ယမင်းဖူးပွင့်အောင် ဧပြီ ၈၊ ၂၀၂၃။ မကွေးတိုင်း၊ မင်းလှမြို့တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ-၁၀) ရှော့တိုက်ဒုံးနှစ်လုံးဖြင့် အပစ်ခံရပြီးနောက်NLD ပါတီဝင်ငါးဦး အဖမ်းခံခဲ့ရသည်ဟု ၎င်းတို့နှင့် နီးစပ်သည့်ဒေသခံများထံက သိရသည်။ ယနေ့နံနက်အစောပိုင်းတွင် ကပစ(၁၀) အနီးရှိ ကုန်းကြီးကျေးရွာရှိ NLD ပါတီဝင် ငါးဦးကို သံသယရှိသူအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ…
Browsing: နေ့စဉ်သတင်း
ယမင်းဖူးပွင့်အောင် ဧပြီ ၇ ၊ ၂၀၂၃။ စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ရခိုင်ပြည်နယ်တွင် “စစ်ကျွန်သက်တမ်း မရှည်စေဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြစို့” ဟူသည့် Campaign ခေါင်းစဉ်ဖြင့်လက်ကမ်းစာစောင်များ ထပ်မံဖြန့်ဝေခဲ့သည်ဟု ဦးဆောင်သူများကပြောသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ နေရာ ဆယ်ခုနှင့် မင်းပြားမြို့နယ်တွင် ယမန်နေ့က…
သံလွင်ခက်။ ဧပြီ ၇၊ ၂၀၂၃။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ နံနက်တွင် မြစ်ကြီးနားထောင်တရားရုံးက ထောင်ဒဏ် (၆) နှစ်ချမှတ်လိုက်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “၆ နှစ်ချလိုက်ပါတယ်။ သေချာသွားပြီ။ ထောင်တရားရုံးမှာပဲ ချလိုက်တာပါ” ဟု ၎င်းကပြောသည်။ စစ်ကောင်စီက…
သံလွင်ခက် ဧပြီ ၇ ၊ ၂၀၂၃။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ Federal School of Aung Myay Thar Zan ကို ဦးဆောင်နေသူအပါအဝင် ဆရာ၊ ဆရာမ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီဘက်က…
Saw Smith ဧပြီ ၇ ၊ ၂၀၂၇ ။ ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအား ယနေ့ဧပြီလ ၇ရက်မှ ၂၁ရက်ထိ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် မြေပြင်ပူးပေါင်းစစ်ကြောင်းများက ပူးတွဲအမိန့်ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်အား မြေပြင်ပူးပေါင်းစစ်ကြောင်းများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရထုတ်ပြန်ခြင်းဖြစ်ပြီး စစ်ကြောင်းမှူး ၅ဦး၊ ဒုစစ်ကြောင်းမှူး၁ဦး၊ ဗျူဟာမှူး၁ဦးနှင့်တပ်ရင်းမှူး၁ဦးတို့က လက်မှတ်ရေးထိုးထားသည်။ ကော့ကရိတ်မြို့နယ် နှင့်…
ယမင်းဖူးပွင့်အောင် ဧပြီ ၇၊ ၂၀၂၃။ တပ်မတော်ပိုင်မီဒီယာများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီအာဏာတည်မြဲရေးအတွက် မမှန်သတင်းများဖြင့်ဝါဒဖြန့်ပေးနေသည်ဟု (Media Information Literacy) မီဒီယာသတင်းအချက်အလက် အသိပညာဖြန့်ဝေမှုလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ “တပ်မတော်ပိုင်မီဒီယာတွေက ပြည်သူတွေကို အဆိပ်သင့်တဲ့ သတင်းအချက်အလက်တွေကျွေးပြီး သူတို့ရဲ့အာဏာတည်မြဲဖို့အတွက် ဝါဒမှိုင်းတိုက်နေတယ်” ဟု ၎င်းကပြောသည်။ ၂၀၂၁ သြဂုတ်လတွင် နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုများဖြစ်ပွားခဲ့သော်လည်း…
နန်းဆုပန်ခန့် ဧပြီ ၆ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုမြို့သစ်အနီး၌ ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးလာသည့် ဒေသခံ ၅၀၀၀ ဦးကျော်ရှိနေပြီဟု စစ်ရှောင်များကို ကူညီနေသူများထံက သိရသည်။ ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီမြို့အနီးရှိ မဲကနယ်၊ ကုန်သွယ်ရေးဇုန်နှင့်သင်္ကန်းညီနောင် တို့တွင် ပြီးခဲ့သည့်မတ်လ နောက်ဆုံးပတ်မှစ၍ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ယမန်နေ့တွင်…
ကောင်းချစ်အောင် ဧပြီ ၆ ၊ ၂၀၂၃။ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ခရိုင်ငါးခုအတွင်း၌ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများနှင့်ပတ်သက်သည့် စစ်တမ်းတစ်ခုကို ပဉ္စမ မဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့(PMCSG) ကထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပါ ကျူးလွန်မှုများရှိနေသည်ဟု ပါရှိသည်။ အဆိုပါစစ်တမ်းကို ၂၀၂၂ခုနှစ် ဩဂုတ် ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ…
သံလွင်ခက်။ ဧပြီ ၅ ၊ ၂၀၂၃။ စစ်ရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော် အကူညီပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုကရင်အမျိုးသားအစည်းအရုံး KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။ ယနေ့ KNUက ပထမအကြိမ် ပြုလုပ်သည့် ” မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ ” အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် …
ယမင်းဖူးပွင့်အောင် ဧပြီ ၅၊ ၂၀၂၃။ ရခိုင်ပြည်နယ်တွင် ကျေးငှက်တိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းကို ကာကွယ်နိုင်ရေးအတွက် သစ်ပင်များတွင် ငှက်အိမ်ချိတ်ဆွဲရန် ဒေသခံများက စီစဉ်ဆောင်ရွက်နေသည်ဟု ပြောဆိုသည်။ လက်ရှိဆောင်ရွက်မှုအနေဖြင့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင် ငှက်အိမ် အလုံးရေ ငါးရာခန့် ချိတ်ဆွဲနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဦးဆောင်နေသူများက ပြောသည်။ ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသည့်…