ယမင်းဖူးပွင့်အောင်
မေ ၂၄၊ ၂၀၂၃။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံ ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံက သိရသည်။
တနင်္သာရီမြို့နယ်၊ တုံးဗျောကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပနပ်ငယ်ကျေးရွာနှင့်ဘန်းလမွတ်ကျေးရွာသို့ ယမန်နေ့က စစ်ကြောင်းထိုး ဝင်ရောက်၍ ဒေသခံ ဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
တနင်္သာရီမြို့အနီးရှိ အမှတ် ၅၅၇ ခြေမြန် တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံပြည်သူများကို စစ်ဆေးလျက်ရှိသည်ဟု တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“စစ်တပ်က ဖမ်းချင်ဖမ်းမယ်။ လွတ်ချင်လွတ်မယ်။ လုပ်ချင်တာလုပ်မယ်။ သူတို့လုပ်နေကြလုပ်ရပ်ပဲ။ ဒီရွာသားတွေက ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိပါဘူး”ဟုပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဘန်းလမွတ်ကျေးရွာနေ ပြည်သူများ ရွာလုံးကျွတ် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ၎င်းကဆက်ပြောသည်။
လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် စကျင်ကျေးရွာရှိ ဒေသခံ ၁၀ ဦးကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံကသိရသည်။
ပုံစာ− (ဖယ်ခုံမြို့နယ်တွင် လူသားဒိုင်းအဖြစ် အဖမ်းခံရသော ဒေသခံများမြင်ကွင်း/ပုံဟောင်း)
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1163
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4545
Website ->https://eng.thanlwinkhet.net