• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
  • မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား
  • ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး
  • စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
နိုင်ငံတကာသတင်း

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

thanlwinkhetBy thanlwinkhetMarch 26, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ် ၂၆

အီရန်အစိုးရသည် သမ္မတထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ပယ်ချကာ တန်ပြန်တောင်းဆိုချက် ၅ ရပ်ကို တင်ပြခဲ့ကြောင်း အီရန်နိုင်ငံပိုင် Press TV သတင်းဌာနက ဖော်ပြသည်။

အဆိုပါ တောင်းဆိုချက်များတွင် အီရန်အပေါ် နောက်ထပ်တိုက်ခိုက်မှုများ မပြုလုပ်ရန် အာမခံချက်ပေးရေး၊ စစ်လျော်ကြေးပေးရေးနှင့် ကမ္ဘာ့ရေနံလမ်းကြောင်းအတွက် အရေးပါသည့် ဟော်မုဇ် ရေလက်ကြားအပေါ် အီရန်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုရေးတို့ ပါဝင်သည်။

အမေရိကန်၏ အဆိုပြုချက်ကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အီရန်ထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ New York Times ၏ ဖော်ပြချက်အရ အမေရိကန်၏ အစီအစဉ်တွင် အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုကို အပြီးတိုင် စွန့်လွှတ်ရန်နှင့် ရှိရင်းစွဲ နျူကလီးယား စွမ်းဆောင်ရည်များကို ဖျက်သိမ်းရန် ပါဝင်သည်။

သို့သော်လည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ်က ဆွေးနွေးမှုများ ဆက်လက်ရှိနေပြီး အပြုသဘောဆောင်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကမူ “ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးကို မလိုချင်ဘူး၊ စစ်ပွဲကို ကျွန်တော်တို့ သတ်မှတ်တဲ့ စည်းကမ်းချက်တွေအတိုင်း အပြီးတိုင် အဆုံးသတ်ချင်တာ” ဟု ပြောဆိုခဲ့ပြီး အီရန်ပြည်သူများ ခံစားခဲ့ရသည့် နစ်နာမှုများအတွက် လျော်ကြေးပေးရန် အလေးပေး ပြောကြားခဲ့သည်။

အမေရိကန် တပ်အင်အား တိုးချဲ့ချထားမှု

အမေရိကန် အစိုးရသည် အမှတ် (၈၂) လေထီးတပ်မမှ တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ရန် အမိန့်ထုတ်ပြန်ထားသည်။ ယခင်စေလွှတ်ထားသည့် ရေတပ်တပ်ဖွဲ့ဝင်များနှင့်ပေါင်းပါက ဒေသတွင်းရှိ အီရန်နှင့် နီးကပ်သောနေရာများတွင် အမေရိကန် ကြည်းတပ်အင်အား ၈,၀၀၀ ခန့်အထိ ရှိလာမည်ဖြစ်သည်။

သမ္မတထရမ့်က မြေပြင်တပ်ဖွဲ့ဝင်များ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ရန် အစီအစဉ်မရှိဟု ပြောဆိုထားသော်လည်း လုံးဝဖြစ်နိုင်ခြေမရှိဟုမူ ငြင်းဆိုထားခြင်း မရှိပေ။

ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့် ကမ္ဘာ့စီးပွားရေး ရိုက်ခတ်မှုအီရန်သည် ကမ္ဘာ့ရေနံလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုရေလက်ကြားကို ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ပိတ်ဆို့ထားသည်။

အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်အနေဖြင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်ပြီး ၎င်းတို့နှင့် ရန်ဘက်ဖြစ်သော နိုင်ငံများမှ သင်္ဘောများ ဖြတ်သန်းခွင့်ကို တားမြစ်ထားသည်။

ယင်းကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာပြီး စွမ်းအင်လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေသည်။

လေဘနွန်စစ်မျက်နှာနှင့် အစ္စရေး၏ စစ်ရာဇဝတ်

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လေဘနွန်နိုင်ငံတွင် တစ်ညတည်း၌ပင် လူပေါင်း ၃၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

ယခုလအတွင်း အစ္စရေး၏ စစ်ဆင်ရေးကြောင့် လေဘနွန်တွင် လူ ၁,၀၀၀ ကျော် သေဆုံးပြီး လူဦးရေ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးက လေဘနွန်တောင်ပိုင်းရှိ နယ်မြေအချို့ကို ဆက်လက်ထိန်းချုပ်ထားမည်ဟု ခြိမ်းခြောက်ထားပြီး Human Rights Watch ကမူ အစ္စရေး၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု မြောက်နိုင်သတိပေးထားသည်။

ဒေသတွင်း စီးပွားရေး ဆုံးရှုံးမှုများ

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ လက်ရှိစစ်ပွဲကြောင့် အာရပ်ဒေသတွင်း စီးပွားရေးအရ ဒေါ်လာ ၆၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ပြီဖြစ်သည်။

ကူဝိတ်လေဆိပ်ရှိ လောင်စာဆီသိုလှောင်ကန်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရသကဲ့သို့ ဆော်ဒီအာရေးဗီးယားရှိ ရေနံထွက်ရာ ဒေသများသို့လည်း အီရန်၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပစ်မှတ်ထားခြင်း ခံနေရသည်။

တစ်ချိန်တည်းမှာပင် အီရတ်နိုင်ငံအတွင်းရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင် စခန်းများကို အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်နေပြီး အီရတ်အစိုးရကမူ ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သည်ဟုဆိုကာ ကန့်ကွက်ထားသည်။

ဒေသတွင်း၌ စစ်မီးမှာ နိုင်ငံအများအပြားသို့ ကူးစက်ပြန့်နှံ့နေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း ရှေ့မတိုးနိုင်ဘဲ ရှိနေသည်။

REF: NPR

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
Next Article ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
thanlwinkhet
  • Website

Related Posts

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

March 26, 2026

စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း

March 25, 2026

ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီကို ကလေးသူငယ် ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုဖြင့် ဒေါ်လာ ၃၇၅ သန်း ဒဏ်ရိုက်

March 25, 2026

Leave A Reply Cancel Reply

Recent Posts

  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

March 26, 2026

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

March 26, 2026

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

March 26, 2026

တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

March 26, 2026

မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား

March 25, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.