စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်တွင် ဆယ်တန်းကျောင်းသားတစ်ဦး နှင့် ၎င်း၏ညီဖြစ်သူတို့သေဆုံးခဲ့သည်ဟု ယနေ့နံနက်ပိုင်းတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီလ ၂၈ရက် ည၇:၂၀နာရီကျော်အချိန်တွင် ဖယ်ခုံစစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သသည်။ အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီး ကျောင်းတွင် စာကျက်နေသော…
Browsing: တိုက်ပွဲသတင်း
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin attack force) နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီး နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် နေရာဒေသများတွင်တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု Chindwin attack force ၏…
မကွေးတိုင်းဒေသကြီး၊ချောက်မြို့ပေါ်ရှိ စစ်ကြောရေးစခန်းရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကိုကာကွယ်ရေးတပ်ဖွဲ့များက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန့်နေ့ညနေ ၆နာရီ၄၅မိနစ်ခန့်တွင် အဆိုပါစစ်ကြောရေးစခန်းရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားသုံးဦးကို ပစ္စတိုများဖြင့် အလစ်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု Chauk Guerrilla Force ဒုခေါင်းဆောင်ဗိုလ်ပေတက သံလွင်ခက်ကိုပြောသည်။ “သုံးကောင်က စခန်းရှေ့မီးရောင်အောက်မှာရပ်နေတာ ကျွန်တော်တို့ကအတိုနဲ့ဝင်ပစ်တော့ တစ်ယောက်လဲကျသွားတာ တွေ့ရတယ်”ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်ထိသိရှိချက်အရ ရင်ခွဲရုံသို့…
ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့်စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်ကြောင်အား ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်တစ်နေရာတွင် တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ၂၇ရက်၊မွန်းလွဲ၂နာရီအချိန်ခန့်တွင် KA၊ KNDFနှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ် နှင့်ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တို့ပူးပေါင်းစစ်ကြောင်းကို ဖယ်ခုံမြို့နယ် တစ်နေရာတွင်တိုက်ခိုက်ခဲ့သည်။ အဆိုပါထိတွေ့ဆုံတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်မှ ၉ဦးသေဆုံး၍ ဒဏ်ရာရသူတချို့ရှိခဲ့သည်။ ထို့ပြင် M.16 (၃)လက်၊ AK(၁)လက်၊…
မကွေးတိုင်းဒေသကြီး ၊ရေစကြိုမြို့၊အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို လောင်ချာများဖြင့် Myingyan Black Tiger (MBT)အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည် ။ ဖေဖော်ဝါရီလ ၂၆ရက် ည (၉) နာရီခွဲခန့် တွင် စစ်ကောင်စီတပ်သား အင်အား ၃၀ဦးဝန်းကျင်သည် စုပေါင်းရုံးကွင်းအတွင်း တန်းစီနေချိန်တွင် အဝေးပစ်…
စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နှင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် အမျိုးသမီး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ် ၁၀၂၊ ၄၂၇ တပ်ရင်းများကပစ်သည့်…
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီခရိုင်၊ စုကလိမြို့နယ် ထီးကပလယ်စစ်ကောင်စီစခန်းကုန်းကို ကရင်တော်လှန်ရေးတပ်များနှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကုန်းကို ယခုလ ဖေဖော်ဝါရီ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ စစ်ရေးတင်းမာနေသည်။ ” အဲ့စခန်းက အချက်အချာကျတယ်။ တောင်ကုန်းနှစ်ကုန်းဆက်ထားတာ။ တောင်ကတက်ရတဲ့နေရာက အရမ်းမတ်စောက်တယ်။ စခန်းခြံစည်းရိုးမရောက်ခင် သတ်ကွင်းတစ်ခုရှိတယ်။…
စစ်ကောင်စီတပ်၏ ရိက္ခာပို့ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော် KA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဥ်းမဆင်းသက်နိုင်ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု သိရသည်။ ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)သို့ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက ယမန်နေ့ဖေဖော်ဝါရီ၂၄ရက်၊မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်ခဲ့သည်။ KA တပ်ဖွဲ့ဝင်များ၏ မြေပြင်မှပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီတပ်…
မိနစ်အနည်းငယ်အကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြားထွက်ပြေးသွားကြသောကြောင့် နာရီဝက်အတွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု BPLA က ယနေ့တွင်သတင်းထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့နံနက် ၆နာရီခန့်တွင် KNLA နှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊…
စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့်ကေအဲန်ယူ တပ်မဟာ၆ နယ်မြေအတွင်းရှိ KNLA တပ်ရင်း ၁၀၃ စခန်းအား KNLA ၊ KTLA နှင့် KNDO စသည့်ကရင်တပ်များပူးပေါင်း၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်း၌ စခန်းကိုရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့နယ်အတွင်းရှိ KNLA တပ်ရင်း ၁၀၃ စခန်းအား စစ်ကောင်စီတပ်က…