• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ
  • မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
  • ရခိုင်တွင် စစ်ကော်မရှင်နှင့် ဆက်စပ်သူများ၏ နေအိမ်များကို အာရက္ခတပ်တော် ချိပ်ပိတ်သိမ်းဆည်း
  • မိုးဗြဲအနောက်ခြမ်း ဆီပြတ်လပ်၊ ၁ လီတာ ကျပ် ၁ သောင်းနီးပါးထိ စျေးတက်
  • ကစယ်ဒိုတွင် ၁၇ ရက်အတွင်း လေကြောင်း ၃၆ ကြိမ် တိုက်ခိုက်ခံရ၊ ပြည်သူအများ ထိခိုက်ဒဏ်ရာရ
  • ဖားဆောင်းတံတား မိုင်းခွဲခံရမှုနောက်ဆက်တွဲ ကားခနှင့် ကမ်းကူးခများ မြင့်တက်
  • အီရန်ခေါင်းဆောင် လုပ်ကြံခံရမှု အမေရိကန်နှင့် အစ္စရေးကို တရုတ်ဝေဖန်
  • စန်းရန် အလုပ်သမားသပိတ် မပြေလည်၍ တိုင်းအဆင့် ဝင်ရောက်ညှိနှိုင်းမည်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
ပင်မစာမျက်နှာ

မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

thanlwinkhetBy thanlwinkhetMarch 5, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ် ၅။                                                                                                                                       ဓါတ်ပုံ – သံလွင်ခက်
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် Central Equipment Identity Register – CEIR ကို ယခု မတ်လ ပထမပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်ဟု စစ်ကော်မရှင်လက်အောက်မှ CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ယနေ့ ထုတ်ပြန်သည်။
အဆိုပါစနစ်ကို ယခု မတ်ကုန် နောက်ဆုံးထား၍ စာရင်းသွင်းရမည်ဖြစ်သည်။ စာရင်းသွင်းထားပြီးပါက အခွန်ထပ်မံပေးဆောင်ရန်မလိုဘဲ မိမိတို့၏ လက်ကိုင်ဖုန်းများတွင် MPT, ATOM, Ooredoo နှင့် Mytel စသည့် အော်ပရေတာတစ်ခုခု၏ SIM Card ကို ဖုန်းအတွင်း ထည့်သွင်းဖွင့်လှစ် အသုံးပြုထားရန် လိုအပ်မည်ဖြစ်သည်။
ထိုသို့ SIM Card ထည့်သွင်းအသုံးပြုထားမှသာ CEIR စနစ်၏ ခွင့်ပြုစာရင်း Whitelist ထဲသို့ အလိုအလျောက် ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ခွင့်ပြုစာရင်း Whitelist တွင် မပါဝင်သေးသော ဖုန်းများသည် ဧပြီ ၁ ရက်မှစတင်ကာ ယာယီအသုံးပြုခွင့်သာ ရရှိမည်ဖြစ်သည်။ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် စတင်ချိတ်ဆက်သည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်းသာ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ ထိုကာလကျော်လွန်ပါက သတ်မှတ်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ပမှ ဖုန်းတင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အခွန်ပေးဆောင်ပြီးမှသာ CEIR စနစ်၏ ခွင့်ပြုစာရင်းတွင် ထည့်သွင်းခွင့်ရရှိမည်ဖြစ်သည်။
အသုံးပြုသူများသည် မိမိတို့ဖုန်း၏ မူရင်းအမှတ်အသား International Mobile Equipment Identity – IMEI နံပါတ်ကို ceir.gov.mm ဝက်ဘ်ဆိုက်တွင် ထည့်သွင်းစစ်ဆေးနိုင်သည်။ ထို့အပြင် အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် အွန်လိုင်းမှတစ်ဆင့် အခွန်နှင့် ဒဏ်ကြေးများကို ပေးဆောင်နိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ဖုန်းလိုင်းမရသည့် ဒေသရှိပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။ စစ်ကော်မရှင်ကမူ အင်တာနက် အခက်အခဲရှိသည့် ဒေသများနှင့် နယ်စပ်ဒေသများရှိ ပြည်သူများအနေဖြင့် အဆိုပါဒေသများရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများ သို့မဟုတ် အကောက်ခွန်ဦးစီးဌာနရုံးများ၌ ကျသင့်အခွန်နှင့် ဒဏ်ကြေးများကို သွားရောက်ပေးဆောင်နိုင်သည်ဟု ကြေညာထားသည်။
CEIR စနစ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက CEIR Call Center ဖုန်းနံပါတ် ၁၅၇၇ နှင့် ၁၅၇၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါစနစ်နှင့်ပတ်သက်၍ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများပေါ်၌ အငြင်းပွားမှုများ ပြင်းထန်နေသည်။ Whitelist တွင် ပါဝင်ခြင်းမရှိပါက ဖုန်းလိုင်းများ ဖြတ်တောက်ခံရနိုင်သည့် အခြေအနေကြောင့် သုံးစွဲသူများအကြား စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု သိရသည်။
Myanmar Central Equipment Identity Register Portal
#မိုဘိုင်းဖုန်းထိန်းချုပ်ရေးစစ်ဆေးရေးစနစ် #CEIR #စတင်ကျင့်သုံး #စစ်ကော်မရှင်ထုတ်ပြန် #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်တွင် စစ်ကော်မရှင်နှင့် ဆက်စပ်သူများ၏ နေအိမ်များကို အာရက္ခတပ်တော် ချိပ်ပိတ်သိမ်းဆည်း
Next Article ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ
thanlwinkhet
  • Website

Related Posts

ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ

March 5, 2026

ရခိုင်တွင် စစ်ကော်မရှင်နှင့် ဆက်စပ်သူများ၏ နေအိမ်များကို အာရက္ခတပ်တော် ချိပ်ပိတ်သိမ်းဆည်း

March 4, 2026

မိုးဗြဲအနောက်ခြမ်း ဆီပြတ်လပ်၊ ၁ လီတာ ကျပ် ၁ သောင်းနီးပါးထိ စျေးတက်

March 4, 2026

Leave A Reply Cancel Reply

Recent Posts

  • ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ
  • မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
  • ရခိုင်တွင် စစ်ကော်မရှင်နှင့် ဆက်စပ်သူများ၏ နေအိမ်များကို အာရက္ခတပ်တော် ချိပ်ပိတ်သိမ်းဆည်း
  • မိုးဗြဲအနောက်ခြမ်း ဆီပြတ်လပ်၊ ၁ လီတာ ကျပ် ၁ သောင်းနီးပါးထိ စျေးတက်
  • ကစယ်ဒိုတွင် ၁၇ ရက်အတွင်း လေကြောင်း ၃၆ ကြိမ် တိုက်ခိုက်ခံရ၊ ပြည်သူအများ ထိခိုက်ဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ

မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

ရခိုင်တွင် စစ်ကော်မရှင်နှင့် ဆက်စပ်သူများ၏ နေအိမ်များကို အာရက္ခတပ်တော် ချိပ်ပိတ်သိမ်းဆည်း

မိုးဗြဲအနောက်ခြမ်း ဆီပြတ်လပ်၊ ၁ လီတာ ကျပ် ၁ သောင်းနီးပါးထိ စျေးတက်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချင်းရိုင်တွင် ဘတ်သန်း ၂၅,၀၀၀ ကျော်တန် အိုက်စ် (Ice) များ ပိုင်ရှင်မဲ့ ဖမ်းမိ

March 5, 2026

မိုဘိုင်းဖုန်း ထိန်းချုပ်စစ်ဆေးရေးစနစ် CEIR စတင်ကျင့်သုံးမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

March 5, 2026

ရခိုင်တွင် စစ်ကော်မရှင်နှင့် ဆက်စပ်သူများ၏ နေအိမ်များကို အာရက္ခတပ်တော် ချိပ်ပိတ်သိမ်းဆည်း

March 4, 2026

မိုးဗြဲအနောက်ခြမ်း ဆီပြတ်လပ်၊ ၁ လီတာ ကျပ် ၁ သောင်းနီးပါးထိ စျေးတက်

March 4, 2026

ကစယ်ဒိုတွင် ၁၇ ရက်အတွင်း လေကြောင်း ၃၆ ကြိမ် တိုက်ခိုက်ခံရ၊ ပြည်သူအများ ထိခိုက်ဒဏ်ရာရ

March 4, 2026

ဖားဆောင်းတံတား မိုင်းခွဲခံရမှုနောက်ဆက်တွဲ ကားခနှင့် ကမ်းကူးခများ မြင့်တက်

March 4, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.