![]()
သံလွင်ခက်/ဧပြီ ၆ ။ ဓါတ်ပုံ – กองทัพบก Royal Thai Army

၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် နေ့လယ်ပိုင်းတွင် ထိုင်းတပ်မတော်(အမှတ် ၃ စစ်ဒေသ) စစ်ဆင်ရေးဗဟိုဌာန(ရှေ့တန်း)သည် လေကြောင်းတပ်ရင်း အထူးတပ်ဖွဲ့၏ ပံ့ပိုးမှုဖြင့် Mi-17 ရဟတ်ယာဉ် တစ်စင်းကို အသုံးပြုကာ တောမီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

အဆိုပါ ဆောင်ရွက်မှုကို ထိုင်းနိုင်ငံ မြောက်ပိုင်း ၁၇ ခရိုင်အတွင်း ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှု၊ မြူခိုးထူထပ်မှုနှင့် လေထုအတွင်း ဖုန်မှုန့်များကြောင့် လေထုညစ်ညမ်းမှု (PM2.5)လျှော့ချရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။
ချင်းမိုင်ခရိုင်၊ ဒွိုင်တောင် (Doi Tao) မြို့နယ်အတွင်း၌ ရဟတ်ယာဉ်ဖြင့် ၃ ကြိမ်ရေပက်ဖျန်း ငြှိမ်းသတ်ခဲ့ပြီး စုစုပေါင်း ရေပမာဏ ၁၀,၅၀၀ လီတာ အသုံးပြုခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများတွင် လေထုညစ်ညမ်းမှု PM2.5 အထိ မြင့်တက်လာနေ၍ ဂရုစိုက်သွားလာနေထိုင်ကြရန် လေထုညစ်ညမ်းမှု လျှော့ချရေးဌာနမှ သတိပေးထားသည်။

အဆိုပါ လေထုညစ်ညမ်းမှုမှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ဧပြီလ ၅ ရက်အတွင်း PM2.5 အဆင့်ထက် မြင့်တက်လာသည်ဟု ထုတ်ပြန်ထားသည်။
#စစ်တပ် #ထိုင်းနိုင်ငံမြောက်ပိုင်း #လေကြောင်း #တောမီးငြိမ်းသတ်မှုဆောင်ရွက် #ThanLwinKhetNews
