ကရင်ပြည်နယ်၊ ထိုင်းမြန်မာနယ်စပ်အနီးရှိ မောဖားသူးစစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၉ ရက်ညပိုင်းတွင် သိမ်းပိုက်လိုက်ခဲ့သည်ဟု နယ်စပ်ဒေသရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေါနတောင် အရှေ့ခြမ်းတွင်ရှိသော အဆိုပါ မော်ဖားသူးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၁၈ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သာ ၂၅ ခန့်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ လက်နက်များဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ထိုင်းသတင်းဌာန The Reporters ကဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ကော့ကရိတ်ဒေသတွင်း တိုက်ပွဲများတွင် ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းကြောင့် ဒေသခံ ၂၄၇ မှာ ထိုင်းနိုင်ငံ၊ တာ့ချ်ခရိုင်၊ မဲ့ရမတ်မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်ခဲ့သည်။
ဓါတ်ပုံ – ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေရသော စစ်ဘေးရှောင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ(The Reporters)