သံလွင်ခက်
ဩဂုတ် ၁၉၊ ၂၀၂၃
ကရင်ရိုးရာလက်ချည်ပွဲကို ယနေ့ ( ဩဂုတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဆာသူးလေ ရွှေ့ပြောင်းအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ရိုးရာလက်ချည်ပွဲကျင်းပရခြင်းမှာ ကွဲကွာနေသော ကရင်လူမျိုး၊ ဆွေမျိုးသားချင်းများ ပြန်လည်ဆုံတွေ့နိုင် ရန် ၊ ကရင်လူမျိုးများ၏ စာပေ ၊ အနုပညာ ၊ စကား ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ကွယ်စေရန် ရည်ရွယ်ကျင်းပကြခြင်းဖြစ်သည်ဟုဆိုသည်။
လက်ချည်ပွဲတွင် ချည်ဖြူ ၊ ရေ ၊ ထမင်းထုပ် ၊ ကြံ ၊ ငှက်ပျောသီး ၊ ပန်းနှင့် ကောက်ညှင်းထုပ် စသည့် ပစ္စည်း ၇ မျိုး ပါဝင်သည်။
ကရင်ခေါင်းဆောင်များနှင့် ကရင်လူမျိုးများက ညီညွတ်ရေးနှင့် အမျိုးသားရေးကိုအခြေခံပြီး ကရင်လူမျိုးများ နေထိုင်သည့် ဒေသအနှံ့အပြားတွင် ဝါခေါင်လရောက်တိုင်း လက်ချည်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိသည်။