• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
  • Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ
  • စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်
  • နှစ်ရက်ဆက် လေကြောင်းကြဲခံရပြီး‌နောက် ကျောက်တော် ဒေသခံများ ဘေးလွတ်ရာ ရွေ့ပြောင်း
  • စစ်ကောင်စီနဲ့ ‘ဝ’ ထိန်းချုပ်ဒေသ မိုင်းဆတ်မြို့မှာ မြေရှားသတ္တု တူးဖော်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထုတ်ပြန်
  • ပြည့်သူ့ကာကွယ်ရေးတပ် ဖမ်းဆီးထားသည့် အမျိုးသမီးနှစ်ဦးမှ တစ်ဦး ပြန်လွတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကျည်မလုံလောက်၍ ထီးလင်းYDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး လက်နက်ကြီး၅လက်နှင့် ဆိုင်ကယ် ၆ စီးတို့ ဆုံးရှုံးလိုက်ရ
တိုက်ပွဲသတင်း

ကျည်မလုံလောက်၍ ထီးလင်းYDF ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး လက်နက်ကြီး၅လက်နှင့် ဆိုင်ကယ် ၆ စီးတို့ ဆုံးရှုံးလိုက်ရ

thanlwinkhetBy thanlwinkhetOctober 30, 2022No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်း၏ နောက်ချန်အဖွဲ့မှ ၃၀ဦး ကျော်အထိ ထိခိုက် သေဆုံးအောင် လက်ဦးမှုရယူ၍ အသာစီးပစ်ခတ် တိုက်ခိုက်ထားနိုင်သည့် အခြေအနေမှ ကျည်မလုံလောက်မှု ပြဿနာကြောင့် တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခဲ့ရကာ ကြီးမားသော ဆုံးရှုံးမှု နှင့် ကြုံခဲ့ရခြင်း ဖြစ်သည်ဟု ထီးလင်း YDF တာဝန်ရှိသူက ပြောသည်။

တပ်ပြန်ဆုတ်စဥ် ကူပစ်ပေးရန်လာသည့် လက်နက်ကြီးအဖွဲ့သည် စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုကို ခံရပြီး လက်နက်ကြီးများ နှင့် ဆိုင်ကယ်များ ဆုံးရှုံးခဲ့ရသည့်အပြင် ဒဏ်ရာဖြင့် ကျန်ခဲ့သည့် YDF ရဲဘော်မောင်ဝေယံမင်း(၂၀နှစ်)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်၍ နေအိမ်တစ်လုံး၌ မီးရှို့သတ်ဖြတ်ခဲ့သည်။

” ကျဆုံးသွားတဲ့ ရဲဘော်ဝေယံလင်းကတော့ နေရာမှာပင်မထနိုင်ဘဲကျန်ခဲ့တာ။ စစ်သားတွေက သူ့ကိုတွေ့သွားပြီး ရွာထဲခေါ်သွားပြီးမှ အိမ်တစ်အိမ်မှာ မီးရှို့တာဗျ။ ဒီနေ့မှ တွေ့တာဗျ။ သူ့အရုပ်အလောင်းက မီးရှို့တာအကုန်မလောင်ဘူး။ နှလုံးသားနဲ့အသားတချို့ကျန်တာ ဒီနေ့မှာသင်္ဂြိုဟ်ပေးလိုက်ရတယ်”ဟု YDF ထီးလင်းတာဝန်ရှိသူက ယနေ့အောက်တိုဘာ ၂၉ရက်တွင် သံလွင်ခက်ကိုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်စဥ်
*******************
မကွေးတိုင်းဒေသကြီး၊ ယောဒေသထီးလင်းမြို့နယ်အတွင်းသို့ တစ်လကျော်အကြာစစ်ကြောင်းထိုးခဲ့သည့် အင်အား၁၀၀ ကျော်ရှိ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်း ပြန်အထွက်၌ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက အသင့်စောင့်ကြိုနေရာယူ၍ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ယခုလအောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိနေအိမ်တချို့အား မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ထီးလင်းမြို့ပေါ်သို့ ပြန်အထွက်တွင် မဟာမိတ်တပ်များကစောင့်ကြိုတိုက်ခိုက်ခဲ့သည်။

” ၂၆ ရက်နေ့မှာထန်းပင်ကုန်းမှာ ညအိပ်စခန်းချပြီးတော့ ပြန်ထွက်မယ့်မနက် ၂၇ရက်နေ့ မနက် ၇နာရီခွဲလောက်မှာ လေးနေရာလောက်ကနေမီးစရှို့တယ်။ ရှို့ပြီးတော့မှ ပြန်ထွက်တာ” ဟု ထီးလင်းYDFတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။

ထန်းပင်ကုန်းကျေးရွာမှ မောချောင်းကိုဖြတ်ပြီး ထီးလင်းမြို့ပေါ်သို့ပတ်ပြန်မည့် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်း၏ နောက်ချန်အဖွဲ့အင်အား ၅၀ ခန့်ကို မဟာမိတ်တပ်များက လက်ဦးမှုရယူတိုက်ခိုက်ခဲ့သည်။

ဒေသခံကာကွယ်ရေးအဖွဲ့ များဖြစ်သည့် YDF ထီးလင်း၊YDF တပ်ရင်း ၁၄၊KKG တပ်ရင်း ၅၊PDF ထီးလင်းတပ်ရင်း၂ ခွဲ ၇ ၊နပတတပ်ရင်း ၇၀၇ ADF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတပ်စု ၃ စုခွဲ၍ ထိုးစစ်ဆင်တိုက်တိုက်ခဲ့သည်။

” မောချောင်းကို ကူးနေတဲ့အချိန်မှာ သုံးဖွဲ့ခွဲပြီးပစ်တာ။ အနီးဆုံးအဖွဲ့က ၂၅ မီတာလောက်ပဲ ကွာမယ်ဗျ။ ကျန်တဲ့အဖွဲ့တွေက မီတာ ၅၀ ၊ ၇၀ လောက်ကနေပစ်တာ “ဟု YDF တာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ပွဲတွင် နေရာသုံးနေရာမှ မဟာမိတ်တပ်များ၏ တပြိုင်နက်တည်းညှပ်၍ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့်ပျူစောထီး ၃၀ ဦးကျော် ထိခိုက်သေဆုံးခဲ့သည်။

” သူတို့ရေကူးဖို့ ဟန်ပြင်နေတဲ့ အချိန်မှာ အငိုက်ဆော်လိုက်တာပေါ့။ တစ်ဖွဲ့က ဟိုဘက်ခြမ်းမှာရောက်ပြီး တစ်ဖွဲ့ကဒီဘက်အခြမ်းမှာကျန်တယ်။ အဲဒီနောက်ချန်အဖွဲ့ကို မနားတမ်းပစ်တာ။ အဲ့မှာသူတို့ နလံမထူနိုင်ဘူး။ မောချောင်းထဲသေပြီးမျောတာတွေရော တော်တော်ထိတယ်။ အနည်းဆုံး ၃၅၊ ၃၆ ယောက်လောက်သေနိုင်တယ် “ဟု ၎င်းကပြောသည်။

ကျည်မလုံလောက်မှုကြောင့် ကစဥ့်ကလျားနှင့်ကြုံ
*********************************

စစ်ကောင်စီတပ် နှင့် ပျူစောထီး နောက်ချန်အဖွဲ့အားလုံးကို အပြတ်တိုက်ခိုက်နိုင်ရန်အခွင့်အရေးရခဲ့သော်လည်း ကျည်မလုံလောက်မှုကြောင့် မဟာမိတ် တပ်ဖွဲ့ဝင်များနောက်ပြန်ဆုတ်၍နေရာယူခဲ့ကြရသည်။

ထိုအချိန်တွင် ထီးလင်းမြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလာသည့်အပြင် အရှေ့မှရောက်ရှိနေသည့် စစ်ကောင်စီတပ်အဖွဲ့မှလည်း မဟာမိတ်တပ်များ၏ အခြေအနေကို ရိပ်စားမိ ၍ပြန်လည်နေရာတိုက်ခိုက်ခဲ့သည်။

” ကျည်က ရဲဘော်တစ်ယောက်ကို အများဆုံး ၄၀ လောက်ပေးထားနိုင်တာ။ တချို့ရဲဘော်တွေဆို ၂၀ လောက်ပဲပါတယ်။ ဟိုဘက်ကလည်းပြန်ပစ် ဒီဘက်ကလည်း ကျည်မရှိတော့လို့ ကစဥ့်ကလျားဖြစ်နေတဲ့အချိန်မှာ ပြန်ဆုတ်လိုက်ရတာ။ ဘေးလွတ်ရာကိုရောက်ပြီဆိုတော့မှ တခြားအဖွဲ့တွေဆီက ကျည်အကူအညီ လှမ်းတောင်းထားတာ မရောက်ခင် လက်နက်ကြီးသမားတွေကို အကူခေါ်ရတာပေါ့ဗျာ။ ထိန်းထားဖို့ “ဟု YDF တာဝန်ရှိသူကပြောသည်။

ပစ်ကူလာသည့် လက်နက်ကြီးအဖွဲ့ ၁၀ ဦးခန့်သည် ထန်းပင်ကုန်းရွာ အရှေ့မြောက်ဘက်ကုန်းအဆင်း၌ စစ်ကောင်စီတပ်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

လက်နက်ငယ်များ မပါသည့် လက်နက်ကြီးအဖွဲ့ ရဲဘော်များသည် ပစ္စည်းများနှင့် ဆိုင်ကယ်များချ၍ ထွက်ပြေးခဲ့ရကာ ၈၀ မမပြောင်း ၂ ခု နှင့် အသီး ၆ လုံး၊ ၆၀ မမပြောင်း ၃ ခုနှင့်အသီး ၂၅လုံး၊ ဆိုင်ကယ် ၆ စီးဆုံးရှုံးခဲ့ရသည့်အပြင် ဒဏ်ရာရရှိခဲ့သည် ရဲဘော်မောင်ဝေယံမင်းသည်လည်း ဖမ်းဆီးမီးရှို့ သတ်ဖြတ်ခံလိုက်ရသည်။

ကျည် အကူအညီ မရောက်မီ ပစ်ကူထိန်းပေးမည့် လက်နက်ကြီးအဖွဲ့  စစ်ကူလာရောက်မှု မအောင်မြင်ခဲ့သောကြောင့် မဟာမိတ်တပ်များလည်း ထန်းပင်ကုန်းကျေးရွာ အနီး တစ်ဝိုက်မှ ဆုတ်ခွာခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ သေဆုံးအလောင်းများကို ထန်းပင်းကုန်း ကျေးရွာ နေအိမ်များ အတွင်းထည့်၍ မီးရှို့ခဲ့ကြပြီး ဒဏ်ရာရရှိသူများကို ထီးလင်းမြို့ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ကျည်စျေးအလွန်ကြီးသည့် ယောဒေသ
**************************

ကျည်သယ်ယူရသည့် လမ်းကြောင်းကြပ်တည်းမှု အခက်အခဲကြောင့် ယောဒေသတွင် ကျည်စျေးနှုန်းများသည် အခြားနေရာများထက် နှစ်ဆကျော် သုံးဆအထိပို၍ ကြီးမားသည်ဟု ဒေသခံတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် စစ်ရေးမစ်ရှင်များကို တိကျသေချာသည့် အခြေအနေတစ်ရပ်မှ ဆောင်ရွက်ကြရသည်။

” ယောဒေသက ကျည်ရဖို့ကမလွယ်ဘူး။ ကျည်ရဖို့က ခက်ခဲတယ်။ AK ကျည်ဆို အနည်း ဆုံး ၁၃၅၀၀ ရှိတယ်။ MA ကျည်တွေက ၈၀၀၀ လောက်ပေးရတယ် ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။

ကျည်ရှားပါးမှု အခက်အခဲ နှင့် စစ်ကောင်စီတပ် စစ်ကြောင်းများမှ ပြည်သူများကို ဓားစားခံလုပ်၍ စစ်ကြောင်းထိုးခြင်းကြောင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ခက်ခဲသည်ဟု သိရသည်။

လက်ရှိ နောက်ဆုံး ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့သည့် စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်ကတည်းက ထီးလင်းနယ်အတွင်းဝင်ရောက်၍ စစ်ကြောင်းထိုးပြီး နေအိမ် ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၄ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုစစ်ကြောင်းသည် စစ်ကြောင်းထိုးနေစဥ်ကာလအတွင်း၌ဒေသခံပြည်သူ ၇၀ဦး ခန့်အား ဓားစာခံအဖြစ်ခေါ်ဆောင်ထားသောကြောင့် ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ရန်ခက်ခဲနေပြီး နောက်ဆုံး ဓားစာခံများပြန်လွတ်ပေးပြီး စစ်ကြောင်းထွက်ချိန်မှ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

ထိုသို့စစ်ကောင်စီတပ်စစ်ကြောင်းကို အချိန်ယူပြီးမှ တိုက်ခိုက်ခဲ့ရသော ထီးလင်းYDF နှင့် မဟာမိတ်တပ်များသည် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်သည့် အခွင့်အရေးရရှိခဲ့သော်လည်း ကျည်မလုံလောက်မှု ပြဿနာကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် ရဲဘော်တစ်ဦးကျဆုံး၍ လက်နက်ကြီးများနှင့်ပစ္စည်းများပါ ပါသွားသည့်ထပ်ဆင့်ဆုံးရှုံးမှုကြီးနှင့်ကြုံတွေ့ခဲ့ရသည်။

” ကျည်မလောက်လို့ပြန်ဆုတ်ခဲ့ရတာမှာ ကျဆုံးရခြင်းပါ။ ကျည်သာလောက်ရင် စခအကုန်ပြုတ်အောင်ဆော်နိုင်ပါတယ်ဗျ။
ကျည်ဖိုးကူညီပေးကြပါလို့ပြောချင်ပါတယ်ဗျ “ဟု YDF တာဝန်ရှိသူက ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သော ထန်းပင်ကုန်းကျေးရွာသည် ထီးလင်း YDF ကာကွယ်ရေး တပ်ဖွဲ့ဝင်များ စတင်အခြေပြု ဖွဲ့စည်းခဲ့ရာ နေရာလည်းဖြစ်ပြီး ယခုကဲ့သို့ ဆောင်းဦးကာလ ယမန်နှစ် နိုဝင်ဘာ ၁၇ ရက်တွင်လည်း ထီးလင်းYDF ရဲဘော် ၁၃ ဦးနှင့် CDF ရဲဘော်တစ်ဦးတို့သည် ထန်းပင်ကုန်းကျေးရွာ တိုက်ပွဲတွင် ကျဆုံးထားခဲ့ရသည်။

လက်လုပ်တူမီးများဖြင့် စတင်တော်လှန်ခဲ့ကြသည့် တော်လှန်ရေး အစပိုင်း ကာလတွင်လည်း ဆုံးရှုံးမှု ကြီးမားခဲ့ရပြီး လက်ရှိချိန်ထိလည်း မပြည့်စုံမှုများကြောင့် ဆုံးရှုံးနစ်နာမှုများရှိနေသည့်အတွက် ပြည်သူများ အတက်နိုင်ဆုံးပါဝင်ကူညီပေးကြရန် YDF ထီးလင်းတာဝန်ရှိသူက မေတ္တာရပ်ခံပြောဆိုသည်။

(ထောက်ပံ့ကူညီချင် သူများအနေဖြင့် ဖော်ပြပါ ထီးလင်း YDF ပေ့ချ် တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ https://www.facebook.com/profile.php?id=100085714926218)

ပုံစာ – မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ထန်းပင်ကုန်းကျေးရွာမှ နေအိမ်များ

Author

  • thanlwinkhet
    thanlwinkhet

    View all posts
featured တိုက်ပွဲသတင်း နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleရှမ်းမြောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သားများ မှားယွင်း ပစ်ခတ်ခံရ
Next Article လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပြည်သူ့စစ်များသည့်အတွက် စစ်ကောင်စီယန္တရားကို ထိရောက်စွာ ဖိအားပေးရန်မလွယ်ဟု TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်ပြော။
thanlwinkhet
  • Website

Related Posts

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

May 17, 2025

Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ

May 16, 2025

Leave A Reply Cancel Reply

Recent Posts

  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
  • Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ
  • စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့

Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ

May 17, 2025

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့

May 16, 2025

Adidas ချုပ်သည့် စက်ရုံမှ ဆန္ဒပြအလုပ်သမားများ ခြိမ်းခြောက်ခံနေရ

May 16, 2025

စစ်ကောင်စီတိုက်လေယာဉ် နယ်စပ်ကပ်လာ၍ ထိုင်းဘက်က တိုက်လေယာဉ်နှစ်စီး စေလွှတ်

May 16, 2025

နှစ်ရက်ဆက် လေကြောင်းကြဲခံရပြီး‌နောက် ကျောက်တော် ဒေသခံများ ဘေးလွတ်ရာ ရွေ့ပြောင်း

May 16, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.