![]()
သံလွင်ခက်/မတ် ၁၉။
မြန်မာဇာတ်သဘင်၊ အငြိမ့်နှင့် ရုပ်ရှင်ဗီဒီယိုများတွင် ပါဝင်ခဲ့သော လူရွှင်တော်နေကျော်သည် ယနေ့ မတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ကွယ်လွန်သွားခဲ့သည်ဟု အနုပညာအသိုင်းအဝိုင်းမှ အတည်ပြုပြောဆိုသည်။
ဦးနေကျော်သည် အသက် ၆၇ နှစ်အရွယ်ရှိပြီး ကျောက်ကပ်ရောဂါခံစားနေရပြီးနောင် ဦးနှောက်အတွင်းသို့ ရောဂါပိုးကူးစက်ခံရပြီးနောက် ယနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
“ယနေ့မှာ ကွယ်လွန်သွားတာကြောင့် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲနှမျောတသဖြစ်ရပါတယ်။ ကောင်းရာဘုံဘဝရောက်ပါစေ”လို့ အနုပညာရှင်တစ်ဦးဖြစ်သူ ဦးကောင်းကျော်မှ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
လူရွှင်တော်တစ်ဦးအနေဖြင့် လူချစ်လူခင်များလှသော ဦးနေကျော်၏ ကျန်းမာရေးကုသမှုအတွက် ဆေးကုသစရိတ်အရေးပေါ်လိုအပ်နေသည့်အတွက် ဝိုင်းဝန်းကူညီကြရန်အတွက် ဇာတ်မင်းသားတစ်ဦးဖြစ်သူ စန်းရေမိုးနှင့် လူရွှင်တော်များက လူမှုကွန်ရက်စာမျက်နှာတွေ မေတ္တာရပ်ခံတောင်းဆိုမှုများရှိခဲ့သည်။
ဆယ်စုနှစ်ကြာနှစ်ခုကျော်စာအတွင်း လူရွှင်တော်ဦးနေကျော်သည် ပရိသတ်များစွာအတွက် ပျက်လုံးများစွာဖြင့် ပါဝင်ခဲ့သူတစ်ခုဖြစ်သည်။
ပူးတွဲပါ ရုပ်သံသည် ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော လူရွှင်တော်ရှဲဒိုးနှင့်တွဲဖက်တင်ဆက်ခဲ့ခြင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။
#ဟာသသရုပ်ဆောင် #လူရွှင်တော်နေကျော် #ကျောက်ကပ်ရောဂါ #ကွယ်လွန် #ThanLwinKhetNews
