• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကရင်နီစစ်ရှောင် ၄၀၀၀ ကျော်ရောက်ရှိလာချိန်၌ ထိုင်းဘက်ကနယ်စပ် လမ်းကြောင်းများပိတ်လိုက်
နေ့စဉ်သတင်း

ကရင်နီစစ်ရှောင် ၄၀၀၀ ကျော်ရောက်ရှိလာချိန်၌ ထိုင်းဘက်ကနယ်စပ် လမ်းကြောင်းများပိတ်လိုက်

thanlwinkhetBy thanlwinkhetJune 16, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

ဇွန် ၁၆ ၊ ၂၀၂၃ ။

ကရင်နီစစ်ဘေးရှောင်များ ထွက်ပြေးရှောင်တိမ်းလာသည့် လမ်းကြောင်းများကို ထိုင်းနိုင်ငံဘက်က ပိတ်လိုက်သောကြောင့် ထိုင်း–ကရင်နီနယ်စပ်တစ်လျောက်၌ ကျန်ရှိနေသေးသည့် စစ်ရှောင် ၃၀၀၀ ကျော်အတွက် ကူညီမှုများသွားရောက်ပေးအပ်ရန် အခက်အခဲများဖြစ်နေသည်ဟု သိရသည်။

ထိုင်း–မြန်မာနယ်စပ် ၊ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၁၃ရက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲ၊ပစ်ခတ်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသောကြောင့် မယ်စဲ့မြို့ပေါ်နှင့်အနီးနားကျေးရွာများရှိ ကရင်နီဒေသခံများက ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးရှောင်တိမ်းကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်ရောက်ရှိလာသည့် ကရင်နီစစ်ဘေးရှောင်များမှာ  ၄၀၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံဘက်ကလမ်းကြောင်းများကို ယနေ့နံနက်ပိုင်းတွင်ပိတ်လိုက်သည့်အတွက် မြန်မာနယ်စပ်ဘက်ခြမ်း၌ ကျန်ရှိနေသည့် စစ်ရှောင်များအတွက် လုံခြုံရေး စိုးရိမ်ရသလို ကူညီပေးရေးလမ်းနည်းများကို ထပ်မံရှာဖွေရတော့မည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး – ၂ မော်ဖရေမြာက သံလွင်ခက်ကိုပြောသည်။

” စစ်ကောင်စီဘက်က လေယာဥ်တွေနဲ့လာချတော့ အရမ်းကြောက်ပြီး တစ်ဖက်ထိုင်းနိုင်ငံကိုကူးလာတဲ့ စစ်ရှောင်တွေရှိသလို တချို့ကလည်း လာမမီပဲနဲ့ပြည်တွင်းနယ်စပ်ဘက်မှာ ကျန်နေတာရှိတယ်ပေါ့နော်။ ထိုင်းဘက်က ပိတ်ထားတော့ သူတို့ဖြတ်လာလို့မရတော့ဘူး ။ ထိုင်းနယ်စပ်ဘက်ထိရှောင်လာတာက လူဦးရေက ၄၀၀၀ ကျော်ကျော်ရှိတယ်ပေါ့။ ထိုင်းဘက်က နေရာအတွက် လက်ခံပေးတယ်ဆိုပေမယ့် ဘယ်လောက်ထိလက်ခံပေးနိုင်ပြီးတော့မှဘယ်အချိန် ပြန်ပို့မလဲဆိုတာက စိုးရိမ်တယ်ပေါ့နော် “ဟု ၎င်းကပြောသည် ။

ပြည်တွင်းနယ်စပ်ဘက်ခြမ်းတွင်ကျန်နေခဲ့သည့် စစ်ရှောင်များကို ကရင်နီအမျိုးသမီးအစည်းအရုံး KNWOကယမန်နေ့တွင်သွားရောက်ကူညီမှုများပေခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လမ်းကြောင်းများပိတ်လိုက်သည့်အတွက် လုံခြုံစိတ်ချသော လမ်းကြောင်းများရှာဖွေနေရကာ စစ်ရှောင်များမှာလည်း ရက်ပိုင်းအတွင်းအကူအညီများ မရောက်နိုင်လျှင် စားနပ်ရိက္ခာများပြတ်လပ်နိုင်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံဘက်နှင့် ပြည်တွင်းနယ်စပ်တို့၌ရှိနေသည့် ကရင်နီစစ်ဘေးရှောင် ၇၀၀၀ ကျော်အတွက် တဲများ၊ အမိုး၊အကာ ၊ အခင်း ၊ စားနပ်ရိက္ခာ၊ အမျိုးသမီးနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ နှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။

လက်ရှိတွင်စစ်ကောင်စီတပ်က မယ်စဲ့မြို့နယ်အပြင် မယ်စဲ့နှင့်တစ်ဆက်တည်း ဖားဆောင်းမြို့နယ်ကိုပါလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ခူညေးရယ်က သံလွင်ခက်ကိုပြောသည်။

မယ့်စဲ့မြို့တွင် ဒီးမော့ဆို ၊ ဖရိူဆို ၊ လွိုင်ကော်မြို့နယ်ဘက်မှပြောင်းရွေ့လာသည့်စစ်ဘေးရှောင်များအပါအဝင်ကရင်နီဒေသခံ ၉၀၀၀ ခန့်ရှိပြီး လက်ရှိထိုင်းနိုင်ငံဘက် ထွက်ပြေးနေရသူများတွင် စစ်ကောင်စီ၏ ပညာရေး၊ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများလည်းပါဝင်နေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇွန်လ ၁၃ရက်တွင် မယ်စဲ့မြို့မရဲစခန်းနှင့် စစ်ကောင်စီနယ်စပ်ဂိတ်စခန်းသုံးခုကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ပုံစာ–မယ်စဲ့မြို့နယ်အတွင်းမှ ထွက်ပြေးရှောင်တိမ်းလာကြရသည့် ကရင်နီစစ်ဘေးရှောင်များ ။

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1450

YouTube -> https://youtu.be/9ijGcDu-6fE

Website ->  https://thanlwinkhet.net/?p=5127

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာကလေးလုပ်သားတစ်သန်းကျော် အန္တရာယ် ရှိသည့်လုပ်ငန်းခွင်များသို့ရောက်ရှိနေ
Next Article မိုးဗြဲမြို့ထိုးစစ်အတွင်း ပြည်သူ ၃၂ ဦး သေဆုံး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.