• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို
  • ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
  • ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ
  • ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်
  • တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်
  • ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သည့် မောင်မောင်လွင်ကို ၆ လ ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်
  • DKBA နယ်မြေရှိ ကျားဖြန့်ရုံကို စစ်ကော်မရှင် လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၄၀ ကျော် ဒဏ်ရာရ
  • မြဝတီဘက်ခြမ်း ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၂၃ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပြည်တွင်းသတင်း»TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို
ပြည်တွင်းသတင်း

TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို

thanlwinkhetBy thanlwinkhetMarch 14, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ်လ ၁၄

MNDAA ၏ ကိုးကန့်ဒေသအတွင်းသို့ PSLF/TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ရိုက်နှက်မောင်းထုတ်ခြင်းနှင့် နယ်မြေအား လုယူသိမ်းပိုက်ရန် ကြိုးပမ်းခြင်းတို့ကြောင့် MNDAA ဘက်မှ မလွှဲသာမရှောင်သာ တုံ့ပြန်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း MNDAA စစ်ရေးကော်မတီက ယနေ့ထုတ်ပြန်သည်။

MNDAA ၏ ထုတ်ပြန်ချက်အရ ပဋိပက္ခ၏ အစပျိုးချက်မှာ ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါနေ့မှစ၍ MNDAA ၏ အုပ်ချုပ်ရေးဌာနများနှင့် တပ်ဖွဲ့များအပေါ် PSLF/TNLA ဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု MNDAA ဘက်က ဖော်ပြထားသည်။

MNDAA စစ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းမှာ ဆွေးနွေးညှိနှိုင်းမှုများ အဆင်မပြေခြင်းနှင့် စစ်ရေးအရ ကျူးကျော်မှုများရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်းတွင် MNDAA ဘက်မှ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် PSLF/TNLA အဖွဲ့ထံ အကြိမ် (၅) ကြိမ်တိုင်တိုင် အကြောင်းကြားစာပေးပို့၍ ဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း အဆိုပါအဖွဲ့ဘက်မှ လျစ်လျူရှုထားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီ (၁၇) ရက်နေ့မှစတင်ကာ PSLF/TNLA တပ်ဖွဲ့များက MNDAA ၏ ထိန်းချုပ်နယ်မြေအတွင်းသို့ တပ်များစေလွှတ်ပြီး နယ်မြေသိမ်းပိုက်ရန် ကြိုးပမ်းလာခြင်းသည် အဓိကကျူးကျော်မှုတစ်ခုဖြစ်ကြောင်း MNDAA က သတ်မှတ်ထားသည်။

အဆိုပါအခြေအနေများအကြား မတ်လ (၁၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ကင်းလှည့်နေသော MNDAA တပ်ဖွဲ့ဝင်များကို PSLF/TNLA ဘက်မှ ကြားဖြတ်တိုက်ခိုက်လာသောကြောင့် ၎င်းတို့၏ အသက်အန္တရာယ်နှင့် နယ်မြေလုံခြုံရေးအတွက်သာ မလွှဲသာမရှောင်သာ ပြန်လည်တုံ့ပြန်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း MNDAA က အသိပေးထားသည်။

MNDAA က ၎င်းတို့၏ထုတ်ပြန်ချက်တွင် PSLF/TNLA အနေဖြင့် ကိုးကန့်ဒေသ၌ တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းခြင်း၊ တိုင်းရင်းသားအချင်းချင်း အမြင်လွဲမှားမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်းဖြင့် လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။

MNDAA က ၎င်းတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ညီနောင်မဟာမိတ်ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ထပ်လောင်းပြောကြားသော်လည်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက မိမိကိုယ်ကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း အလေးပေးဖော်ပြထားသည်။

မတ်လ (၁၄) ရက်နေ့ တိုက်ပွဲအပြီး ပေါ်ပေါက်လာမည့် နောက်ဆက်တွဲပြဿနာများအတွက် PSLF/TNLA ဘက်ကသာ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ PSLF/TNLA ဘက်မှ ဤစွပ်စွဲချက်များနှင့် ပတ်သက်၍ တရားဝင်တုံ့ပြန်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ယနေ့ တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ်အတွင်းရှိ အချက်အချာကျသော နေရာဒေသများတွင် ဖြစ်ပွားခဲ့ပြီးထိတွေ့တိုက်ပွဲများမှာ လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျူဟာကုန်း၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး၊ မြို့၏အနောက်မြောက်ဘက် ရှုခင်းသာအနီးနှင့် အရှေ့မြောက်ဘက် မော်ဟန်ကျေးရွာအနီး၊ ထို့အပြင် နမ့်ဖတ်ကာကျေးရွာအနီးတို့အထိ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ သတင်းအရ တိုက်ပွဲများအပြီး မတ်လ (၁၄) ရက်၊ နေ့လယ် (၁:၃၀) နာရီ ဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့အတွင်း၌ TNLA တပ်ဖွဲ့ဝင်များ ရှိမနေတော့ဘဲ MNDAA တပ်ဖွဲ့များကသာ မြို့တွင်းစိုးမိုးနေရာယူထားပြီဖြစ်ကြောင်းသိရသည်။

ပုံ – The Kokang
ပုံစာ- MNDAA တည်ထောင်ခြင်း ၃၇ နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားကျင်းပစဉ်

#MNDAA #TNLA #ကွတ်ခိုင် #တိုက်ပွဲ #ညီနောင်မဟာမိတ်

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
thanlwinkhet
  • Website

Related Posts

ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ

March 14, 2026

ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်

March 13, 2026

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်

March 13, 2026

Leave A Reply Cancel Reply

Recent Posts

  • TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို
  • ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
  • ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ
  • ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်
  • တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို

ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ

ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို

March 14, 2026

ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 14, 2026

ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ

March 14, 2026

ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်

March 13, 2026

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်

March 13, 2026

ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သည့် မောင်မောင်လွင်ကို ၆ လ ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်

March 13, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.