• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့
  • ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး
  • သံတွဲ နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲ၍ စစ်ဘေးရှောင်များ ထိခိုက်‌သေဆုံး
  • လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ
  • အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာ၍ ပူးပေါင်းတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ထိုင်း – မြန်မာနယ်စပ် ဖိုးချီးမူးစခန်းသိမ်းပိုက်ပြီးနောက် နယ်စပ်တလျှောက်ထိန်းသိမ်းထားနိုင်
တိုက်ပွဲသတင်း

ထိုင်း – မြန်မာနယ်စပ် ဖိုးချီးမူးစခန်းသိမ်းပိုက်ပြီးနောက် နယ်စပ်တလျှောက်ထိန်းသိမ်းထားနိုင်

thanlwinkhetBy thanlwinkhetMay 27, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ထိုင်း – မြန်မာနယ်စပ် ဖိုးချီးမူးစခန်းသိမ်းပိုက်ပြီးနောက် နယ်စပ်တလျှောက်ထိန်းသိမ်းထားနိုင်
*******

သဇင်
မေလ ၂၇၊ ၂၀၂၄။

ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်၏ ဖိုးချီးမူးစခန်းအားသိမ်းပိုက်ရရှိပြီးနောက် နယ်စပ်တလျှောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် – KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းထားနိုင်ပြီဖြစ်သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူး အောင်စံရှား က ဆိုသည်။

ဖိုးချီးမူးစခန်းသည် ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံဒေသနှင့် ထိုင်းနယ်စပ် တလျှောက်တွင် နောက်ဆုံးကျန်ရှိနေသည့်စခန်းဖြစ်ပြီး မေလ ၁၉ ရက်တွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့ များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းအဖွဲ့များထံက သိရသည်။

ဖိုးချီးမူးစခန်းသိမ်းပိုက်နိုင်ရေးအတွက် ပြီးခဲ့သည့် မတ်လ ၁၄ ရက်က ကျိုက်ဒုံဗျူဟာ ကုန်းသိမ်းပိုက်ပြီး နောက်တွင် ဖိုးချီးမူးစခန်းအားထိုးစစ်ဆင်ရန် ပြင်ဆင်မှုများလုပ်ဆောင်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူး အောင်စံရှား ကဆိုသည်။

“အဓိကကတော့ ကျိုက်ဒုံဗျူဟာသိမ်းပြီးနောက်ပိုင်းမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖိုးချီး မူးစခန်းရဲ့ စစ်ကူလာနိုင်တဲ့လမ်းကြောင်းနဲ့ ရိက္ခာပို့တဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီးသားဖြစ်တယ်။ အဲဒီနောက်မှာ ကျွန်တော်တို့က ပြီးခဲ့တဲ့(မေလ) ၁၇နဲ့၁၈မှာ ဒရုန်းစစ်ဆင်ရေးနဲ့ မြေပြင်ထိုးစစ်ကိုစတာ။ အဲဒါကြောင့် ၁၈ ရက်ညမှာပဲ သူတို့စွန်ခွာသွားတာပါ”ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း တပ်ကြပ်ကြီးနှင့် ဒုတပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား ၄၈ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် ၅၀ ကျော်သိမ်းဆည်းနိုင်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့ပြီး ၂၆ ဦး ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်ဟု သိရ သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က MI 35 ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာလမ်း၌ ဒေသ ခံကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦးအားပစ်သတ်ခဲ့သေးသည်ဟု ဒေသခံများထံက သိရသည်။

ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ်ရှိ ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတို့အား KNLA ၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီး ယခုတွင် စစ်ကောင်စီတပ်သည် ၎င်းတို့၏ နောက်ဆုံးကျန်ရှိနေသည့် ဖိုးချီးမူးစခန်းအား လက်လွှတ်လိုက်ရခြင်းဖြစ်သည်ဟု SOF တပ်ဖွဲ့မှူး အောင်စံ ရှား ကဆိုသည်။

“ဒီစခန်းက သူတို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တော့ အရေးပါတဲ့စခန်းဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရေသလျှောက်စခန်းနဲ့ ကွီလုံတိုင်စခန်းကနေပြီးတော့ စခန်းစွန့်ခွာတဲ့ ထွက်ပြေးသွားတဲ့ စစ် ကောင်စီတပ်သား တချို့ကဖိုးချီးမူးစခန်းမှာ သွားစုနေကြတယ်။ ဒါကြောင့်မို့ ဖိုးချီးမူးစခန်းမှာ အင်အား ၁၀၀ လောက်ရှိတယ်။ နောက်ဆုံးကျန်ရှိနေတဲ့စခန်းဖြစ်တဲ့အတွက် ဒီစခန်းကိုလက်လွှတ်လိုက်ရခြင်းသည် စစ်ကောင်စီအတွက် နယ်စပ်တစ်လျှောက်လုံး လက်လွှတ်လိုက်ရတယ်လို့ ပြောလို့ရပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် KNLA၊ SOF နှင့် ဒရုန်းပူးပေါင်းအဖွဲ့များသည် နယ်မြေစိုးမိုးရေးလုပ်ငန်းများလုပ်ဆောင်နေပြီး ဖမ်းမိရရှိထားသည့်သုံ့ပန်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ KNU တပ်မဟာ ၆ က ထိန်းသိမ်းထားသည်ဟု သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ ထိုင်း-မြန်မာနယ်စပ်ရှိ ကွီလုံတိုင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရေသလျှောက်စခန်း နှင့် မဲသရောထစခန်းကို ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်တွင် အပြီးတိုင် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်။

ထို့ပြင် ကျိုက်ဒုံမြို့အခြေစိုက် စစ်ဗျူဟာကုန်းကိုလည်း ပြီးခဲ့သည့် မတ်လ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့သည်။

ဓာတ်ပုံ-အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF
ပုံစာ- ဖိုးချီးမူးစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိခဲ့သည့် စစ်သုံ့ပန်းများနှင့် သိမ်းပိုက်ရရှိသည့်
လက်နက်ခဲယမ်းများ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်များ တိုက်ပွဲထပ်မံဖြစ်ပွား
Next Article ပျူစောထီးများဖမ်းဆီးထားသော ပုလဲဒေသခံအချို့ သေဆုံး
thanlwinkhet
  • Website

Related Posts

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

June 9, 2025

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

June 9, 2025

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

June 9, 2025

Leave A Reply Cancel Reply

Recent Posts

  • ၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့
  • ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

၂၀၂၅ ခုနှစ်အတွင်း တ‌အာင်းပြည် တော်လှန်ရေးကာလ ပြည့်သူအစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်

June 9, 2025

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

June 9, 2025

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

June 9, 2025

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့

June 9, 2025

ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး

June 9, 2025

သံတွဲ နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲ၍ စစ်ဘေးရှောင်များ ထိခိုက်‌သေဆုံး

June 8, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.