ရှမ်းမြောက်တွင် စစ်ကောင်စီထောက်ပို့တပ်များနှင့် တပ်စခန်းများကို ထပ်မံ တိုက်ခိုက်ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
*******************************
သံလွင်ခက်
နိုဝင်ဘာ ၇ ၊ ၂၀၂၃ ။
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး၏ နိုဝင်ဘာလ (၅) ရက်နှင့် (၆) ရက်
တိုက်ပွဲနောက်ဆက်ဆွဲသတင်းများကို ယနေ့
နိုဝင်ဘာလ (၇) ရက်၊ နံနက် (၁၁:၃၅)နာရီ အချိန်တွင် ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ရာ တပ်စခန်းစချို့ ထပ်မံသိမ်းရရှိရှိမှု နှင့် စစ်ကောင်စီထောက်ပို့တပ်များကို ကြားဖြတ်တိုက်ခိုက်မှုများကို ဖော်ပြထားသည် ။
နိုဝင်ဘာလ (၅) ရက်နေ့၊ ညနေ (၃:၀၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် မူပန် (သိန္နီ) ဒေသ၊ ဟိုပင်ကျေးရွာအုပ်စု (၁၄ – ၁၅) မိုင်ကြားတွင် စစ်ကောင်စီဘက်မှ အရပ်သားစီးယာဉ်အဖြစ် ဟန်ဆောင်ထားသော စစ်ထောက်ပို့ယာဥ် တန်း (၅) စီးအား ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ယာဉ် (၅) စီးအနက် (၁) စီးအား ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ထောက်ပို့ယာဥ်များတွင် တင်ဆောင်လာသော လက်နက်ခဲယမ်းတစ်ချို့အား သိမ်းဆည်းရရှိခဲ့သည်။
ထိုနေ့တွင် ကိုးကန့်တပ်မတော် (MNDAA) သည် မူပန် (သိန္နီ) ဒေသရှိ ရန်သူစစ်ကောင်စီ၏ (၁၆) စခန်းနှင့် မီတာ (၂၀၀) ခန့်အကွာအဝေး၌ရှိသော ၎င်းတို့၏နောက်ထပ်စခန်းငယ်တစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ကိုးကန့်တပ်မတော် (MNDAA) သည်နိုဝင်ဘာလ (၆) ရက်၊ နံနက် (၉:၄၃) အချိန်ခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ ရှင်ရွှေထန်ရှိ စစ်ကောင်စီ၏ တပ်စခန်းအား စတင်ထိုးစစ်ဆင်ခဲ့ပြီး (၁၀) မိနစ်ခန့်အကြာတွင် ရန်သူ့တပ်စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။
ထို့ပြင် ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသ၊ ရှင်ဟွာကျေးရွာအုပ်စု၊ တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်းနှင့် ကျင်ဖန်ဟော်နေရာရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်ခဲ့ပြီး နံနက် (၈:၀၀) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။
နိုဝင်ဘာလ (၆) ရက်နေ့၊ ည (၆:၄၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့များ သည် လားရှိုးခရိုင်၊ သိန္နီခရိုင်၊ နန်ဖိုင်းဒေသရှိ စစ်ကောင်စီလက်အောက်ခံတပ်ရင်း (၂၉၁) စခန်းအား ဒရုန်းစစ်ဆင်ရေးဖြင့် (၁) နာရီကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာလ (၆) ရက်နေ့၊ ည (၆:၄၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့များသည် လားရှိုးခရိုင်၊ သိန္နီခရိုင်၊ နန်ဖိုင်းဒေသရှိ ရန်သူစစ်ကောင်စီလက်အောက်ခံတပ်ရင်း (၂၉၁) စခန်းအား ဒရုန်းစစ်ဆင်ရေးဖြင့် (၁) နာရီကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အလားတူ နိုဝင်ဘာလ (၆) ရက်နေ့၊ နေ့လယ် (၂:၂၀) အချိန်ခန့်တွင်လည်း တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့လယ်ဘုရားပရဝုဏ်အတွင်း စခန်းချပုန်းအောင်းနေသော စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ “ပူးပေါင်းတပ်စခန်း”အား တအာင်း တပ်မတော် (TNLA) မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၇) ရက်၊ နံနက် (၅:၄၅) အချိန်ခန့်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်။
အဆိုပါတပ်စခန်းမှ လက်နက်မျိုးစုံ (၂၈) လက်၊ ပစ္စတို (၁) လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ သိမ်းဆည်းရရှိခဲ့သည်။
ဖော်ပြပါတိုက်ပွဲသတင်းများမှာ အချိန်နောက်ကျပြီးမှ ရောက်ရှိလာသောသတင်းများဖြစ်သော်လည်း စစ်ဆင်ရေးတွင် အသက်၊ သွေး၊ ချွေးများဖြင့် စတေးပေးဆပ်လျက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေကြသော တပ်ဖွဲ့ဝင်များအား ဂုဏ်ယူသောအားဖြင့် နောက်ဆက်တွဲသတင်းများအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ က ဆိုသည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2334
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6113