလိုက်ရပါတယ်။

KNU အင်အားဆုတ်ယုတ်သွားတဲ့ကာလလည်းဖြစ်သလို မြန်မာစစ်တပ်နဲ့သင့်မြတ်တဲ့ BGF ဟာ ထိုင်း – မြန်မာနယ်စပ်မျဉ်းတလျှောက် ကရင်ပြည်နယ်အရှေ့ခြမ်းနေရာတွေကို နယ်မြေစိုးမိုးခွင့်ရရှိလာခဲ့ပါတယ်။

BGF စိုးမိုးထားတဲ့နယ်မြေတွေမှာ တရားမဝင်ကာစီနိုရုံတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆိုက်ဘာလိမ်လည်မှုစင်တာတွေလည်ပတ်နေပြီး အဲဒီလုပ်ငန်းတွေကနေ နှစ်တိုင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အထိ ဝင်ငွေရနေပါတယ်။

လက်ရှိမှာတော့ ကရင် BGF ဟာ တပ်နယ် ၄ ခု၊ တပ်ရင်း ၁၃ ခုအထိဖွဲ့စည်းထားပြီး ဒေသတွင်းက ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို ပခုံးချင်းယှဉ်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။

စောချစ်သူ ဘယ်လောက်အထိ ချမ်းသာနေသလဲ

*******

စောချစ်သူဟာ BGF တပ်ကုမ္ပဏီ ၅ ခုမှာ ရှယ်ယာတွေပိုင်ဆိုင်ထာပြီး ဒါရိုက်တာအဖြစ်လည်း ပါဝင်နေပါတယ်။ သူကတော့ အကြံပေးအတိုင်ပင်ခံအဖြစ်သာပါရှိနေတာလို့ဆိုထားပေမယ့် သူနဲ့သူ့ရဲ့မိသားစုဟာ ပြည်သူ့စစ်စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ထားတာ တွေ့ရပါတယ်။

ဇနီးဖြစ်သူ နန်းခင်လှသူ၊ သားတွေဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်၊ သမီးဖြစ်သူ နင်းနှင်းနန္ဒာအေး တို့ကလည်း စီးပွားရေးအင်ပါယာတစ်ခုကို အတူတူထိန်းချုပ်ထားပါတယ်။

သားနှစ်ယောက်လုံးက BGF မှာ ဗိုလ်မှုးအဆင့်ရာထူးတွေရရှိထားပြီး BGF ပိုင်ဆိုင်တဲ့ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်း ၉ ခုမှာ ရှယ်ယာရှင်ဒါရိုက်တာတွေအဖြစ်ပါဝင်နေပါတယ်။

သမီးဖြစ်သူကလည်း စင်ကာပူနဲ့ ယူကေနိုင်ငံတက္ကသိုလ်တွေကနေ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘွဲ့ရရှိခဲ့ပြီး BGF ပိုင်စီးပွားရေးလုပ်ငန်း ၄ ခုမှာ ရှယ်ယာရှင် ဒါရိုက်တာအဖြစ်ပါဝင်နေပါတယ်။

ဇနီးဖြစ်သူ နန်းခင်လှသူ ကတော့ စီးပွားရေးလုပ်ငန်းတွေမှာ ရှယ်ယာရှင်ဒါရိုက်တာအဖြစ် တိုက်ရိုက်ပါဝင်နေတာမျိူးမတွေ့ရပါဘူး။

၂၀၂၂ ခုနှစ် မြန်မာကော်ပိုရိတ်မှတ်ပုံတင်မှတ်တမ်းတွေအရ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလီမိတက်မှာ ၆၅ ရာခိုင်နှုန်း၊ ချစ်လင်းမြိုင်သတ္တတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီမှာ ၆၈ ရာခိုင်နှုန်း၊ ဒေါနသံလွင်ကုမ္ပဏီ လီမိတက်မှာ ၆၀ ရာခိုင် နှုန်း၊ ထူးသစ္စာအောင်ကုမ္ပဏီလီမိတက်မှာ ၈၀ ရာခိုင်နှုန်း၊ ထူးမေတ္တာထူး ကုမ္ပဏီလီမိတက်မှာ ၇၀ ရာခိုင်နှုန်းနဲ့ ရွှေပဒေသာမြိုင်ကုမ္ပဏီလီမိတက်မှာ ၅၀ ရာခိုင်နှုန်းအထိ ရှယ်ယာတွေပိုင်ဆိုင်ထားပါတယ်။

အဲဒါကြောင့် စောချစ်သူရဲ့မိသားစုဟာ BGF စီးပွားရေးလုပ်ငန်း ၆ ခုရဲ့ ထက် ဝက်ကျော်ပိုင်ဆိုင်ထားတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ၂၀၁၀ – ၂၀၁၁ ရှယ်ယာရှင်အစီရင်ခံစာမှာ နယ်ခြားစောင့်တပ်ရင်းတစ်ခုစီဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှာ ရှယ်ယာတွေပိုင်ဆိုင်ထားကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ရာဇဝတ်လုပ်ငန်းအစ ရွှေကုက္ကိုလ်မြို့သစ်က

*******

၂၀၁၇ ခုနှစ်မှာ Yatai International Holdings Co,Ltd (ရထိုက်)နဲ့ BGF တို့ မိတ်ဘက်ဆောင်ရွက်မှုနဲ့ ရွှေကုက္ကိုလ်မြို့သစ်ကို တည်ဆောက်ခဲ့ပါတယ်။

ရထိုက်ခေတ်မီစက်မှုမြို့သစ်လို့နာမည်ပေးထားတဲ့စီမံကိန်းဟာ ဧက ၁၃၀,၀၀၀ မြေကွက်ပေါ်မှာ ကန်ဒေါ် လာ ၁၅ ဘီလီယံခန့်ကုန်ကျမှာဖြစ်ပါတယ်။

Blockchain(ဘလော့ချိန်း)နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေး၊ အပန်းဖြေမှုနှင့် ခရီးသွားလုပ်ငန်းတွေအတွက် အထူးဇုန်တွေပါဝင်မယ်လို့လည်း ဖော်ပြထားပါတယ်။

ရထိုက်ဘက်ကတော့ အထူးစီးပွားရေးဇုန်အဖြစ်ရည်ညွှန်းလေ့ရှိပေမယ့် မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တရားဝင်သတ်မှတ်ထားတာမျိုးမရှိပါဘူး။

စီမံကိန်းစာချုပ်မှာ Yatai Philippines ကိုယ်စားပြုတဲ့ တရုတ်လူမျိုး Shi Zhijiang (ရှီကျီကျန်း)နဲ့ BGF အဆင့်မြင့်ခေါင်းဆောင် စောမင်းဦး ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

နာမည်ဝှက်အများအပြားနဲ့လှုပ်ရှားနေတဲ့ ရှီကျီကျန်း ဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံသားရရှိခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာတော့ နိုင်ငံတကာဖမ်းဝရမ်းနဲ့ ထိုင်းမှာအဖမ်းခံခဲ့ရပါတယ်။

မြို့သစ်စီမံကိန်းအတွက် မြန်မာရထိုက်ကုမ္ပဏီကို ပူးတွဲတည်ထောင်လိုက်ပြီး BGF ဘက်က စောမင်းဦးနာမည်နဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း၊ ရှီကျီကျန်းနဲ့ တခြားနိုင်ငံသား ၂ ဦးတို့လည်းပါဝင်ပါတယ်။

မြန်မာရထိုက်ဟာ စုစုပေါင်းရင်းနှီးမြှပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၂၂ ဒဿမ ၅ သန်းရှိပြီး ၂၀၁၈ ခုနှစ်မှာ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ဆီက ခွင့်ပြုချက်ရခဲ့ပါတယ်။

ရာဇဝတ်လုပ်ငန်းတွေလည်ပတ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ မှာ စုံစမ်းစစ်ဆေးရေးတစ်ရပ်လုပ်ဆောင်ခဲ့ပါတယ်။

ကြားကာလမှာလည်း မြန်မာရထိုက်ရဲ့ဘဏ္ဍာရေးရှင်းတမ်းတွေမှာ ဝန်ထမ်းလစာပေးချေမှုပမာဏ အနည်းငယ်သာတွေ့ရပြီး ဝင်ငွေကို စာရင်းဖျောက်ဖော်ပြထားပါတယ်။

အဲလိုအကြောင်းပြချက်တွေကြောင့် ရွှေကုက္ကိုလ်မှာ တရားမဝင်ရာဇဝတ်လုပ်ငန်းတွေလည်ပတ်နေသလား ဆိုတဲ့ သံသယမေးခွန်းတွေလည်း ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

ရွှေကုက္ကိုလ်ကလုပ်ငန်းတွေလည်ပတ်ဖို့အတွက် BGF အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောမင်းဦး ထိန်းချုပ်ထားတဲ့ ရွှေသောင်ရင်းစက်မှုနှင့်ထုတ်လုပ်ရေးကုမ္ပဏီက ထိုင်းဘက်ခြမ်းကနေ လျှပ်စစ်ဓာတ်အားတင်သွင်းဖို့ သဘောတူစာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာဖိအားတွေကြောင့် ၂၀၂၃ ခုနှစ်အရောက်မှာတော့ ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အားရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

BGF ကာကွယ်မှုအောက်က ဒုစရိုက်ခြံဝင်းကြီးများ

*******

မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်အကြားမှာ BGF က နာမည်အလွှဲနဲ့ ရင်းနှီးမြှပ်နှံထားတဲ့ Yulong Bay Park နဲ့ Apollo Park ဆိုက်ဘာငွေလိမ်လုပ်ငန်း ခြံဝင်းကြီးနှစ်ခု ရှိနေပါတယ်။

Apollo Park ကို ပိုင်ဆိုင်တဲ့ ရှယ်ယာရှင်စာရင်းထဲမှာ စောချစ်သူရဲ့သားဖြစ်သူ စောထူးအယ်မူးလည်း ပါဝင်နေတာကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်။

မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာအနားမှာလည်း BGF ကာကွယ်ပေးထားတဲ့ Dongmei Zone ခြံဝင်းကြီးတစ်ခုရှိနေပါတယ်။

အဲဒီစီမံကိန်းရဲ့ အဓိကရင်းနှီးမြှပ်နှံသူတစ်ဦးက တရုတ်ရာဇဝတ်ဂိုဏ်း 14 K ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့က အလိုရှိနေသူ ဖြစ်ပါတယ်။

New York Times သတင်းဌာနကတော့ Dongmei Zone မှာ မူးယစ်ဆေးဝါး လွတ်လပ်စွာဝယ်ယူနိုင်ပြီး ပြည့်တန်ဆာအိမ်အဖြစ်အသုံးပြုနေတဲ့ အဆောက် အအုံတွေလည်းရှိတယ်လို့ လွတ်မြောက်လာသူတွေရဲ့ ပြောစကားကိုကိုးကားကာ ၂၀၂၃ ခုနှစ်အတွင်း သတင်းဖော်ပြထားဖူးပါတယ်။

ဧပြီလအတွင်းက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ အမှတ် ၂ ထိုင်း – မြန်မာချစ်ကြည် ရေးတံတားအနီးမှာလည်း Jinxin လို့အမည်ပေးထားတဲ့ BGF ထိန်းချုပ်ထားတဲ့ ငွေလိမ်စင်တာခြံဝင်းကြီးတစ်ခု ရှိနေပါတယ်။

လူအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ နာမည်ကြီးနေတဲ့ KK Park ကိုလည်း BGF က အကာအကွယ်ပေးထားတယ်လို့ USIPက ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အယောင်ပြ ခရီးသွားလုပ်ငန်းများ

*******

ဘားအံမြို့အနီးက ချစ်သူမြိုင်အပန်းဖြေစခန်းဟာ စောချစ်သူရဲ့ ပိုင်ဆိုင်မှုထဲကတစ်ခုဖြစ်ပါတယ်။ Air Bagan လေကြောင်းလိုင်းက အသုံးမပြုတော့တဲ့ လေ ယာဉ်တစ်စင်းနဲ့အလှဆင်ထားပြီး ဟော့ပေါ့ဆိုင်တွေနဲ့ ကော်ဖီဆိုင်‌တွေကိုလည်း သူ့မိသားစုက ပိုင်ဆိုင်ထားပါတယ်။

ဇွဲကပင်တောင် ကေဘယ်ကားစီမံကိန်းကလည်း ချစ်လင်းမြိုင်တိုယိုတာကုမ္ပ ဏီရဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ဇွဲကပင်‌ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်လည်းဖြစ် မဘသ ဦးဆောင်ဆရာတော်တစ်ပါးလည်းဖြစ်တဲ့ ဦးကဝိဓဇအတွက် ဝင်ငွေတိုးပွားစေမယ့်လမ်းတစ်ခုဖြစ်ပါတယ်။

ရွှေမြစ်သောင်ရင်းကုမ္ပဏီဟာလည်း ကရင်ပြည်နယ်အတွင်း စားသောက်ဆိုင်၊ ကုန်စုံဆိုင်နဲ့ ခရီးသွားလုပ်ငန်းအများအပြားကို လုပ်ကိုင်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မိတ်ဘက်တစ်စိတ်အပိုင်းအဖြစ်ရပ်တည်နေတဲ့ ကရင် BGF ဟာ ဒေသတွင်း အတွက်သာမကတော့ဘဲ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အသွင်ဆောင်လာနေပါတော့တယ်။

****

Telegram – > https://t.me/ThanLwinKhetNews/4702

YouTube -> https://youtu.be/b23CL15_vH0

Website -> https://thanlwinkhet.net/?p=10263

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထပ်မံစစ်ရှောင်နေရသည့် လေးကေ့ကော်စစ်ရှောင်များ အခြေခံစားနပ်ရိက္ခာလိုအပ်
Next Article ဘူးသီးတောင် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် ၉၈ ဦးကို AA ကယ်ထုတ်
thanlwinkhet
  • Website

Related Posts

ရန်ကုန်တွင် စက်တင်ဘာ တစ်လတည်းတွင် အရပ်သား ၁၆၀ ကျော် ဖမ်းဆီးခံထားရ

October 6, 2025

မင်းတပ်ကို စစ်ကောင်စီ ယနေ့နံနက် လေကြောင်း နှစ်ကြိမ် တိုက်ခိုက်၊ ပြင်းထန်ဒဏ်ရာရသူများရှိ

October 4, 2025

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

Leave A Reply Cancel Reply

Recent Posts

  • ထီးမဲ့ဘော ကျေးရွာအား စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ ထိခိုက်ဒဏ်ရာရ
  • မြန်မာရွှေ့ပြောင်းလုပ်သားများ အောက်တိုဘာ ၁၅ ရက်မှ စတင်၍ ဘတ်စာရင်း တင်နိုင်ပြီ
  • ရန်ကုန်တွင် စက်တင်ဘာ တစ်လတည်းတွင် အရပ်သား ၁၆၀ ကျော် ဖမ်းဆီးခံထားရ
  • တပ်မ ၄၄ လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး KNDO ထံ လက်နက်နှင့်အတူ အလင်းဝင်
  • အသက်အန္တရာယ်ကြားမှ ပညာသင်ပေးနေ‌သော ဆရာများအား KNU ဂုဏ်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထီးမဲ့ဘော ကျေးရွာအား စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ ထိခိုက်ဒဏ်ရာရ

မြန်မာရွှေ့ပြောင်းလုပ်သားများ အောက်တိုဘာ ၁၅ ရက်မှ စတင်၍ ဘတ်စာရင်း တင်နိုင်ပြီ

ရန်ကုန်တွင် စက်တင်ဘာ တစ်လတည်းတွင် အရပ်သား ၁၆၀ ကျော် ဖမ်းဆီးခံထားရ

တပ်မ ၄၄ လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး KNDO ထံ လက်နက်နှင့်အတူ အလင်းဝင်

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထီးမဲ့ဘော ကျေးရွာအား စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ ထိခိုက်ဒဏ်ရာရ

October 6, 2025

မြန်မာရွှေ့ပြောင်းလုပ်သားများ အောက်တိုဘာ ၁၅ ရက်မှ စတင်၍ ဘတ်စာရင်း တင်နိုင်ပြီ

October 6, 2025

ရန်ကုန်တွင် စက်တင်ဘာ တစ်လတည်းတွင် အရပ်သား ၁၆၀ ကျော် ဖမ်းဆီးခံထားရ

October 6, 2025

တပ်မ ၄၄ လက်အောက်ခံ ပြည်သူ့စစ်တစ်ဦး KNDO ထံ လက်နက်နှင့်အတူ အလင်းဝင်

October 5, 2025

အသက်အန္တရာယ်ကြားမှ ပညာသင်ပေးနေ‌သော ဆရာများအား KNU ဂုဏ်ပြု

October 5, 2025

မင်းတပ်ကို စစ်ကောင်စီ ယနေ့နံနက် လေကြောင်း နှစ်ကြိမ် တိုက်ခိုက်၊ ပြင်းထန်ဒဏ်ရာရသူများရှိ

October 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.