စစ်ကောင်စီရေတပ်တက်လာပြီးနောက် ပေါက်တောဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်
**********************
မိခိုင်
နိုဝင်ဘာ ၁၆၊ ၂၀၂၃။
ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် – AA ကသိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ယမန်နေ့ နံနက် ၉ နာရီကျော်ဝန်းကျင်တွင် လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပေါက်တောဒေသခံများ ဘေးလွတ်ရာသို့ တိမ်း ရှောင်နေကြရကြောင်း သိရသည်။
ပေါက်တောမြစ်အတွင်း စစ်ကောင်စီ Navy ၃ စီး တက်လာပြီးနောက်ပိုင်း ဒေသခံများအနေဖြင့် ယခုကဲ့သို့ ထွက် ပြေးနေကြရခြင်းဖြစ်ကြောင်း ပေါက်တောဒေသခံ ၁ ဦးက ဆိုသည်။
” မြို့မှာက ၁ အိမ် ၁ ယောက်လောက်ပဲ ကျန်ခဲ့တယ်။ အကုန်လုံးက ထွက်ပြေးကြတယ် ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီ Navy က မြစ်လယ်၌နေရာယူပြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း ထွက်ပြေးလာ သည့် ဒေသခံ ၁ ဦးက ဆိုသည်။
“ကျွန်မတို့စက်လှေနဲ့လာတဲ့အချိန် သူတို့ ကျဘမ်း ပစ်နေတာတွေ့တယ်။ သူတို့က မြစ်ကနေ ပစ်နေတာပဲ။ ဘယ် ဘက်ပစ်နေလဲ သေချာမတွေ့ဘူး” ဟု ဆို သည်။
ပေါက်တောဒေသခံများအနေဖြင့် လက်ရှိတွင် နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများရှိရာသို့ ကုန်းလမ်း၊ ရေလမ်း များကတဆင့် ထွက်ပြေးနေကြကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်၊ ည ၁၁ နာရီကျော်တွင် ပေါက်တောမြို့မရဲစခန်းက ရဲသား ၂၀ ခန့် ရက္ခိုင့်တပ်တော် – AA ထံ လက်နက်ချအညံ့ခံခဲ့ကြသည်။
ရက္ခိုင့်တပ်တော် – AA ကလည်း ၎င်းတို့ထံဆက်သွယ်ပြီး လက်နက်ချအလင်းဝင်ရောက်ကြမည့်သူများကို ဆက် လက်ကြိုဆိုလက်ခံသွားမည်ဖြစ်ပြီး လက်နက်ချအညံ့မခံသူများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု နိုဝင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
ပုံစာ – ဘေးလွတ်ရာတိမ်းရှောင်နေကြသော ပေါက်တောဒေသခံများ။
***
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2476
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6287