သီပေါ – နမ္မတူ လမ်းမကို ဖြတ်တောက်ရန် စစ်ကောင်စီ မြောင်းဖောက်ဖျက်ဆီး
***************
သံလွင်ခက်။
ဇွန် ၁၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ – နမ္မတူ လမ်းမကို စစ်ကောင်စီက မြောင်းဖောက်ကာ ယာဉ်များသွားလာလို့မရစေရန် ပြုလုပ်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယမန်နေ့တွင် ထုတ်ပြန်သည်။
သီပေါမြိုနယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို စစ်ကောင်စီတပ်က မြောင်းတူးဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သီပေါ – ကွန်စံလိတ် လမ်းအတိုင်း မန်စံရွာကို သွားရောက်နိုင်ပြီး ထိုမှတဆင့် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်နှင့် နမ္မမြို့ကို သွားရောက်နိုင်သည်။
ထို့ကြောင့် စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့များတွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်ခြင်းဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နောင်ချို ၊ မိုးမိတ်စသည့်မြိုနယ်များတွင် နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပြင် ယခုကဲ့သိုကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားသည်မှာ ဟိုင်ဂင်သဘောတူစာချုပ် ချိုးဖောက်ပြီး ပြဿနာဖြစ်အောင်ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် မိုးမိတ်မြိုနယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ တအာင်းတပ်မတော် (TNLA)တပ်စခန်းအား စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် TNLA ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ – စစ်ကောင်စီ မြောင်းဖောက်ဖျက်ဆီးခဲ့သည့် သီပေါ – နမ္မတူ လမ်းပိုင်း။
Photo – PSLF/TNLA
****
Telegram – > https://t.me/ThanLwinKhetNews/4792
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10507