Browsing: နေ့စဉ်သတင်း

ဧပြီ ၁၇ ၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့သည်ဟုNUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို ယမန်နေ့ ဧပြီ ၁၆ရက်တွင် လက်နက်တပ်ဆင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ…

Read More

ဧပြီ ၁၇ ၊ ၂၀၂၃ ။ ယနေ့ဧပြီလ၁၇ရက်၊ နှစ်ဆန်း၁ရက်တွင် အကျဥ်းသား/အကျဥ်းသူ ၃၀၁၅ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီကကြေညာသည်။ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကျဥ်းသူ၊အကျဥ်းသား၃၀၁၅ ဦးတို့ကို  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကျခံရမည်ဟုဆိုကာ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏…

Read More

Saw Smith ကရင်နီပြည် (ကယားပြည်နယ်)၊ လွိုင်ကော်မြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အကြတ်နေ့၌ ဗုံးပေါက်ကွဲခဲ့ရာ ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် လွိုင်ကော်မြို့ ပြည်နယ်ထွေအုပ်ရုံးရှေ့ရှိ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၇၄ဦးအထိ ရှိလာပြီဖြစ်ပြီး အသက်မပြည့်သေးသူ ကလေးငယ် ၃၈ ဦးပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။ အဆိုပါ ကလေးငယ် ၃၈ ဦးတွင် ၁၇ နှစ်အောက်အသက်အရွယ်များကို ကောက်ယူထားခြင်းဖြစ်ပြီး သေဆုံးသူထဲတွင် အသက်အငယ်ဆုံးမှာ နို့တိုက်အရွယ် ၆ လသားကလေးငယ်များပါ ပါဝင်သည်ဟု…

Read More

ယမင်းဖူးပွင့်အောင် ဧပြီ ၁၅၊ ၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ NLD ပါတီဝင်တစ်ဦး၏ နေအိမ် ချိတ်ပိတ်ခြင်းခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးကျေးရွာရှိ မင်းလှမြို့နယ် NLD မြို့နယ် လူငယ်တာဝန်ခံ ကိုကျော်သူရ၏ နေအိမ်ကိုယမန်နေ့နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်သည်ဟု  လုံခြုံရေးအရ အမည်မဖော်လိုသူ…

Read More

Saw Smith ဧပြီ ၁၄ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်တွင် သေဆုံးသူအရေအတွက်မှာ ၁၇၁ ဦးထိရှိလာပြီဖြစ်သည်ဟု သေဆုံးစာရင်းများကို လိုက်လံပြုစုနေသည့် ပဇီကြီးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ၁၁ ရက်တွင် လူရာချီ၍ အစုလိုက်ရှိနေသည့် ပဇီကြီးရွာ ကျွေးမွေးဧည့်ခံပွဲတစ်ခုကိုစစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်လေယာဥ်များဖြင့်ဗုံးကြဲ၊ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမြောက်အများ သေဆုံးခဲ့သည်။…

Read More

သဇင် ဧပြီ ၁၃၊ ၂၀၂၃။ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို နိုင်ငံတကာဥပဒေများဖြင့် အရေးယူနိုင်အောင် ကြိုးပမ်းမည်ဟုအမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက သံလွင်ခက်ကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ဥပဒေမဲ့ ကျူးလွန်မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာန၏ မေးမြန်းမှုအပေါ်ယင်းသို့ ဖြေဆိုထားခြင်း…

Read More

Saw Smith ဧပြီ ၁၃ ၊ ၂၀၂၃ ။ ယနေ့သင်္ကြန်အကြိုနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဝင် ဗဟိုင်္သကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ဧပြီလ ၁၃ ရက် ၊ နံနက် ၁၁ နာရီခွဲကျော်အချိန်တွင် လားရှိုးမြို့အဝင် ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်သည်ဟု…

Read More

သံလွင်ခက်။ ဧပြီ ၁၁ ၊ ၂၀၂၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရုံးအဆောက်အဦးများနှင့် ပါတီဆိုင်းဘုတ်များကို ဖျက်ဆီးဖြုတ်ချနေခြင်းသည် ပြဌာန်း ဥပဒေများကို ကျော်လွန်သည့် လုပ်ရပ်ဟု ဥပဒေပညာရှင်များက ထောက်ပြပြောဆိုသည်။ ဖျက်သိမ်းခံထားရသည့် ပါတီပိုင်ပစ္စည်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများထဲမှ နည်းလမ်း၊သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဟု အတိအလင်း…

Read More

ကောင်းချစ်အောင် ဧပြီ ၁၁ ၊ ၂၀၂၃ ။ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းလယ် ကွန်ကရစ်တုံးကိုတိုက်မိ၍ ခရီးသွားပြည်သူ ၄ဦးသေဆုံးခဲ့သည်ဟုကယ်ဆယ်ကူညီပေးနေသူများထံမှ သိရသည်။ ယမန်နေ့တွင် ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၃၂၆မိုင်အနီး၌ မန္တလေးမှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် Honda Civic ယာဥ် သည် လမ်းလယ်ကွန်ကရစ်တုံးကိုတိုက်မိပြီး ကားမီးလောင်၍…

Read More