အောက်တိုဘာ ၂၉၊ ၁၀၊၂၂။
သံလွင်ခက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ရွာသစ်ကုန်း၊ အင်းပတ်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ ကတုတ်ကျင်း ဘန်ကာကို ယမန်နေ့ အောက်တိုဘာ ၂၈ ရက် ည ၈နာရီခွဲတွင် Khin U Special Force Organization KSOတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့ ဝင်ရောက်ပစ်ခက်ခဲ့သည်။
ခင်ဦးမြို့နယ် KSO ၊ မြို့နယ်ပကဖ နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ ၂ဆင့်ကွဲ လက်နက် အသုံးပြုပစ်ခတ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများခဲ့သည်ဟု KSO တပ်ဖွဲ့ တာဝန်ခံ ဗိုလ်လင်းရောင်က သံလွင်ခက်ကိုပြောသည်။
၎င်းက ” ကျွန်ုပ်တို့ KSOနဲ့ မဟာမိတ်တပ်ဖွဲ့က ရွာသစ်ကုန်းခွေးခြံကတုတ်ကျင်းနဲ့ဘန်ကာရှိတဲ့နေရာတွေကို အင်းပတ်ကွေ့ အထိုင်ချ ဘန်ကာတွေကို ၂ဆင့်ကွဲအလုံးရေ၂၀ကျော် ပစ်သွင်းတိုက်ခိုက်ခဲ့တယ် ထိခိုက်သေဆုံးသူများတယ် ” ဟုဆိုသည်။
ရွာသစ်ကုန်းနှင့် အင်းပတ်ရွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ ကတုတ်ကျင်းနှင့် ဘန်ကာများ ပျက်ဆီးခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ခင်ဦးမြို့နယ် KSO တာဝန်ခံထံမှသိရသည်။
ယမန်နေ့ ညပိုင်းတွင် ခင်ဦးမြို့နယ် KSOအဖွဲ့ ၊ မြို့နယ်ပကဖတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ဖားကန့် အနန့်ပါ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် မီးပိတ်သပိတ် ပြုလုပ်ခဲ့ကြသည်။