ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အား ဧပြီလ ၁၉ ရက်နေ့ နံနက် ၂နာရီ ခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ တစ်ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင့် သိရသည်။
ထိုသို့ ဂျက်ဖိုက်တာဖြင့် ကျောက်တော်မြို့ရှိ ရှမ်းရွာ၊ ပြည်တော်သာ၊ မြို့သစ် စသည့် ရပ်ကွက် ၃ခုအား ဗုံး ဖြင့် ၄ ကြိမ် ပစ်ချခဲ့ ကျောက်တော် ဒေသခံ တစ်ဦးကပြောသည်။
” လူတွေ အိပ်နေတဲ့ အချိန်မှာ ဂျက်ဖိုက်တာနဲ့ လူနေရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာပါ။ ၁ဦးသေဆုံးပြီးတော့ ၂၂ ဦး ဒဏ်ရာရရသွားပါတယ်။ ” ဟု အသက် ၂၅ အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
ထို့အပြင် အသက် လေးနှစ်မှ ကိုးနှစ် အရွယ်ကလေးငယ် ၃ ဦးအပါအပါအဝင် အမျိူးသမီး ကိုး ဦး အမျိုးသား ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူများအား နီးစပ်ရာ ဆေးခန်းများ၌ ဆေးကုသမူ ခံယူနေကြရကြောင်း သိရသည်။
စစ်ကောင်စီ ကျောက်တော်မြို့အား ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ စစ်ကောင်စီက ကျောက်တော်မြို့အား မကြာခဏ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်တိမ်နေကြကြောင်း နောက်ထပ် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
” အခုက ကျောက်တော်မှာက ဘာမှလည်း မရှိတာကို ပစ်နေတာ။ လူတွေကို ရည်ရွယ်ချက်ချက် ရှိရှိ လိုက်ပြီး ပစ်ခတ်နေတာပေါ့လေ။ ကျမတို့လေ မနေရဲ့တော့ဘူး။ အခုက တော်တော်များများ စိုးရိမ်လာကြတေ။ ကျမတို့က လည်း အိမ်တွေပစ်ပြီး မသွားချင်ဘူးလေ တစ်နေရာက တစ်နေရာကို။ အခုက ကုန်စျေးနူန်းကလည်း ကြီးတော့ မလွယ်ဘူး။ ဒါပေမဲ့ ကျောက်တော်မှာကလည်း မလုံခြုံတော့ စစ်ရှောင်ရတာပေါ့။ ” ဟု ဆိုသည်။
စစ်ကောင်စီ အနေဖြင့် ရခိုင် တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများအားလည်း မကြာခဏ ဗုံးကြဲ တိုက်ခိုကိမူများအား လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ တစ်လ လုံးတွင် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း အမျိုးသမီး ၆၆ ဦးသေဆုံးပြီး ၈၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးများ (BWU) ၏ မှတ်တမ်းများအရ သိရသည်။
ပုံစာ-ကျောက်တော်တွင် ဗုံးကြဲခံရသည့် နေအိမ်များအား တွေ့ရစဥ်
Photo – APM