Browsing: နေ့စဉ်သတင်း

သံလွင်ခက်။ ဧပြီ ၅၊ ၂၀၂၃။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါစီးလာသည့် သံခွံအမျိုးအစားရေယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၆ နာရီခွဲခန့်က အပစ်ခံရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ယင်းဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး‌ သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထပ်မံအတည်ပြုသည်။ အဆိုပါ…

Read More

သဇင် ဧပြီ ၄၊၂၀၂၃။ ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင်  RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA )တပ်ဖွဲ့က RCSS/SSA တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု RCSSဘက်က ယမန်နေ့ကထုတ်ပြန်သည်။ ဧပြီလ ၃ ရက်၊ နေ့လည် ၁၁ နာရီခန့်တွင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု နမ့်ပါတက်ကျေးရွာအနီးရှိRCSS/SSA တပ်စခန်းအား…

Read More

သဇင် ဧပြီ ၄၊၂၀၂၃။ ရန်ကုန်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၇၀၄) စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊  ပုလဲမြို့နယ်၊နှောကန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ‌ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည် ဟု ဒေသခံများကပြောသည်။ “ရွာသားတွေကိုလဲ အဝတ်တွေအကုန်ချွတ်ခိုင်းပြီး လက်မြှောက်ခိုင်းထားတာ။ ရွာသားတွေ တောင်းတောင်းပန်ပန်နဲ့ ပြောတာတောင်မရဘူး။သူတို့က တစ်ရွာလုံးကို မီးရှို့ပစ်မှာလို့ပြောပြီး တစ်အိမ်ချင်းစီ လိုက်ရှို့တာ။အဖွားတစ်ယောက် လေဖြတ်ပြီး…

Read More

သံလွင်ခက်။ ဧပြီ ၄ ၊ ၂၀၂၃။ မီးမမှန်သည့်အပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင်များတွင် ဒီဇယ် စက်သုံးဆီများကို အကန့်သတ်ဖြင့်ဝယ်ယူနေရသည့်အတွက် မီးစက်အသုံးပြုနေသူများ အခက်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ ယခင်က မီးစက်များတွင် ထည့်သွင်းအသုံးပြုရန် သံပုံးများဖြင့် သွားရောက်ဝယ်ယူနိုင်သော်လည်း ယခုအခါ မရရှိတော့ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ ၎င်းက “…

Read More

နန်းဆုပန်ခန့် ဧပြီ ၄၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ UG အဖွဲ့သည် လက်နက်ခဲယမ်းထုတ်လုပ်ရန် ယမ်းဖိုးနှင့်ကုန်ကြမ်းပစ္စည်းများ‌ဈေးနှစ်ဆမြှင့်တက် သောကြောင့်အခက်အခဲများကြုံရသည်ဟု  Brave Heart Army-BHA အဖွဲ့တာဝန်ခံကပြောသည်။ Brave Heart Army-BHA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၁၀ရက်တွင်စတင်တည်ထောင်ခဲ့ပြီး မိုင်းအမျိုးမျိုးနှင့် လက်နက်ကြီး ၆၀မမ၊ ၈၀မမ၊…

Read More

သံလွင်ခက်။ ဧပြီ ၃ ၊ ၂၀၂၃။ စစ်ကောင်စီတပ်၏ လေကြောင်းထိုးစစ်အပါအဝင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်း ကျေးရွာများမှ ဒေသခံ သုံးသောင်းကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုယင်းဒေသခံများထံမှ သိရသည်။ ကလေးမြို့၊ မြောက်ပိုင်း လက်ပံချောင်း၊ မြောက်ချော ၊ ချင်းစု ၊ ပျဉ်းတောဦး…

Read More

သဇင် ဧပြီ ၃၊ ၂၀၂၃။ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံရှိ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာ (MOU-နှစ်နိုင်ငံသဘောတူညီမှုစာချုပ်)  အလုပ်သမား ၁၀၆၀ ဦး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကူညီသူများကပြောသည်။ မတ်လ ၃၀ ရက် ညနေ၃နာရီခန့်တွင် မဟာချိုင်မြို့ ခယ်ကွန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။…

Read More

ဧပြီ ၃ ၊ ၂၀၂၃ ။ လေကြောင်းကိုအသုံးပြု၍ သာမာန်အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာသည့် စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ရန် တော်လှန်ရေးအင်အားစုများ ပိုမိုစုစည်းကြရန်လိုအပ်နေပြီဟုချင်းအမျိုးသားတပ်ဦးCNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ယခုနှစ်အစပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ခံနေရသည့် ချင်းပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက ထန်တလန်မြို့နယ်ခွာဖိုရွာကို စစ်ကောင်စီကတိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၌ ပြည်သူ ၈ဦးသေဆုံး၍ ၁၁…

Read More

ဧပြီ ၃ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကကျေးရွာချင်းဆက်လမ်းပိုင်းများကို ဘူဒိုဇာဖြင့် တူးကော်ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စိုင်ပြင်မြို့မှ ဒီးပဲယင်းမြို့ဘက်စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ဦးခန့်ရှိစစ်ကြောင်းက လမ်းများကိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ” ဒီပဲယင်းမြို့နယ်ထဲက သူတို့ဖျက်ဆီးသွားတဲ့ လမ်းပိုင်းတွေက ၅ ခု၊ ၆ခု လောက်ရှိတယ်။ စိုင်ပြင်ကနေ…

Read More

“ပြည်တွင်းရေးမဟုတ်ဘဲ လူသားတစ်ရပ်လုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ် ” Saw Smith ဧပြီ ၁ ၊ ၂၀၂၃ ။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများအပါအဝင် ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့်အရပ်သားနှင့်စစ်ဘေးရှောင် ၄၄၇ ဦးအသက်ဆုံးရှုံးထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များထံမှ သိရသည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး လစဉ်အချက်အလက်များထုတ်ပြန်နေသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု…

Read More