• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဘိုးဘွားရိပ်သာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်
တိုက်ပွဲသတင်း

ဘိုးဘွားရိပ်သာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

thanlwinkhetBy thanlwinkhetMarch 8, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘိုးဘွားရိပ်သာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

*****************************

နန်းဆုပန်ခန့်

မတ် ၈၊ ၂၀၂၃။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်နှင့် ကုန်သွယ်ရေးဇုန်ကြား ရွာသစ်ရွာတွင် တည်ရှိသည့် ဘိုးဘွားရိပ်သာအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ရိပ်သာရှိ အဘိုး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၈ ရက် နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်သည် ဘိုးဘွားရိပ်သာအား လေကြောင်းဖြင့် ဗုံးသီး ၂ လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက “ ကြဲနေတာတော့ မနေ့ညကတည်းက ဆက်တိုက်ကြဲနေတာ။ ဒီမနက်လည်းဆက်တိုက်ကြဲတယ်။ ဒီ သဘာဝတရားရိပ်သာကို အခုကျတာ ၂ လုံးရှိတယ်။ အဘိုးအဘွားတွေအဆောင်ပေါ် တည့်တည့်ကို ၁ လုံး၊ အဘိုးအဘွားတွေ စားဖို့သောက်ဖို့ချက်ပြုတ်နေတဲ့ စားဖိုဆောင်ပေါ်တည့်တည့် ၁ လုံး ” ဟု ၎င်းက ဆိုသည်။

ရွာသစ်ရွာရှိ သဘာဝတရားဘိုးဘွားရိပ်သာတွင် သက်ကြီးရွယ်အိုများအပြင် နေစရာမရှိသူများလည်းသွားရောက် နေထိုင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ ၂၀၀ ကျော်ရှိသည့်အနက် သက်ကြီးရွယ်အိုလူဦးရေ ၁၀၀ ခန့်ရှိသည်ဟု ယင်းရိပ်သာထဲ၌ နေထိုင်သူများထံက သိရသည်။

ယမန်နေ့ မတ်လ ၇ ရက် ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်က ရွာသစ်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဘိုးဘွားရိပ်သာရှေ့က နေအိမ် ၁ လုံးပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူ ၁ ဦးက ဆိုသည်။

၎င်းက “ မနေ့ကဖြစ်တာ။ ဘိုးဘွားရိပ်သာနဲ့ လမ်းတစ်ဖက်ဆီက အိမ်တည့်တည့်ကျတာ။ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ် ” ဟုဆိုသည်။

ယမန်နေ့ နံနက် ၁၀ နာရီကျော်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သင်္ဃန်းညီနောင်ရွာရှိ ခမရ – ၃၅၅ ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ခမရ – ၃၅၅ ဗျူဟာအတွင်းရှိ ဗဟိုကင်းနှင့် အရာရှိရိပ်သာအထိ ထိုးဖောက်ဝင်ရောက်ထားနိုင်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များ၌ ဖော်ပြထားကြသည်။

ယခုလက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင် ခလရ – ၂၇၅ တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးနေသည်ဟု သိရသည်။

ပုံစာ – လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဘိုး အဘွားများ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3667

YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8

Website – > https://thanlwinkhet.net/?p=8188

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကနီမြို့ လက်မလွှတ်ရရေး စစ်ကောင်စီ အင်အားဖြည့်တင်း
Next Article စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်နေသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း သံရုံးအသီးသီးထုတ်ပြန်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.