Browsing: နေ့စဉ်သတင်း

သံလွင်ခက်။ ဧပြီ ၁ ၊ ၂၀၂၃။ စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် တစ်ပတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။ ဒေသအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့်အတွက်အခြေခံ စားသောက်ကုန်ပင်…

Read More

ကောင်းချစ်အောင် ဧပြီ ၁၊ ၂၀၂၃။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မဆုသွန်းပိုင်ကိုစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နှင့်မတ်လ ၃၀ ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ မဆုသွန်းပိုင်သည် အထက ၂ မရမ်းကုန်း ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်‌ ကျောင်းသူတစ်ဦးဖြစ်ပြီး  မရမ်းကုန်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မဆုသွန်းပိုင်သည် ရန်ကုန်မြေပြင်သပိတ်များတွင် တက်ကြွစွာပါဝင်နေသည့် ရဲဘော်တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသည့်ရဲဘော်မှတစ်ဆင့် ဖုန်းဆက်ချိန်းဆို ထောင်ဖမ်းခံရခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌက သံလွင်ခက်ကိုပြောသည်။ “ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျွန်‌တော်တို့ကလည်း ကျွန်တော်တို့အလုပ်ကိုဆက်လုပ်မှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ချင်တယ်”ဟု ၎င်းကဆိုသည်။ သတင်းကြားသိရချင်း မိဘများသည် စိတ်မကောင်းဖြစ်ကာ ငိုယိုခဲ့ပြီး သမီးဖြစ်သူကို ထောင်ထဲ‌တွင် မနေစေချင်တော့ဘူးဟု မိသားစုနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ မဆုသွန်းပိုင်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးကာ ငါးလအကြာတွင် ယခုလိုထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်သုံးလအတွင်း ရုံးထုတ်သည့်အကြိမ်ရေ ၆ကြိမ်ရှိပြီး မဆုသွန်းပိုင်သည် ကျန်းကျန်းမာမာရှိသည်ဟုနီးစပ်သူတစ်ဦးဖြစ်သည့် ကိုမှန်ကြီးက ဆိုသည်။ “ဖက်ဆစ်တပ်ကိုပိုပြီးနာကျည်းမုန်းတီးလာရတယ်ဗျ  ပြီးတော့ဗျာ  ၁၈နှစ်ပဲရှိသေးတဲ့မိန်းကလေးငယ်တဦးကို၃နှစ်အထိကတော့ ဒါက မတရားမှုကမ်းကုန်အောင်ပါပဲဗျ”ဟု ၎င်းကဆိုသည်။ ထို့အတူ ၂၀၂၂ စက်တင်ဘာ ၁၃ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြလူငယ်များအနက် ၁၃ဦးကိုလည်း စစ်ကောင်စီတရားရုံးက ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။

Read More

သံလွင်ခက်။ ဧပြီ ၁ ၊ ၂၀၂၂။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးနှင့် မြို့နယ်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မတ်လ ၃၁ ရက် ည ၁၁ နာရီကျော်အချိန် တွင် အဆိုပါရုံးနှစ်ရုံး  ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက…

Read More

သံလွင်ခက် ဧပြီ ၁၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မံစီမြိုနယ်ရှိ သံတံတားကျေးရွာတွင် မတ်လ ၃၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခြေလျင်တပ်ရင်း ခလရ…

Read More

သဇင် မတ် ၃၁၊ ၂၀၂၃။ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်)  အလုပ်သမား ၁၀၆၀ဦးအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ခဲ့သည်ဟု စက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။ ယမန်နေ့ မတ်လ၃၀ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသောအလုပ်သမားများအား အလုပ်ထုတ်လိုက်ပြီဟုဆိုကာ လုံခြုံရေးအင်အားအပြည့်ဖြင့် စက်ရုံအတွင်းမှ မောင်းထုတ်ခဲ့သည်ဟု…

Read More

ယမင်းဖူးပွင့်အောင် မတ် ၃၁၊ ၂၀၂၁။ “လဲကျနေတဲ့ ရဲဘော်တစ်ယောက်ကို ပြန်ဆွဲထူရင်း  လွတ်တဲ့နေရာရောက်မှ ခေါင်းကိုထပ်မှန်ပြီးလဲကျနေခဲ့တာ” ဗိုလ်ဆင်ရိုင်းရဲ့ နောက်ဆုံးမြင်ကွင်းကို ရှေ့တန်းမှာအတူရှိခဲ့တဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူး ကိုမင်းဒေဝါက ပြန်ပြောပြခဲ့တာပါ။ ဗိုလ်ဆင်ရိုင်းဟာ တော်လှန်ရေးအစောပိုင်းကာလကတည်းက မိသားစုကိုစွန့်ခွာလာခဲ့ပြီး မြောင်မြို့နယ်အတွင်းကတော်လှန်ရေးရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပြန်လည်ပို့ချပေးခဲ့သူလည်းဖြစ်ပါတယ်။…

Read More

Saw Smith မတ် ၃၁ ၊ ၂၀၂၃ ။ လေယာဥ်ပစ်ပရောဂျက်မှ ရရှိသောအလှူငွေများကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးထက် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် ပို၍လျာထားအသုံးပြုနေသည်ဟု NUG၏ ထုတ်ပြန်ချက်အရသိရသည်။ လေယာဥ်ပစ် Project DragonFly ရရှိသောအလှူငွေ အမေရိကန်ဒေါ်လာ၂.၂သန်းနှင့် ပတ်သက်သောနောက်ဆက်တွဲအခြေအနေများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG…

Read More

ကောင်းချစ်အောင် မတ် ၃၁၊ ၂၀၂၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချတိုက်ပွဲဝင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter-FDC)ကို ၂၀၂၁ခုနှစ် မတ်လ၃၁ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ…

Read More

နန်းဆုပန်ခန့် မတ်  ၃၁၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့်ပိတ်ထားခဲ့သည့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကို ယခုရက်ပိုင်းအတွင်း၌ ပြန်ဖွင့်ပေးထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကအစစ်အဆေးများနေသည်ဟု သိရသည်။ မြဝတီ-ရန်ကုန်ခရီးသည်ပို့ဆောင်ပေးသည့်ကားသမားတစ်ဦးကတော့ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပဲခူးဂိတ်တွင်လူကိုကြည့်ပြီးစစ်ဆေးချင်သလိုစစ်ဆေး၍ လူကိုကြည့်ပြီးပိုက်ဆံတောင်းတာတွေရှိသည်ဟုဆိုသည်။ “လူကြီးနဲ့ကလေးတွေကိုတင်ရင်တော့ စကားသိပ်မပြောရဘူး၊၊ လူငယ်တွေကိုတင်ရင်တော့ သူတို့ကမင်္သကာရင်မသင်္ကာသလိုစစ်တယ်၊၊စိတ်ရှိရင်ရှိသလိုပိုက်ဆံတောင်းတယ်၊ အနည်းဆုံး ၃၀၀၀ကျပ်တို့၊ ၅၀၀၀ကျပ်တို့ပေးရတာပေါ့ ” ဟု ၎င်းကဆက်ပြောသည်။ မတ်လ…

Read More

သဇင် မတ် ၃၀၊ ၂၀၂၃။ မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ သရက်ကန်ရွာပျူစခန်းမှ စစ်တပ်နှင့်ပျူအင်အား (၃၀)ခန့်သည်  နှမ်းဆီကန်ရွာထဲသို့ ဝင်ရောက်ပစ်ခတ်မှုများဆောင်ရွက်ခဲ့ပြီး   ဒေသခံ ၂၀ ခန့်ကို  ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။ ယနေ့မနက် ၈နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက နှမ်းဆီကန်ရွာထဲသို့စစ်ကြောင်း(၃)ကြောင်းခွဲကာ ဝင်ရောက်ပစ်ခတ်မှုများရှိခဲ့ရာ (၅)နှစ်အရွယ် ကလေးတစ်ဦး…

Read More