ငလျင်ဒဏ် ကင်းဝေးရန် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မဲဆောက်ဆေးရုံကြီးက လူနာများကို တာဝန်ရှိသူများက နေရာပြောင်းရွေ့မှုများ လုပ်ဆောင်ပေးခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အားပြင်း ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ဘန်ကောက်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်အပါအဝင် ဒေသအများစုတွင် ယနေ့ ထိုင်းစံတော်ချိန် နေ့လည် ၁ နာရီခွဲခန့်၌ အင်အား ၄.၉ စကေးရှိ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့သို့ ငလျင်လှုပ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်၊ ရဲ နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက မဲဆောက်ဆေးရုံကြီးက လူနာများကို လုံခြုံဘေးကင်းသည့် အထပ်နိမ့်များသို့ ပြောင်းရွေ့မှုများ လုပ်ဆောင်ပေးခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် အထပ်နိမ့်များသို့ ပြောင်းရွေ့ထားသည်လူနာများကို ကုသဆောင်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။
ပုံစာ – အထပ်နိမ့်များသို့ ပြောင်းရွေ့ထားသည်လူနာများကို ကုသဆောင်များသို့ ပြန်လည်ပို့ဆောင်ပေးနေသည့် မြင်ကွင်း။
ဓာတ်ပုံ – Nitar / AK ( သံလွင်ခက် )









