တိုက်ပွဲဖြစ်ပွားနေသော တရုတ် – မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်စစ်ရေးလေ့ကျင့်
*******
သံလွင်ခက်
ဧပြီ ၂၊ ၂၀၂၄။
နိုင်ငံတော်အာဏာသိမ်းယူထားသော မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ တရုတ် – မြန်မာ နယ်စပ်အနီးတိုက်ပွဲများဖြစ်ပွားနေချိန်မှာပဲ တရုတ်စစ်တပ်ကလည်း အဆိုပါနယ်စပ်တွင် စစ်ရေးလေ့ကျင့်နေသည်ဟု South China Morning Post က ယနေ့ဧပြီလ ၂ ရက်တွင်ဖော်ပြသည်။
ပြီးခဲ့သော ဇန်နဝါရီလကလည်း မြန်မာဘက်ကပစ်ခတ်လိုက်သည့်လက်နက် ကြီးကျည်သည် တရုတ် – မြန်မာ နယ်စပ်အနီးက ယူနန်ပြည်နယ်၊ လင်ချန်းစီရင်စုအတွင်းရှိ နန်ဆန်မြို့ကိုကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။
ထို့ကြောင့်လည်း နယ်စပ်တည်ငြိမ်ရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက မကြာခဏထုတ်ဖော်ပြောဆိုလာခဲ့သည်။
ပြီးခဲ့သောလပိုင်းကစ၍ တရုတ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်ပြည် နယ်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏အရေးပါသောတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ တရုတ် – မြန်မာနယ်စပ်အနီးတိုက်ပွဲများပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံဘက်ကလည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
ယနေ့စတင်မည့် တရုတ်စစ်တပ်၏စစ်ရေးလေ့ကျင့်မှုများကို တရုတ် – မြန်မာနယ်စပ် ယူနန်ပြည်နယ်ရှိ Dehong Dai နှင့် Jingpo စီရင်စုများတွင် ဧပြီ ၂ ရက်ကနေ ဧပြီ ၃ ရက်အထိ ၂ ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
တရုတ်စစ်တပ်စစ်ရေးလေ့ကျင့်နေချိန်အတွင်း နယ်စပ်ဒေသများဖြစ်ကြသည့် ယင်းကျန်း နှင့် လောင့်ချွမ်းနယ်မြေ အတွင်းရှိ သတ်မှတ်နယ်မြေ ၅ နေရာကို လူအများသွားလာရန်ခွင့်မပြုထားသလို ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဒရုန်းပျံသန်းခြင်းများကိုလည်း တားမြစ်ထားသည်ဟုသိရသည်။
Ref : South China Morning Post
************
Telegram– > https://t.me/newstlk/4137
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8891