သံလွင်ခက်
မေ ၃၀ ၊ ၂၀၂၃။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် သီးမစ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၁ဦး ကျဆုံးခဲ့သည်ဟုဒေသခံများထံမှ သိရသည်။
အင်အား ၁၅၀ ခန့်စစ်ကောင်စီတပ်က ဟားခါးမြို့မှ ထန်တလန်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာခဲ့ရာ ဟားခါး–ထန်တလန်အကြား သီမစ်ဒေသတွင် ယမန်နေ့ မေ ၂၉ရက်တွင် ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ပြီး ချင်းကာကွယ်ရေး ပူးပေါင်းများထိခိုက် ကျဆုံးမှုနှင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲအတွင်း၌ ဟားခါး CDFမှ ရဲဘော် ၈ဦး၊ ဇိုးဖိုင် CDF မှရဲဘော် ၁ဦး ၊ ချင်းအမျိုးသားတပ်ဦးCNA/CNF မှရဲဘော် ၂ဦး တို့ကျဆုံးခဲ့သည်ဟု CDF နှင့်ဒေသတွင်း သတင်းအရင်းအမြစ်များက ဖော်ပြထားသည်။
ထိုတိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများသည်ဟုလည်း ဒေသတွင်းသတင်းအရင်းများက ဖော်ပြထားသည်။ သီးမစ်ဒေသတိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက်ကျဆုံးမှုအခြေအနေများအား CNA/CNF ပြောခွင့်ဆလိုင်းထက်နီထံ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလော၌ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဟားခါးနှင့် ထန်တလန်အကြားရှိ ချင်းအမျိုးသားတပ်မတော် (CNA) ၊ CDF ပူးပေါင်းတပ်ဖွဲ့၀င်များ ခြေကုတ်ယူထားသည့် နေရာများကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် တိုက်လေယာဉ်၊ ရဟက်ယာဉ်များဖြင့်မေလ ၂၅ရက်ကတည်းက အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု ဒေသခံသတင်းအရင်းအမြစ် The Chin Journal ကဖော်ပြထားသည်။
ဓာတ်ပုံ-The Chin Journal
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1265
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4735
Website ->https://eng.thanlwinkhet.net