သံလွင်ခက်
ဇူလိုင် ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏အမှတ်- ၁ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကစ-၁) အပါ အဝင် တပ်စခန်းအားလုံးသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA လက်အောက်သို့ ကျရောက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ယမန့်နေ့ည ၁၀ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ရှိတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုအလုံးစုံထိန်းချုပ်နိုင် ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “ရသွားပြီ ည ၁၀ နာရီထဲက တပ်တွေအကုန်ကျပြီ” ဟု ဆိုသည်။
TNLA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကစပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို စတင် တိုက်ခဲ့ပြီးနောက် ဩဂုတ် ၅ ရက်တွင် မြို့ကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ TNLA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး လက်ရှိအချိန်ထိ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ နောင်ချို၊ မိုးမိတ်၊ မိုင်တုံ အပါအဝင် မြို့ ၁၁ မြို့ကို သိမ်းပိုက်ထားသည်။
ပုံစာ – TNLA တပ်ဖွဲ့ဝင်များ။