သံလွင်ခက်။
မေ ၂၄ ၊ ၂၀၂၃။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာရှိ နေအိမ်များ မီးရှို့ခံရသည့်ဖြစ်စဉ်အတွင်း လေဖြတ် ရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ကျောက်ကန်ကျေးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန်ကျည်းစုကျေးရွာရှိနေအိမ်များကိုယနေ့ မေလ ၂၄ ရက် နံနက် ၂ နာရီဝန်းကျင်တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ မနေ့နေ့ခင်းမှာ ပျူရွာ ကျောက်ကန်မှာ ကားနှစ်စီးနဲ့ လူစုပြီးတော့ မနက် ၂ နာရီဝန်းကျင်မှာ မကျည်းစုရွာကို ဝင်ပြီးမီးရှို့သွားတာ ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် လေဖြတ်ရောဂါခံစားနေရသည့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည် ဒေသခံများထံက သိရသည်။
ထို့ပြင် အိမ်ခြေ၂၅၀ခန့်ရှိသည့် မန်းကျည်းစုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့မှုကြောင့် အနည်းဆုံးအိမ်ခြေ ၅၇လုံး မီးလောင်ပျက်စီးခဲ့သည်ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ မန္တလေးတိုင်းအတွင်းမှ နေအိမ် ၃၈၆ လုံးမီးရှို့ဖျက်ဆီးခံထားရသည်ဟု Data For Myanmar ကထုတ်ပြန်ထားသည်။
ပုံစာ – မီးရှို့ခံရပြီးနောက် မြင်တွေ့ရသည့် မန်းကျည်းစုကျေးရွာ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1176
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4548
Website ->https://eng.thanlwinkhet.net