• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်
  • စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ
  • ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်
  • လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ
  • မြောက်ဦး မူစလင်တို့၏ ဝါဖြေပွဲသို့ အေအေ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု
  • သရက်ချောင်းတွင် တစ်ရက်တည်း နှစ်ကြိမ် ဗုံးကြဲခံရ
  • ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်မူအတွက် ဓနုဖက်ဒရယ်ကောင်စီ ဖွဲ့စည်း
  • လျှပ်စစ်ဓာတ်အားစနစ် ရပ်ဆိုင်းသွားသည့် ကျူးဘားကို “သိမ်းပိုက်ခွင့်” ရတော့မည်ဟု ထရန့်ပ် ကြုံးဝါး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ထုတ်ပြန်ချက်»စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ
ထုတ်ပြန်ချက်

စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ

thanlwinkhetBy thanlwinkhetMarch 17, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ် ၁၇။                                           ဓာတ်ပုံ – Human Rights Myanmar နှင့် လွတ်လပ်သောမြန်မာသတင်း                                                                                                                        မီဒီယာကောင်စီ ( IPCM ) ၏ အစီရင်ခံစာမျက်နှာဖုံး
၂၀၂၅-၂၆ ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်သည် လူထု၏ သတင်းသိပိုင်ခွင့်ကို စနစ်တကျ ပိတ်ဆို့ခဲ့ပြီး ပြည်သူများကို ၎င်းတို့၏ စောင့်ကြည့်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန် နည်းဗျူဟာကျကျ တွန်းပို့ခဲ့ကြောင်း အစီရင်ခံစာအသစ်တစ်ခု ဖော်ထုတ်လိုက်သည်။
Human Rights Myanmar နှင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ ( IPCM ) တို့ ပူးပေါင်း၍ ထုတ်ပြန်လိုက်သည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၂၅-၂၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော သတင်းမီဒီယာများအပေါ် စစ်ကော်မရှင်၏ စနစ်တကျ ပိတ်ဆို့ကန့်သတ်ပုံနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချကာ လူထုကို စောင့်ကြည့်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည့် အခြေအနေများကို အသေးစိတ် ဖော်ပြထားသည်။
🟩 သတင်းမီဒီယာများကို စနစ်တကျ ပိတ်ဆို့
အစီရင်ခံစာ၏ ဖော်ပြချက်အရ ပြီးခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော သတင်းမီဒီယာများ၏ ဝဘ်ဆိုက် ၉၃ ရာခိုင်နှုန်းခန့်ကို စစ်ကော်မရှင်က ပိတ်ဆို့ထားခဲ့သည်။
ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်ပြီး အရွယ်အစားကြီးမားသည့် သတင်းမီဒီယာဝဘ်ဆိုက်များသို့ ဝင်ရောက်နိုင်မှုကို ၉၃ % အထိ တိုးမြှင့်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် စစ်တပ်၏ သတင်းဌာနကြီးများဖြစ်သည့် Myanmar Now (၉၈ %)၊ The Irrawaddy (၉၈ %) နှင့် Mizzima (၉၂ %) တို့ကို အပြင်းထန်ဆုံး ပစ်မှတ်ထားခဲ့သည်။
လွတ်လပ်သော မီဒီယာများကို ၉၀ % ကျော် ပိတ်ဆို့ထားသော်လည်း စစ်တပ်နှင့် အဆင်ပြေသည့် သတင်းဌာန (ဥပမာ – Eleven Media) ကိုမူ ၀ % မှ ၁ % ခန့်သာ ကန့်သတ်ထားသည်။
ဤသို့ဖြင့် အွန်လိုင်းပေါ်တွင် စစ်တပ်၏ ဝါဒဖြန့်မှုများသာ လွှမ်းမိုးစေပြီး ပြည်သူများအကြား မှန်ကန်သော သတင်းအချက်အလက် ကင်းမဲ့သည့် အခြေအနေကို တမင်ဖန်တီးထားခြင်း ဖြစ်သည်။
🟩 နည်းပညာ ချို့ယွင်းချက် အသွင်ဆောင်၍ ပိတ်ဆို့
ထူးခြားသည်မှာ ပိတ်ဆို့မှု၏ ၉၈ ရာခိုင်နှုန်းမှာ တိုက်ရိုက်ပိတ်ဆို့ခြင်းမျိုးမဟုတ်ဘဲ၊ အင်တာနက်လိုင်းနှေးကွေးခြင်း သို့မဟုတ် ဝဘ်ဆိုက်များ ပျက်နေခြင်းကဲ့သို့သော “နည်းပညာဆိုင်ရာ ချို့ယွင်းချက်” အသွင်ဆောင်သည့် လျှို့ဝှက်ပိတ်ဆို့မှုများ ဖြစ်သည်။
ဤနည်းလမ်းသည် ပြည်သူများအနေဖြင့် ဆင်ဆာဖြတ်တောက်ခံနေရမှန်း မသိစေရန် ရည်ရွယ်ပြီး၊ မိမိတို့၏ အင်တာနက်ဝန်ဆောင်မှု ညံ့ဖျင်းနေခြင်းသာ ဖြစ်သည်ဟု ထင်မြင်လာစေရန် လှည့်ဖြားသည့်လုပ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
🟩 လူထုကို စောင့်ကြည့်ရေးကွန်ရက်များထဲ တွန်းပို့
အခြားတဖက်တွင်လည်း စစ်ကော်မရှင်သည် ပြည်သူများအကြား လုံခြုံမှုရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ပြီး လုံခြုံမှုမရှိသော လမ်းကြောင်းများဆီသို့ လူထုကို တွန်းပို့နေကြောင်းလည်း တွေ့ရှိရသည်။
အစီရင်ခံစာပါ အချက်အလက်များအရ လုံခြုံရေးစနစ် ကောင်းမွန်သည့် Signal ကို ၉၈ ရာခိုင်နှုန်းအထိလည်းကောင်း၊ WhatsApp ကို ၉၇ ရာခိုင်နှုန်းအထိလည်းကောင်း အပြင်းအထန် ပိတ်ဆို့ဖြတ်တောက်ထားသည်။
သို့သော် အသုံးပြုသူ၏ အချက်အလက်များကို စောင့်ကြည့်စစ်ဆေးရန် ပိုမိုလွယ်ကူသည့် Telegram ကဲ့သို့သော အက်ပလီကေးရှင်းကိုမူ ၅ ရာခိုင်နှုန်းခန့်သာ ကန့်သတ်ထားပြီး၊ TikTok နှင့်အတူ လွတ်လပ်စွာနီးပါး အသုံးပြုခွင့်ပေးထားခြင်းမှာ အသုံးပြုသူများ၏ ပြောဆိုဆက်သွယ်မှုများကို စနစ်တကျ ပြန်လည်စောင့်ကြည့်နိုင်ရန် ရည်ရွယ်ပုံရသည်။
သတင်းထောက်များနှင့် သတင်းပေးပို့သူများအနေဖြင့် ၎င်းတို့၏ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်းခံရပြီး ဖမ်းဆီးအရေးယူခံရစေရန် စစ်ကော်မရှင်က တမင်ဖန်တီးထားသည့် “စောင့်ကြည့်စစ်ဆေးရေး လမ်းကြောင်း” ဖြစ်ကြောင်း အစီရင်ခံစာက သတိပေးသည်။
🟩 တယ်လီကွန်းကုမ္ပဏီများက ပူးပေါင်းပါဝင်နေ
ဤဒစ်ဂျစ်တယ်ဆင်ဆာယန္တရား အောင်မြင်စေရန်အတွက် တယ်လီကွန်းကုမ္ပဏီများမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
အချက်အလက်များအရ အစိုးရပိုင် MPT နှင့် စစ်ကော်မရှင်ပိုင် Mytel တို့မှာ မီဒီယာများကို ၁၀၀ ရာခိုင်နှုန်းနီးပါး ပိတ်ဆို့ထားကာ ရှေ့တန်းမှ ဦးဆောင်နေသည်။
ပုဂ္ဂလိက တယ်လီကွန်းကုမ္ပဏီများမှာလည်း စစ်ကော်မရှင်၏ ခြိမ်းခြောက်မှုများကြောင့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို လျစ်လျူရှုကာ အဆိုပါ ဒစ်ဂျစ်တယ် အာဏာသိမ်းမှုတွင် အားပေးကူညီသူများ ဖြစ်လာခဲ့ကြသည်။
🟩 ပိတ်ဆို့ အရေးယူရန်တောင်းဆို
တယ်လီကွန်းကုမ္ပဏီများအနေဖြင့် ဝဘ်ဆိုက်များကို ပိတ်ဆို့ရာတွင် နည်းပညာဆိုင်ရာ ချို့ယွင်းချက် (fake technical errors) ကြောင့် ဝဘ်ဆိုက်ပျက်နေသကဲ့သို့ လှည့်ဖြားခြင်း မပြုရန်နှင့် ပိတ်ဆို့ထားကြောင်း ရှင်းလင်းစွာ ဖော်ပြသည့် စာမျက်နှာ (Block pages) များဖြင့် အသုံးပြုသူများကို အသိပေးရန် အစီရင်ခံစာက တောင်းဆိုထားသည်။
နိုင်ငံတကာ အစိုးရများ၊ အဖွဲ့စည်းများ အနေဖြင့်လည်း ဒစ်ဂျစ်တယ် ဆင်ဆာစနစ်ကို ဦးဆောင်ရေးဆွဲ အကောင်အထည်ဖော်နေသည့် စစ်ကော်မရှင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) ၏ ခေါင်းဆောင်ပိုင်းများကို ပစ်မှတ်ထား၍ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ အတုအယောင်ရွေးကောက်ပွဲကို အသိမှတ်ပြုရန် Human Rights Myanmar နှင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ ( IPCM ) တို့က တိုက်တွန်းထားသည်။
#IPCM #HumanRightsMyanmar #အစီရင်ခံစာ
#ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်
Next Article ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်
thanlwinkhet
  • Website

Related Posts

ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်

March 17, 2026

ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်

March 17, 2026

လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ

March 17, 2026

Leave A Reply Cancel Reply

Recent Posts

  • ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်
  • စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ
  • ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်
  • လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ
  • မြောက်ဦး မူစလင်တို့၏ ဝါဖြေပွဲသို့ အေအေ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်

စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ

ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်

လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရွှေ့ပြောင်းကလေးငယ်များ အခမဲ့ပညာသင်ကြားခွင့်မူဝါဒကို ထိုင်းအမျိုးသားရေးလှူပ်ရှားသူတွေ ကန့်ကွက်

March 17, 2026

စောင့်ကြည့်ထိန်းချုပ်နိုင်ရန် လူထုကို လုံခြုံမှုမရှိသော App များဆီသို့ စစ်တပ်က တမင်တွန်းပို့နေ

March 17, 2026

ပလောတပို့စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ရှောင်များ ကျန်းမာရေး အကူညီလိုအပ်

March 17, 2026

လယ်ဒိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်များအပါ ၄ ဦးသေဆုံး၊ လသားကလေးငယ် ထိခိုက်ဒဏ်ရာရ

March 17, 2026

မြောက်ဦး မူစလင်တို့၏ ဝါဖြေပွဲသို့ အေအေ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြု

March 17, 2026

သရက်ချောင်းတွင် တစ်ရက်တည်း နှစ်ကြိမ် ဗုံးကြဲခံရ

March 17, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.