ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၅၊ ၂၀၂၂။
ယနေ့ နံနက် ၇နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ် ၁၇ ရပ်ကွက်တွင် မွေးကင်းစကလေးငယ် တစ်ဦး စွန့်ပစ်ခံခဲ့ရသည်။
စွန့်ပစ်ခံရသည့်ကလေးကို ရွှေပေါက်ကံ ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ခေါ်ဆောင်ကာ မြောက်ဥက္ကလာ ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးမှုများ ဆောင်ရွက်နေသည်ဟု ယင်းအဖွဲ့က ပြောသည်။
ရွှေပေါက်ကံ ကလေးသူငယ် ကူညီရေးအဖွဲ့ဝင်တစ်ဦးက
“ကလေးကို ကလေးသူငယ်အထူးကြပ်မတ်ကုသဆောင်မှာ ဖန်ပေါင်းချောင်ထဲကိုထည့်ထားရတာပါ ၊ကလေးကိုတွေ့လိူ့မရဘူး ထားခဲ့ရတယ် ။အင်္ဂါနေ့မနက်မှ ပြန်တွေ့ခွင့်ရမှာပါ “ဟု ပြောသည်။
၃ပေါင်ခန့်သာရှိသော အဆိုပါ ကလေးငယ်သည် အဝတ်မပါဘဲ စွန့်ပစ်ခံထားရခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
လတ်တလော အချိန်အထိ စွန့်ပစ်ခံထားရသည့် ကလေးသည် အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်သည်ဟု ကူညီသူများက ပြောသည်။
ကလေးငယ်ဆေးရုံးဆင်းသည့်အခါ အုပ်ထိန်းသူ ရှာမတွေ့ပါက ကျွေးမွေးနိုင်သည့် အဖွဲ့အစည်းများထံ လွှဲပြောင်း အပ်နှံရန် ကူညီသူများက စီမံမည်ဟုဆိုသည်။