• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မဲဆောက်နယ်စပ် သဘာဝဂိတ်များတွင် ကွန်တိန်နာယာဉ်ကြီးများ ကုန်တင်ချမှုကို ထိုင်းဘက်က ယာယီပိတ်ပင်
  • ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် ကရင်နီစိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်မည့်အန္တရာယ်ရှိနေ
  • မိုးဗြဲစစ်ရှောင်စခန်းသစ်တွင် ရိက္ခာနှင့် အိမ်သာအခက်အခဲ ရင်ဆိုင်နေရ
  • အာရှလမ်းမကြီး ပြန်ပွင့်သော်လည်း အမှတ် (၂) တံတား ဆက်ပိတ်ထား
  • အမေရိကန်တွင် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံးမှုမှာ လူသတ်မှုမြောက်ကြောင်း ကျန်းမာရေးဌာန အတည်ပြု
  • ထိုင်းလျှပ်စစ်ခနှုန်းထားသစ် အတည်ပြု
  • နယ်စပ်တိုက်ပွဲ ပြင်းထန်မှုကြောင့် ထိုင်းဘက်ခြမ်း မဲ့ကိုကင်းရွာသားများ ဘေးလွတ်ရာ တိမ်းရှောင်ရ၊ ဒုက္ခသည် ၄ ဦး ဗုံးစထိမှန်
  • ခရိုင်းမီးယားတွင် ရုရှားစစ်သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျ၊ လိုက်ပါသူ ၂၉ ဦးစလုံး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ကရင်နီသတင်း»ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် ကရင်နီစိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်မည့်အန္တရာယ်ရှိနေ
ကရင်နီသတင်း

ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် ကရင်နီစိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်မည့်အန္တရာယ်ရှိနေ

thanlwinkhetBy thanlwinkhetApril 2, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အက်သားရီ/ဧပြီ ၂။                                             ပုံ – ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း လမ်းမတစ်ခုပေါ်တွင် ကားဖြင့် ခရီးသွား                                                                                             လာနေကြသည့် ဒေသခံပြည်သူများ။ (ဓာတ်ပုံ – ၂၀၂၅ ခုနှစ်/ပုံဟောင်း)
 
ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုနှင့် နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှစ်ရက်တာကာလအတွင်း ဓာတ်ဆီစျေးနှုန်းများ ထပ်မံမြင့်တက်လာပြီး တစ်လီတာလျှင် ငွေကျပ် ၁၅,၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
 
ပြီးခဲ့သည့် မတ်လနှောင်းပိုင်းတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၁၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ဧပြီလ ၁ ရက်နေ့မှစတင်ကာ စျေးနှုန်းများ သိသိသာသာ ထိုးတက်သွားခြင်းဖြစ်သည်။
 
“သေးဆူလဲရွာကနေ နန်းမယ်ခုံအထိ ကျွန်တော်သိရသလောက် ဆီဆိုင် ၂ ဆိုင်ပဲ ကျန်တော့တယ်။ ဆိုင်သေးတွေက ဆီမရတော့လို့ ပိတ်ကုန်ကြပြီ။ မနေ့ညကဆို ဆီတောင် ပြတ်သွားသေးတယ်” ဟု ကရင်နီဒေသခံတစ်ဦးက လက်ရှိအခြေအနေကို ပြောပြသည်။
 
လောင်စာဆီစျေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ကုန်စည်စီးဆင်းမှုနှင့် သောက်သုံးရေ ဖြန့်ဝေမှုများတွင် ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်ပြီး စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများအတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းလာနိုင်ကြောင်း ဒီမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်တစ်ဦးက သုံးသပ်သည်။
 
လက်ရှိတွင် ကရင်နီဒေသသို့ လောင်စာဆီများကို တာချီလိတ်နှင့် တောင်ငူဘက်မှ တင်သွင်းနေရခြင်းဖြစ်သော်လည်း လမ်းကြောင်းအခက်အခဲများနှင့် သယ်ယူစရိတ် မြင့်မားမှုများကြောင့် အခြေခံလူတန်းစားများအတွက် ဝယ်ယူရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေသည်။
 
ဒေသတွင်း ဆီပြတ်လပ်သွားမည်ကို စိုးရိမ်ကြသဖြင့် တတ်နိုင်သူများက ကြိုတင်ဝယ်ယူ သိုလှောင်လာကြခြင်းကလည်း ဆီစျေးနှုန်းကို ပိုမိုမြင့်တက်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်ဟု နန်းမယ်ခုံ ဒေသခံတစ်ဦးက ဆိုသည်။
 
ယင်းအခြေအနေသည် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် အခြေခံလူတန်းစားများနှင့် ကုန်စိမ်း၊ အသား၊ ငါး လှည့်လည်ရောင်းချသူများအတွက် လုပ်ငန်းဆက်လက်လည်ပတ်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ တွန်းပို့နေခြင်းဖြစ်သည်။
 
“ဆီစျေးက တက်လိုက်တာမှ ဘယ်လိုမှ မကိုက်တော့ဘူး။ ကုန်စိမ်းသည်တွေ၊ အသားငါး ရောင်းတဲ့သူတွေအတွက် တော်တော် အခက်တွေ့နေရတယ်။ အဆိုးဆုံးက တောင်သူတွေပဲ။ ခြံထွန်၊ လယ်ထွန်ဖို့ ဆီလိုပေမဲ့ ဒီစျေးနဲ့ဆိုရင် ဒီနှစ် စိုက်ပျိုးနိုင်ပါဦးမလားဆိုပြီး စိုးရိမ်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
 
လောင်စာဆီစျေး မြင့်တက်မှုကြောင့် ကုန်စည်အားလုံး စျေးတက်သွားသော်လည်း တောင်သူများထံမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုမူ စျေးနှိမ်ဝယ်ယူခြင်း ခံနေရသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ပျက်လာကြသည့် အသံများလည်း ထွက်ပေါ်နေသည်။
 
“ဆီစျေးတက်လို့ အကုန်စျေးတက်ပေမဲ့ ကျွန်တော်တို့ တောင်သူတွေဆီက ပစ္စည်းကျတော့ နှိမ်ဝယ်ကြတယ်။ ဒါကြောင့် ဒီလိုသာ ဆက်ဖြစ်နေရင် ခြံတွေကို မစိုက်ဘဲ ပစ်ထားလိုက်တော့မယ်ဆိုပြီး လက်လျှော့ချင်နေကြတာတွေလည်း ကြားနေရတယ်” ဟု ထိုဒေသခံကပင် ရင်ဖွင့်သည်။
 
ဒေသတွင်း လျှပ်စစ်မီးရရှိမှု ပြတ်တောက်နေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ၊ ဆန်စက်များနှင့် ရေစက်များတွင် စက်သုံးဆီကိုသာ အဓိကအားကိုး၍ လည်ပတ်နေရသည့် ကရင်နီဒေသခံများအနေဖြင့် ယခုကဲ့သို့ ဆီဈေးနှုန်းအဆမတန်မြင့်မားမှုကြောင့် ပိုဆိုးရွားသည့် အကြပ်အတည်းများဖြင့် ရင်ဆိုင်လာရဖွယ်ရှိနေသည်။
 
အကယ်၍ စိုက်ပျိုးမြေများ ပစ်ထားခြင်း (ခြံလှပ်ထားခြင်း) များပြားလာပါက နောက်ဆက်တွဲအနေဖြင့် ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်ကိုပါ ရင်ဆိုင်ရနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။
 
#ဓာတ်ဆီဈေး #စံချိန်တင်မြင့်တက်မှု #ကရင်နီစိုက်ပျိုးရေးလုပ်ငန်း #ရပ်တန့်မည့်အန္တရာယ်ရှိ #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမိုးဗြဲစစ်ရှောင်စခန်းသစ်တွင် ရိက္ခာနှင့် အိမ်သာအခက်အခဲ ရင်ဆိုင်နေရ
Next Article မဲဆောက်နယ်စပ် သဘာဝဂိတ်များတွင် ကွန်တိန်နာယာဉ်ကြီးများ ကုန်တင်ချမှုကို ထိုင်းဘက်က ယာယီပိတ်ပင်
thanlwinkhet
  • Website

Related Posts

မဲဆောက်နယ်စပ် သဘာဝဂိတ်များတွင် ကွန်တိန်နာယာဉ်ကြီးများ ကုန်တင်ချမှုကို ထိုင်းဘက်က ယာယီပိတ်ပင်

April 2, 2026

မိုးဗြဲစစ်ရှောင်စခန်းသစ်တွင် ရိက္ခာနှင့် အိမ်သာအခက်အခဲ ရင်ဆိုင်နေရ

April 2, 2026

အာရှလမ်းမကြီး ပြန်ပွင့်သော်လည်း အမှတ် (၂) တံတား ဆက်ပိတ်ထား

April 2, 2026

Leave A Reply Cancel Reply

Recent Posts

  • မဲဆောက်နယ်စပ် သဘာဝဂိတ်များတွင် ကွန်တိန်နာယာဉ်ကြီးများ ကုန်တင်ချမှုကို ထိုင်းဘက်က ယာယီပိတ်ပင်
  • ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် ကရင်နီစိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်မည့်အန္တရာယ်ရှိနေ
  • မိုးဗြဲစစ်ရှောင်စခန်းသစ်တွင် ရိက္ခာနှင့် အိမ်သာအခက်အခဲ ရင်ဆိုင်နေရ
  • အာရှလမ်းမကြီး ပြန်ပွင့်သော်လည်း အမှတ် (၂) တံတား ဆက်ပိတ်ထား
  • အမေရိကန်တွင် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံးမှုမှာ လူသတ်မှုမြောက်ကြောင်း ကျန်းမာရေးဌာန အတည်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မဲဆောက်နယ်စပ် သဘာဝဂိတ်များတွင် ကွန်တိန်နာယာဉ်ကြီးများ ကုန်တင်ချမှုကို ထိုင်းဘက်က ယာယီပိတ်ပင်

ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် ကရင်နီစိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်မည့်အန္တရာယ်ရှိနေ

မိုးဗြဲစစ်ရှောင်စခန်းသစ်တွင် ရိက္ခာနှင့် အိမ်သာအခက်အခဲ ရင်ဆိုင်နေရ

အာရှလမ်းမကြီး ပြန်ပွင့်သော်လည်း အမှတ် (၂) တံတား ဆက်ပိတ်ထား

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မဲဆောက်နယ်စပ် သဘာဝဂိတ်များတွင် ကွန်တိန်နာယာဉ်ကြီးများ ကုန်တင်ချမှုကို ထိုင်းဘက်က ယာယီပိတ်ပင်

April 2, 2026

ဓာတ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် ကရင်နီစိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်မည့်အန္တရာယ်ရှိနေ

April 2, 2026

မိုးဗြဲစစ်ရှောင်စခန်းသစ်တွင် ရိက္ခာနှင့် အိမ်သာအခက်အခဲ ရင်ဆိုင်နေရ

April 2, 2026

အာရှလမ်းမကြီး ပြန်ပွင့်သော်လည်း အမှတ် (၂) တံတား ဆက်ပိတ်ထား

April 2, 2026

အမေရိကန်တွင် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံးမှုမှာ လူသတ်မှုမြောက်ကြောင်း ကျန်းမာရေးဌာန အတည်ပြု

April 2, 2026

ထိုင်းလျှပ်စစ်ခနှုန်းထားသစ် အတည်ပြု

April 2, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.