![]()
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့မှာ ဒီဇင်ဘာ ၂၇ရက် ညပိုင်းမှာ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ပေါက်ကွဲမှာဟာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ရသလို ဆောက်လက်စ အဆောက်အဦထဲမှာ ရှိတဲ့ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။
ဒီပေါက်ကွဲမှုဟာ ဒရုန်းနဲ့ ဗုံးကြဲတာ၊ ကားနဲ့ မိုင်းလာပစ်တာလို့ ပြောဆိုနေကြပေမယ့်လည်း တိကျတဲ့အချက်အလက်ကို မရရှိသေးပါဘူး။
စစ်အုပ်စုကတော့ မြဝတီမြို့မှာ ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။
ဒေသခံပြည်သူလူထုကတော့ အချို့က မဲထည့်လိုက်ကြပေမယ့် ဖိအားကြောင့်သာ မဲပေးလိုက်ရတာလို့ ပြောဆိုပါတယ်။
အဲဒီ ဖိအားဆိုတဲ့အထဲမှာ မဲမပေးသူတွေကို ခရီးသွားလာခွင့်တွေ၊ မဲဆောက်ကို နယ်စပ်ဖြတ်ကျော်သွားလာခွင့်တွေပိတ်ပင်မယ်လို့ စစ်အုပ်စုနောက်လိုက်တွေက ပြောဆိုခဲ့ကြပါတယ်။
#ရွေးကောက်ပွဲ #မြဝတီမြို့ပေါက်ကွဲမှု #ThanLwinKhetNews