သံလွင်ခက်
ဩဂုတ် ၂၃၊၂၀၂၄။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် KNLAတပ်မဟာ (၆) တပ်ရင်း (၁၇) ထံသို့ လက်နက်ချ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဩဂုတ်လ ၂၃ ရက် မနက်ပိုင်းတွင် ထုတ်ပြန်သည်။
အသက် (၂၁) အရွယ် တပ်သား ဇင်မင်းအောင်သည် MA-1 တစ်လက်၊ ကျည်ဘောက် ရှစ်ဘောက်၊ ကျည် တောင့် (၂၀၆) တောင့်၊ အီနာဂါ တစ်လုံး နှင့် အီကွေးမင့် တစ်စုံ တို့နှင့်အတူ လက်နက်ချလာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းရန် လာရောက်ပူးပေါင်းခဲ့သည့် တပ်သားဇင်မင်းအောင်အား KNLAတပ်မဟာ (၆) သတ်မှတ်ထားသည့် ထောက်ပံ့မှု ပမာဏအတိုင်း ကူညီပေးခဲ့သည်ဟု KNUထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – KNLA တပ်မဟာ (၆) ထံ လက်နက်ခဲယမ်း နှင့်အတူ လာရောက်ပူးပေါင်းခဲ့သော ခလရ-၃၂ တပ်ရင်းမှ တပ်သား တစ်ဦး။
ဓာတ်ပုံ-KNU