နန်းဆုပန်ခန့်
အောက်တို ဘာ ၂၉၊၂၀၂၂။
အောက်တို ဘာ ၂၉၊၂၀၂၂။
စစ်ကိုင်းတိုင်း၊ မအူပင်ကျေးရွာအုပ်စု၊ ကုန်းတန်းလေး ရွာကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ က ၀င်ရောက်မွှေနှောက်မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည် ။
အိမ်ခြေ ၁၀၀ ခန့်ရှိသော ကုန်းတန်းလေးရွာကို ယနေ့နံနက် ၅နာရီ၅ခွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေအိမ်များကို မီးရှို့ခဲ့ သည့်အပြင် ကုန်းတန်းလေးရွာဦး ဆရာတော်ကို ဓားစာခံ အဖြစ်လမ်းပြဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အင်အား၄၀လောက်ပါတဲ့ စစ်ကြောင်းက မီးရှို့ပြီး ဆရာတော်ကို ခေါ်သွားတယ် ၊အိမ်ခြေ ဆယ်လုံလောက်မီးလောင်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်းတန်းလေးရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆပ်စပ်မှုရှိသည်ဟု ယူဆသည့် နေအိမ်များကိုမွှေနှောက် သွားပြီးနောက် ရွာဦးဆရာတော်နှင့် ဒေသခံလေးဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အိမ်လို့ထင်ရတဲ့ အိမ်တွေကို မီးရှို့တယ် ၊ဝင်မွှေတယ် အိမ်တစ်အိမ်က ဆိုရင် ပိုက်ဆံ၂၅သိန်း ပါယူသွားတယ်။ တစ်ချို့သူတွေကို လမ်းပြခေါ်ပြီး လူသားဒိုင်လုပ်ခိုင်းတယ်”ဟု ပြောသည်။
၂၀၂၂ ခုနှစ် မေလ ၇ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်ခံထားသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်းတန်းလေးရွာ ဓမ္မာရုံကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ဖူးသည်။