• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»အမျိုးသမီးနဲ့ မိန်းကလေးငယ်များအားလုံး သာတူညီမျှအခွင့်အရေး ရရှိဖို့ စွမ်းဆောင်ရည် မြှင့်တင်ကြပါစို့”
ပင်မစာမျက်နှာ

အမျိုးသမီးနဲ့ မိန်းကလေးငယ်များအားလုံး သာတူညီမျှအခွင့်အရေး ရရှိဖို့ စွမ်းဆောင်ရည် မြှင့်တင်ကြပါစို့”

thanlwinkhetBy thanlwinkhetMarch 8, 2025Updated:April 9, 2025No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သန္တာဖြူ
မတ်လ ၈ ရက်နေ့က နိုင်ငံတကာ အမျိုးသမီးများနေ့ပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် ကုလသမဂ္ဂက ရွေးချယ် ထားတဲ့ ဆောင်ပုဒ်က “အမျိုးသမီးနဲ့ မိန်းကလေးငယ်များအားလုံး သာတူညီမျှအခွင့်အရေး ရရှိဖို့ စွမ်းဆောင်ရည် မြှင့်တင်ကြပါစို့”ပဲ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးအချိန်ကစပြီး ၂၀၂၅ ခုနှစ်အထိ တော်လှန်ရေးကာလ လေးနှစ်ကျော်အချိန်တွင်းမှာ အမျိုးသမီး တွေဟာ တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်းတမံ ပါဝင်ကြသလို ဒရုန်းတပ်တွေမှာလည်း အမျိုးသမီးတွေ တာဝန်ယူနိုင်တဲ့ အခြေအနေကို ရောက်ရှိလာပါပြီ။
သို့သော် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ထိကပါး ရိကပါးလုပ်တာတွေနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့်တွေကို ဆုံးရှုံးနေရဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အမျိုးသမီးတွေရဲ့ အခြေခံရပိုင်ခွင့်တွေ အပြင် အမျိုးသမီးတွေ အရပ်သား အစိုးရလက်ထက်ကနေ အခု တော်လှန်ရေးအစိုးရ အထိ တစိုက်မတ်မတ် တောင်းဆိုနေကြတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေနဲ့ ခေါင်းဆောင်ပိုင်း တွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ပြီးလားဆိုတာကို မြန်မာ့အမျိုးသမီးသမဂ္ဂ – မူဝါဒရေးရာဦးဆောင်ကော်မတီဝင် – ဒေါ်မိဆူးပွင့် ကို မေးမြန်းထားပါတယ်။
မေး။ ။အာဏာသိမ်းပြီး နောက်ပိုင်း အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်မှုနှုန်းက ဘယ်လို့ အခြေအနေရှိပါသလဲ။ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့နေရာတွေမှာ ရောက်လာပြီလား။
ဖြေ။ ။ ဆိုရှယ်မီဒီယာ အလွန်အားကောင်းနေချိန်ဖြစ်လို့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာ အမျိုးသမီးတွေ အင်နဲ့အားနဲ့ တော်လှန်ရေးမှာ ပါဝင်နေတာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိကြရပါတယ်။ ဒါပေမယ့်လည်း မိဘ၊ မိသားစုတွေကိုထားခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးထဲကို ထွက်လာတဲ့ ငယ်ငယ်ရွယ်ရွယ် အမျိုး သမီးလူငယ်တွေဟာ အမျိုးသားတွေထက် အခက်အခဲတွေကို ပိုရင်ဆိုင်ကြရတယ်။ သူတို့ကို ကူညီမယ့် သူတွေရှိသလို ကူညီမလိုလိုနဲ့ အမြတ်ထုတ်ကြသူတွေနဲ့လည်း ရင်ဆိုင်ကြရတယ်။ တောတောင်စခန်း တွေထဲမှာလည်း ရဲဘော်ရဲဖက်တွေရဲ့ ယုံကြည်လေးစားမှုခံရအောင် သတိကြီးကြီးနဲ့ နေထိုင်ကျင့်ကြံ အလုပ်လုပ်ဖို့ ကြိုးစားကြရတယ်။ သူတို့အပေါ် ထိကပါးရိကပါးလုပ်မှုတွေကို ပါးပါးနပ်နပ်နဲ့ ရှောင်ရှားဖို့ ကြိုးစားကြရတယ်။ မိန်းကလေးအလုပ်လို့ သတ်မှတ်ထားကြတဲ့ အလုပ်တွေလုပ်ရင်း ဒါလည်းတော် လှန်ရေးတာဝန်ပဲလို့ ကျေကျေနပ်နပ်ခံယူကြသူတွေရှိသလို ကိုယ်လုပ်နိုင်သလောက်လုပ်ခွင့်မရလို့ စိတ် ဓာတ်ကျကြသူတွေလည်းရှိကြတယ်။ ဆိုတော့ အခုလို (၄)နှစ်တာကာလမှာ အမျိုးသမီးတွေ လက်နက် ကိုင်တော်လှန်ရေးထဲမှာ ဘယ်လောက်ကျန်နေသလဲ၊ ဘယ်လောက်အထိ အားမာန်အပြည့်နဲ့ အလုပ်လုပ် နေကြသေးသလဲ၊ ဘာကြောင့်သူတို့ထွက်ခွာသွားကြသလဲဆိုတာ သေချာစစ်တမ်းကောက်ယူနိုင်တဲ့ အဖွဲ့ အစည်းတွေလိုပါတယ်။ တော်လှန်ရေးထဲက ထွက်ခွာလာခဲ့ကြပြီး နယ်စပ်တွေမှာ အိမ်နီးချင်းနိုင်ငံတွေထဲ မှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရသူတွေလည်း အများကြီးတွေ့ရသလို စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ ပြန်ရယူနေကြရသူတွေလည်း အများကြီးတွေ့နေရပါတယ်။ ဆိုတော့ တော်လှန်ရေးစတင်ချိန်က ပါဝင် လာကြသလောက် အင်အားများများမရှိတော့ပဲ လက်ရှိမှာ တဖြည်းဖြည်းလျော့နည်းလာနေတယ်လို့မြင် ပါတယ်။ ပြီးတော့ ဒေသအသီးသီး၊ တပ်ဖွဲ့အသီးသီးရဲ့ နိုင်ငံရေးရာဆိုင်ရာကော်မတီတွေ၊ စုဖွဲ့မှုတွေမှာ လည်း အမျိုးသမီးတွေရဲ့ဦးဆောင်မှုတွေကို သိပ်မတွေ့ရဘူး လို့ပြောရပါမယ်။
မေး။ ။ ဘယ်အပိုင်းတွေမှာ တိုးတက်ပြီးတော့ ဘယ်အပိုင်းတွေမှာ အားနည်းသွားပါသလဲ။
ဖြေ။ ။ အရင်ခေတ်နဲ့စာရင် အမျိုးသမီး ဒရုန်းတပ်လိုမျိုးတွေ ပေါ်လာတာ၊ ဒရုန်းအသုံးပြုနိုင်တဲ့ ကျွမ်းကျင်သူ အမျိုးသမီးတွေ ရှိလာတာတွေ့ရတယ်။ လက်နက်ကြီးအသုံးပြုရတဲ့တိုက်ခိုက်ရေးသက်သက်မဟုတ်ပဲ နည်းပညာတိုးတက်မှုနဲ့အတူ ဖြစ်ထွန်းလာတဲ့အခြေအနေတွေကနေ အားကောင်းချက်တွေ ရှိလာတာ မြင်တွေ့ရပါတယ်။ လက်နက်ထုတ်လုပ်ရေးအပိုင်းတွေမှာလည်း ကျွမ်းကျင်သူအမျိုးသမီးတွေရှိလာတာ ကြားသိရပါတယ်။ လူသိများတဲ့ အမျိုးသမီးလူငယ်သပိတ်ခေါင်းဆောင်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲက အမျိုးသမီးအမတ်အချို့လည်း စစ်ရေးတိုက်ပွဲတွေအတွက် ထောက်ပို့ပိုင်း၊ ရံပုံငွေရှာဖွေရေးပိုင်းတွေမှာ အများကြီးလုပ်ဆောင်နေပါတယ်။ CDM လုပ်လာပြီး အကြပ်အတည်းအမျိုးမျိုးနဲ့ ဆက်လက် ရုန်းကန်ရင်း တော်လှန်ရေးကိုရပ်ခံနေဆဲအမျိုးသမီးတွေကိုလည်း တွေ့ရပါတယ်။ မတွေ့ရတဲ့အပိုင်းလို့ပြောရင် နိုင်ငံရေးအရ အမြင်သဘောထားတွေထုတ်ဖော်ပြောဆိုတာ၊လူထုကိုစည်းရုံးဟောပြောမှုတွေလုပ်တာ၊မဟာမိတ်ရေးရာတွေမှာ ဦးဆောင်လာတာတွေ၊ စတဲ့နေရာတွေမှာတော့ အမျိုးသားလူကြီးပိုင်းခေါင်း ဆောင်တွေကသာ ပိုကြီးစိုးနေပြီး လူငယ်/အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်မှုကတော့ မရှိ သလောက် နည်းနေပါသေးတယ်။ ဒီအပေါ်အာရုံအထူးစိုက်ပြီး ထက်မြက်တဲ့အမျိုးသမီး/လူငယ်တော်လှန်ရေးသမားတွေကို ဝန်းရံမြှင့်တင်ပေးကြဖို့ လိုအပ်နေပါတယ်။
မေး။ ။ဒီနှစ်ရဲ့ အမျိုးသမီးဆောင်ပုဒ်က “အမျိုးသမီးနှင့်မိန်းခလေးငယ်များအားလုံး သာတူညီမျှအခွင့်အရေးရရှိဖို့ စွမ်းဆောင်ရည်မြှင့်တင်ကြစို့”ဖြစ်ပါတယ်။ ဒီကာလတွေမှာ အမျိုးသမီးနဲ့မိန်းခလေးငယ်တွေက တန်းတူ အခွင့်အရေး ရရှိနေပြီလို့ ပြောလို့ ရပါသလား။
ဖြေ။ ။ မြန်မာပြည်မှာတော့ နှစ် ၇၀ ကျော်ပြည်တွင်းစစ်ရှိနေခဲ့တယ်။ အခုက ၂၀၂၁ နောက်ပိုင်းအာဏာသိမ်းမှု အကျိုးဆက်ကြောင့် စစ်ရေးအရတိုက်ပွဲဝင်မှု ပြင်းထန်နေချိန်လို့ ပြောရမှာပါ။ လူမှုစီးပွားအပါအဝင် ဘက်စုံပျက်စီးနေတဲ့အခြေအနေမှာ အမျိုးသမီးနဲ့မိန်းကလေးငယ်တွေ သာတူညီမျှအခွင့်အရေးတို့၊ စွမ်း ဆောင်ရည်မြှင့်တင်ရေးတို့ဆိုတဲ့ လမ်းကြောင်းတွေ အကုန်ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။ ကျောင်းနေလို့ မရတော့တဲ့မိန်းကလေးငယ်တွေ၊ ကြုံရာကျဘမ်းအလုပ်ဝင်လုပ်ကြရတဲ့ မိန်းကလေးငယ်တွေ၊ နိုင်ငံရပ် ခြားမှာ အလုပ်သွားလုပ်ကြရင်း ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရသူတွေ၊ အိမ်နီးချင်းနိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစား ခံရတာတွေ၊ စစ်ပွဲဒေသမှာ လိင်အမြတ်ထုတ်ခံနေရတာတွေ၊ လိင်အကြမ်းဖက်ခံနေရတာတွေ၊ ပြောမကုန်အောင် ရှိပါတယ်။ သာမန်နိုင်ငံရေးအခြေအနေအောက်မှာ ကြုံတွေ့ကြရတဲ့ အိမ်တွင်း အကြမ်းဖက်မှုတို့၊ လိင်ထိပါးနှောက်ယှက်မှုတို့ဆိုတာကတော့ အထူးပြောစရာမလိုအောင် နေရာတိုင်းမှာ အလွန့်အလွန်မြှင့်တက်နေတာကို အမျိုးသမီးအဖွဲ့အစည်းတွေလည်း ကြိုးစားဖော်ထုတ်နေကြပါတယ်။ နောက်တစ်ခုက နိုင်ငံရေးလုပ်နေကြတာချင်းအတူတူ၊ စစ်တိုက်နေကြတာချင်းအတူတူ၊ အမျိုးသား/ အမျိုးသမီးကြားမှာ တန်းတူအခွင့်အရေးအကြောင်း ပြောဆိုဆွေးနွေးလို့မရသေးပါဘူး၊ စနစ်အပြောင်း အလဲလုပ်ဖို့ဆိုတဲ့ နိုင်ငံရေး/တော်လှန်ရေးလှုပ်ရှားမှုထဲမှာတောင် “ကျား”ဖြစ်မှု-မဖြစ်မှု၊ “မ”ဖြစ်မှု-မဖြစ်မှု ဆိုင်ရာ အခန်းကဏ္ဍတွေကို ဆုတ်ကိုင်ထားကြဆဲပါ။ ဒါကြောင့် ပြည်တွင်းက သာမန်လူထုကြားက လူငယ်အမျိုးသမီး၊ မိန်းကလေးအများစုအတွက်ကတော့ တန်းတူအခွင့်အရေးဆိုတာ ရဖို့မပြောနဲ့ ကြားဖူး သိဖူးမယ်တောင် မထင်ပါဘူး။ “တိုင်းရင်းသားတန်းတူရေး”တို့၊ “ကျားမတန်းတူရေး”တို့ဆိုတဲ့ စကား လုံးတွေကို “အပျက်”ဖက်က ပိုမိုရှုမြင်လက်ခံထားကြပြီး “အပြု”ဖက်ကလက်ခံနိုင်တဲ့အခြေအနေ အလွန် အားနည်းတယ်လို့ ပြောချင်ပါတယ်။
မေး။ ။အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေက တန်းတူအခွင့်အရေးရရှိဖို့ ဘာတွေဆက်လက်လုပ်ဆောင်သင့် တယ်လို့ ထင်ပါသလဲ။အမျိုးသမီးတွေ တန်းတူညီမျှရေးကို ပြောတဲ့အခါ ဘယ်လို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ။
ဖြေ။ ။ တန်းတူရေးဆိုတဲ့အပေါ် “အပျက်”သဘောဆောင်တဲ့အမြင်တွေ ပိုရှိနေကြတာကို လက်တွေ့ဘဝဖြတ် သန်းမှုတွေအရ သုံးသပ်ပါတယ်။ ဒီနေ့နိုင်ငံအပြောင်းအလဲ၊ စနစ်အပြောင်းအလဲလုပ်ရာမှာ ပန်းတိုင်အထိ ဆက်လျှောက်မယ့် ရည်မှန်းချက်ကြီးတဲ့၊ ဇွဲလုံံ့လကြီးတဲ့ အမျိုးသမီးလူငယ်ခေါင်းဆောင်တွေနဲ့ ခေတ် ပြောင်းစနစ်ပြောင်းအတွေးအခေါ်တွေပြည့်ဝနေတဲ့ ဒီနေ့လူငယ်အားလုံးဟာ အမျိုးသမီးများနိုင်ငံရေး ဦးဆောင်မှုနဲ့ Gender တန်းတူရေးဆိုတဲ့အခန်းကဏ္ဍကို ဆက်လက်သယ်ဆောင်ဖို့ အဓိက တာဝန်ရှိသူ တွေဖြစ်ပါတယ်။
မေး။ ။ အမျိုးသမီးတွေက တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာခြင်းနဲ့အတူ ပဋိပက္ခနယ်မြေတွေမှာလည်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းဓမ္မ ဖမ်းဆီးတာတွေကို စစ်ကောင်စီအပါအဝင် တော်လှန်ရေး အဖွဲ့တွေကပါလုပ်နေတဲ့အပေါ်ဘယ်လို့ သုံးသပ်ချင်ပါလဲ။ ဒါတွေကို ဘယ်လို့ဖြေရှင်းသင့်ပါသလဲ။
ဖြေ။ ။ စနစ်ကျတဲ့အုပ်ချုပ်ရေးမထူထောင်နိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအောက်မှာ လူထုနစ်နာရတဲ့ အခြေ အနေတွေဖြစ်ပေါ်လာတာဟာ ရှောင်လွဲလို့မရတဲ့ လက်နက်ကိုင်တော်လှန်ရေး/ စစ်ရေး အခြေပြုတိုက်ပွဲ တွေရဲ့ ပကတိအခြေအနေတစ်ရပ်ပါ၊ လူထုဆိုတဲ့အထဲမှာ အမျိုးသမီးတွေရဲ့ နစ်နာမှုကတော့ ထိပ်ဆုံးကပါ။ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေနဲ့ တရားမျှတမှု မဆောင် ကြည်းပေးနိုင်မှုတွေ၊အရေးယူမယူမှုတွေကိုကြည့်ရင် တော်လှန်ရေးလုပ်နေရလို့၊ တော်လှန်ရေးထဲမှာ ဖြေရှင်းလို့မရလို့၊ တော်လှန်ရေးမျက်နှာကိုသာ ကြည့်ကြဖို့၊ တော်လှန်ရေးကြီးမထိခိုက်စေဖို့ စတဲ့ တော် လှန်ရေးဆိုင်ရာအကြောင်းပြချက်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ သာမန်ပြည်သူမဆိုထားနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေထဲက တိုက်ပွဲဝင်အမျိုးသမီးတွေအပေါ်မှာတောင် အခွင့်အရေးချိုးဖောက်မှုတွေ၊ အမြတ် ထုတ်မှု၊ အကြမ်းဖက်မှုတွေရှိနေပါတယ်။ ဦးဆောင်နေသူတွေက အာဏာကြီးနေရင် ကြီးသလို ဖော်ထုတ် ဖို့ခက်နေတာ၊ အရေးမယူနိုင်တာ၊ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်လို့ ယူဆနေကြတာ အများကြီးပါ။ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုရင် အဓိကအကျဆုံးကတော့ ဦးဆောင်သူအမျိုးသားများရဲ့ စိတ်နေစိတ်ထား တွေပြောင်းနိုင်ဖို့၊ ဒီလိုအမှုတွေအပေါ် လုံးဝသည်းခံခွင့်ပြုခြင်းမရှိသော မူဝါဒတွေထားရှိဖို့၊ အရေးယူနိုင်တဲ့ ယန္တရားတွေ သေချာတည်ဆောက်ထားဖို့၊လက်တွေ့မှာလည်းတကယ်လုပ်ဆောင်ဖို့၊ ဒေသတွင်း အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ သေချာလက်တွဲချိတ်ဆက်လုပ်ဆောင်ဖို့ မလွဲမသွေလုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။
မေး။ ။ကန့်ဘလူမှာ အကျဉ်းကျနေတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာကို အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းစာတွေပို့မှသာ NUG က အရေးယူတာတွေ့ရပါတယ်။ ဒီအခြေအနေအပေါ်ကိုရော ဘယ်လို့ မှတ်ချက်ပေးချင်ပါသလဲ။ဒါကတော်လှန်ရေးအစိုးရဖြစ်တဲ့ အဖွဲ့အစည်းကတောင် အမျိုးသမီးတွေ အပေါ် အနိုင်ကျင့်မှုတွေကို လှစ်လျူရှုတယ်လို့ မှတ်ချက်ပြုနိုင်ပါသလား။
ဖြေ။ ။ ကျွန်မပြောခဲ့သလိုပါပဲ။ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် တော်လှန်ရေးဆိုင်ရာအကြောင်းပြချက်တွေ ရှိမှာပါ။ တားဆီးဖို့၊ အရေးယူဖို့၊ အခက်အခဲတွေလည်း အမှန်တကယ်ရှိနေမှာပါ။ ဒါပေမယ့် လိင် အကြမ်းဖက်မှုတွေကို တော်လှန်ရေးအကြောင်းပြပြီး ခွင့်ပြုထားသလိုဖြစ်ရင်၊ အရေးယူမှုတွေ လျော့ရဲ နေရင်၊ နေရာတိုင်းမှာ ပိုမိုဆိုးရွားလာနိုင်ပြီး တော်လှန်ရေးကို ပိုထိခိုက်စေမှာကိုလည်း သတိပြုဖို့လို ပါမယ်။ အမျိုးသမီးတွေရဲ့ အင်အားကို တော်လှန်ရေးက လိုအပ်နေတယ်၊ တန်ဖိုးထားတယ်ဆိုရင် လိင်အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ရင် ပြတ်သားတဲ့မူဝါဒတွေ၊ တိကျတဲ့စည်းမျည်းတွေ၊ အချိန်မဆွဲပဲ မှန်ကန်မြန်ဆန်တဲ့အရေးယူမှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ လုပ်ဆောင်ရမှာက တော်လှန်ရေးဦး ဆောင်အဖွဲ့တိုင်းရဲ့ ကြီးလေးပြီးရှောင်လွဲခွင့်မရှိတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။
မေး။လာမယ့် မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် တော်လှန်ရေးမှာ ဝင်ရောက်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေ အပြင်အမျိုးသမီးအားလုံးအတွက် သတင်းစကားပြောပေးပါဦးရှင့်။
ဖြေ။ ။ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ ဂုဏ်သိကာရှိရှိနေထိုင်ခွင့်ရှိတယ်၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်အောင် ကြိုးစားခွင့်ရှိတယ်၊ အောင်မြင်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် ခွန်အားအပြည့် ရှိတယ်ဆိုတာကို ခေတ်ပြောင်းတော်လှန်ရေးတိုက်ပွဲဝင်ရင်း ဆက်လက်သက်သေပြသွားကြရဦးမှာပါ။ ဒီနေ့တော်လှန်ရေးကြီးကို ဆန်ကာနဲ့ စစ်ကြည့်လိုက်ရင် ပြုတ်ကျသွားတဲ့ အမှုန်အမွှားအမှိုက်တွေထဲမှာ အမျိုးသမီးတွေ ပါမသွားစေချင်ဘူး၊ ဆန်ကာတင်ကျန်ရစ်တဲ့သူတွေအဖြစ် အမျိုးသမီးတွေကို မြင်ချင် တယ်။ စိမ်ခေါ်မှုနဲ့ လေပြင်းမုန်တိုင်းတွေကြားထဲ ကြံ့ကြံ့ခံဆက်လျှောက်နိုင်ဖို့ အမျိုးသမီးတွေ လက်ချင်း တွဲထားကြဖို့ အရေးကြီးပါတယ်။ အမျိုးသမီးလှုပ်ရှားမှုကြီးတစ်ရပ်ကို တော်လှန်ရေးနဲ့အတူ တပြိုင်တည်း သယ်ဆောင်ဖြတ်သန်းကြရပါမယ်။ ရေဆန်မယ်၊ လေထန်မယ်၊ ဒါပေမယ့် ကျွန်မတို့တစ်ဦးတစ်ယောက် ချင်းက ကိုယ့်မျိုးဆက်မှာ အမျိုးသားတွေထက် ပိုတဲ့တာဝန်ကြီးတစ်ခု ထမ်းပိုးပြီးလျှောက်ခဲ့ကြတယ် ဆိုတာ အခိုင်အမာယုံကြည်ပြီး အလှည့်ကျ မနွဲ့စတမ်း ဆက်ထမ်းပိုးလျှောက်လှမ်းကြပါလို့ အားပေးချင် ပါတယ်။ နိုင်ငံတကာအမျိုးသမီးများနေ့ဆိုတာ အမျိုးသမီးများလက်တွဲညီညွတ်ရေးအတွက် ခွန်အား ပေးတဲ့နေ့တစ်နေ့ဖြစ်လို့ ဒီနေ့ကစလို့ ကျမတို့အားလုံး၊ အချင်းချင်း နေ့စဉ်နေ့တိုင်း ခွန်အားတွေ မျှဝေကြ မယ်လို့ သံဓိဌာန်ချကြဖို့ အလေးအနက်တိုက်တွန်းချင်ပါတယ်။
အခုလို့ အချိန်ပေးဖြေကြားပေးလို့ သံလွင်ခက်က ကျေးဇူးတင်ပါတယ်ရှင့်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျောက်ဖြူတွင် စစ်ဘေးရှောင် သုံးထောင်ကျော် စားနပ်ရိက္ခာ အခက်ကြုံနေ
Next Article တစ်လအတွင်း ပြည်ပနိုင်ငံတွင် ဖမ်းဆီးခံရသူ တစ်ထောင်ကျော်ရှိ
thanlwinkhet
  • Website

Related Posts

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

August 17, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

August 17, 2025

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

Leave A Reply Cancel Reply

Recent Posts

  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

August 17, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

August 17, 2025

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.