• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
  • မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား
  • ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး
  • စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား
ပင်မစာမျက်နှာ

မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား

thanlwinkhetBy thanlwinkhetMarch 25, 2026Updated:March 26, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ်၂၅။                                                                                                                                           ဓာတ်ပုံ – JFM
အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံးကို ဝယ်ယူထားကြောင်း Justice For Myanmar (JFM) က ထုတ်ဖော်လိုက်သည်။
အဆိုပါ ဝယ်ယူမှုကို မင်းအောင်လှိုင်၏ အာဏာသိမ်းကြိုးပမ်းမှု ဒုတိယနှစ်ဖြစ်သော ၂၀၂၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများကို အရှိန်အဟုန်မြှင့် ကျူးလွန်နေချိန်လည်း ဖြစ်သည်။
JFM ၏ အစီရင်ခံစာအရ အဆိုပါအိမ်ရာကို ဝယ်ယူသူ၏ အချက်အလက်များ ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်ရှားရန်အတွက် Emerald Princess Company Limited ဟုခေါ်သော ကြားခံရုပ်ပြကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့ကြောင်း သိရသည်။
ယင်းဝယ်ယူမှုကို မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုမျှ မခံရသေးသည့် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက် က အမည်ခံကာ ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်အုပ်စုခရိုနီ ထွန်းမင်းလတ် သည် မင်းအောင်လှိုင်မိသားစုကိုယ်စား အဆိုပါအရောင်းအဝယ်ကို ညှိနှိုင်းပေးခဲ့သူဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်ကလည်း မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံအတွက် Belle Grand Rama 9 တွင် တိုက်ခန်းတစ်ခန်း ဝယ်ယူနိုင်ရန် ကူညီပေးခဲ့ဖူးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေချိန်မှာ သူ့မိသားစုက မတရားရထားတဲ့ ငွေတွေနဲ့ ထိုင်းမှာ လာရင်းနှီးမြှုပ်နှံတာဟာ ရွံရှာစက်ဆုပ်ဖွယ် ကောင်းပါတယ်”ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားသည်။
Justice For Myanmar က ထိုင်းအာဏာပိုင်များအနေဖြင့် ယင်းအိမ်ရာဝယ်ယူမှုတွင် အသုံးပြုခဲ့သော ငွေကြေးများသည် အဂတိလိုက်စားမှုမှ ရရှိလာခြင်းဖြစ်နိုင်သဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေများအရ ချက်ချင်းစုံစမ်းစစ်ဆေးရန်၊ တရားစွဲဆိုရန်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် တောင်းဆိုထားသည်။
#မင်းအောင်လှိုင်မိသားစု #ဘန်ကောက် #ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ #ဝယ်ယူ #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး
Next Article တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
thanlwinkhet
  • Website

Related Posts

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး

March 25, 2026

စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း

March 25, 2026

Leave A Reply Cancel Reply

Recent Posts

  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

March 26, 2026

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

March 26, 2026

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

March 26, 2026

တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

March 26, 2026

မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား

March 25, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.