အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီက ထိန်းချုပ်ရခက် ဒေသများကို ဗျူဟာပြောင်းထိုးစစ်ဆင်လာသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ စစ်ကိုင်းတိုင်း၊ မြောင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOM အဖွဲ့ပြောခွင့်ရက “အရင်က စစ်ကြောင်းလာတယ်ဆိုရင် ဘယ်ရွာကို သွားမလဲဆိုတာ ခန့်မှန်းနိုင်တယ်။ အခုက စစ်ကြောင်းလာပြီဆိုရင် တစ်နေရာတည်းမဟုတ်တော့ဘူး။ အနည်းဆုံးနှစ်နေရာခွဲလာတာမျိုးရှိတယ်။ ရွာထဲ…
Browsing: တိုက်ပွဲသတင်း
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ အလယ်ကျွန်း ပျူရွာကို နွားလှည်းငါးစီးဖြင့် ရိက္ခာလာပို့သည့် အင်အား ၈၀ ကျော်ပါသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့နံနက် ၇နာရီ၄၅မိနစ်ခန့်တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အပြန်အလည်ပစ်ခတ်မှု တစ်နာရီကျော်ကြာမြင့်ခဲ့သည်ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ ” ကျွန်တော်တို့က သတင်းကြိုရလို့ အပိုင်ကိုစောင့်ပစ်တာ…
လက်နက်၊ခဲယမ်းများတင်ဆောင်လာသည့် ကား၃၂စီး နှင့်အင်အား ၄၀၀ ကျော်ပါစစ်ကောင်စီတပ်ယာဥ်တန်းကိုထီးလင်းမြို့နယ်အတွင်းကိုဖြတ်သန်းလာခဲ့ရာ အကြိမ်ကြိမ်တိုက်ခိုက်နိုင်ခဲ့သည်ဟု Yaw Revolution Army-YRA ခေါင်းဆောင်သခင်ဇော်က သံလွင်ခက်ကိုပြောသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ မတ်လ ၁၀ရက်တွင် ထွက်လာသော စစ်ယာဥ်တန်း အစီး ၇၀ ကျော်ပါစစ်ကြောင်းသည် ပခုက္ကူ-ကျောက်ထု-မင်းတပ်-မတူပီလမ်းအတိုင်း ပုံတောင်၊ပုံညာကိုဖြတ်၍ ချင်းတောင်ဘက်တက်လာခဲ့ရာ မတ်လ ၁၃ရက်တွင်…
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပေါက်ချောင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းအား အီနာဂါ ဗုံးသီး၄လုံးဖြင့် ဗုံးကြဲတိုက်ခဲ့သည်ဟု Myaung Special People Defense Force-MSPDFမှထုတ်ပြန်ထားသည်။ ယမန်နေ့ နေ့လည် ၁၂နာရီဝန်းကျင်တွင် ပေါက်ချောင်းရွာ သရက်ခြံတွင် တပ်စွဲထားသော ဘီလူးစစ်ကြောင်းတပ်ဖွဲ့ဝင် အင်အား ၁၅၀ခန့်အား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ” မတ်လ…
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကသတင်းထုတ်ပြန်သည်။ ပင်လောင်းမြို့နယ် ၊ နမ့်နန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ်တို့စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသောကြောင့် ယမန်နေ့နံနက် ၇နာရီ မှ နေလည် ချိန်ထိပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်နှင့်ပလက်ဝမြို့နယ်တို့၌ ယခုလအတွင်းတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနေသည်ဟု သက်ဆိုင်ရာ CDF အဖွဲ့အသီးသီးထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ ချင်းပြည်နယ်၊ မတူပီမြို့၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု မတူပီ CDF ကထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်များသည် ထယ်ဘွေးတပ်စခန်းမှမတူပီမြို့ပေါ်သို့ မတူပီ-ပလက်ဝလမ်းအတိုင်းပြန်လည်ထွက်ခွာပြီးဖြစ်ရာ မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဘွေရားလမ်းများကို…
ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် ရိက္ခာကားအစီး ၈၀ ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ ခန့်ပါစစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံးခဲ့သည်ဟုကျောက်ထုPDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။ အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် ယခုလမတ်လ၁၂ရက်၊ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိညအိပ်ကြပြီး ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တပြင်းကျေးရွာမှ ကျောက်ထုဘက်သို့ စတင်ထွက်ခွာခဲ့သည်။ ထိုသို့ထွက်ခွာလာစဥ်…
ရက်ပေါင်း ၂၀ ကျော်ကြာအထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင်း၌ MOEBYE PDF-2 တပ်ရင်းမှ ရဲဘော်ဆန်းဦးကျဆုံးခဲ့သည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်PNO/PNA စစ်ကြောင်းကို ကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်းခုခံတိုက်နေရာ ပြီးခဲ့သော ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင်းမှစ၍ ယမန်နေ့ မတ်လ ၁၄ရက်အထိတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မတ်လ ၁၂ ရက် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှသာလွန်လက်နက်အင်အားဖြင့်ပစ်ခတ်သောကြောင့်…
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ပေါ်၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို နှစ်ကြိမ်တိုင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကန်ပက်လက် CDF တာဝန်ခံက သံလွင်ခက်ကိုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပျူစောထီးတပ်ဖွဲ့ဝင် ၄၀ ဦးကျော်ရှိနေသည်ဟုသိရသည်။ ထိုစခန်းအား ကန်ပက်လက်CDF တပ်ဖွဲ့ဝင်များက ယခုလ မတ်လ ၁၁ ရက်တွင်…
ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖေဖော်ဝါရီ လ (၁) လအတွင်းတိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၄၁၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ (၃၈၆) ဦး သေဆုံးကာ (၂၆၇) ဦး ဒဏ်ရာရခဲ့ပြီး (K.N.L.A)၊(K.N.D.O)…