သံလွင်ခက်
ဇူလိုင် ၅၊ ၂၀၂၄။
ယနေ့ည၊ ဘန်ကောက်မြို့မှာ ကျင်းပမဲ့ ဝမ်းဖရိုက်ဒေးနိုက်ဒ် ချန်ပီယံရှစ်၊ မွှေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာနိုင်ငံသားစိုးလင်းဦးနဲ့ ထိုင်းနိုင်ငံသားပွန်စီရီတို့ ထိုးသတ်သွားဖို့ရှိပါတယ်။
သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက မြန်မာနိုင်ငံမှာ မြန်မာ့လက်ဝှေ့စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိုးသတ်ခဲ့တုန်းက သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ဒီနေ့ညမှာတော့ မွှေထိုင်းလက်ဝှေ့စည်းမျဉ်းတွေနဲ့ထိုးသတ်သွားမှာဖြစ်ပြီး ပွန်စီရီဟာ နည်းစနစ်ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် စိုးလင်းဦးအနေနဲ့ ရုန်းကန်ရမဲ့ အခြေအနေမှာရှိပါတယ်။
ဒီပြိုင်ပွဲမှာ ပွန်စီရီဟာ သတ်မှတ်ထားတဲ့ ပေါင်ချိန် ၁၄၅ ပေါင်ထက် ၄ ပေါင်ပိုနေတာကြောင့် ပြိုင်ပွဲပြီးသွားတဲ့အခါ သူ့ရဲ့ထိုးကြေးထဲက တစ်ချို့တစ်ဝက်ကို စိုးလင်းဦးကို ခွဲပေးရမှာဖြစ်ပါတယ်။
လတ်တလော ဝမ်းဖရိုက်ဒေးနိုက်ဒ် ချန်ပီယံရှစ်ပြိုင်မှာ မြန်မာနိုင်ငံက ကစားသမားတွေ ရုန်းကန်နေကြရပြီး ပြီးခဲ့တဲ့ပြိုင်ပွဲတွေတုန်းက သွေးသစ်ဝင်းလှိုင်နဲ့ ထွန်းမင်းအောင်တို့ ရှုံးနိမ့်ထားပါတယ်။
ဓာတ်ပုံ- စိုးလင်းဦးဖေ့စ့်ဘွတ်ခ်