မောင်ဘဦး
နိုဝင်ဘာ ၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန့်နေ ညနေ ၃ နာရီဝန်းကျင်တွင် ကထိန်အလှူပြုလုပ်နေသည့် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
“Jet Fighter နဲ့ လာပစ်တာ။ ကံကောင်းတာက ဘုန်းကြီးကျောင်းထဲမကျပဲ ဘေးကအိမ်ပေါ်ကျလို့၊ မဟုတ်ရင် အများကြီးသေမှာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထဲ နှစ်လုံးပျက်စီးခဲ့ပြီး နွားတစ်ကောင် ထိမှန်ခဲ့သည်ဟု သိရသည်။ လတ်တလောတွင် စစ်ကောင်စီ ၏လေကြောင်းရန်ကြောင့် ဒေသခံများရှောင်တိမ်းနေကြရသည်ဟု သိရသည်။
ဓာတ်ပုံ- ပေးပို့