မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ အမှတ်၂ စည်ပင်သာယာ ရပ်ကွက်ရှိ ရုံးပေါင်းစုံဌာနတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီ ၂၁ ရက် ည၁၀ နာရီအချိန်တွင် ရုံးရှေ့သို့ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အဝေးပစ်ပုခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Mingyan Black Tiger(MBT)ခေါင်းဆောင်ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။…
Browsing: တိုက်ပွဲသတင်း
ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှဗိုလ်မှူး၁ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လည် ၂နာရီ ၁၀မိနစ်တွင် စစ်ကောင်စီ၏ ၅၈၅ တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ်၃ စီးသည် ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေသော ဖလူး ဝေါ်လေလမ်းမမှ…
စစ်ကောင်စီတပ်နှင့် KNLAဒေသခံကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ ပလောတပို့စစ်ဘေးရှောင်စခန်းအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့သည်ဟု သိရသည်။ ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နယ်မြေ အတွင်းရှိ မြဝတီမြို့တောင်ပိုင်း ဖလူးလေးဖားနှစ်ကောင် စစ်ကောင်စီဂိတ်စခန်းမှ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီတွင်မြဝတီ-ဝေါလေလမ်းမအတိုင်းတက်လာခဲ့သည်။ ထို့နောက် နေ့လည် ၂ နာရီကျော်အချိန်တွင်…
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ ကော်သူးလေတပ်မတော် (KTLA) ဌာနချုပ်ကို စစ်ကောင်စီတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဟု ဆင်ဖြူစစ်ကြောင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံးက သံလွင်ခက်သတင်းဌာနကို ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)တွင် ပြောသည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆) တပ်ရင်း (…
စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ညအချိန်မတော်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ကိုနေသူရကပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ၊ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ စစ်ကောင်စီတပ်သားများ နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက ယမန်နေ့ည ၈နာရီခွဲခန့်တွင် ၆၀မမ နှင့် လက်နက်ငယ်များဖြင့် အနီးနားရှိ အင်းပတ်ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည်။…
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင်များအနီးကပ်စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၇ဦးထိခိုက်ပြီး ၆ဦးသေဆုံးသည်ကိုအတည်ပြုနိုင်သည်ဟု KRU တာဝန်ရှိသူ ကိုလင်းလင်းကပြောသည်။ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ လှုပ်ရှားစစ်နယ်မြေ ဖြစ်သော ဒီးမော့ဆိုမြို့၊ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကင်းပတ်ရန်ထွက်ခွာနေစဥ်ဖေဖော်ဝါရီလ၁၉ရက်၊ ညနေပိုင်းတွင် KRU က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ညနေ ၅း၂၅ နာရီမှ…
မုံရွာ လ.ဝ.က ရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ************************* သံလွင်ခက်။ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲနေသည့် လ.ဝ.က ရုံးကို ဒေသခံကာကွယ်ရေးတပ်က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု Monywa Lightning PDFမှ ယနေ့တွင် ထုတ်ပြန်ထားသည်။…
မကွေးတိုင်း ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ရေစကြိုမြို့ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်ရှိ ငြိမ်းဇာနည်တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် တပ်စွဲထားရာ ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညနေ ၅နာရီခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။…
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းကို စစ်ကောင်စီက ရေတပ်၊ ကြည်းတပ်တို့မှအင်အားများဖြည့်ပြီးစစ်ကြောင်းထိုးနေသည်ဟု ယနေ့တွင် ပလက်ဝ CDFက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီ၁၂ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မှနေ၍ Navy တပ်(ရေတပ်)က အင်အား၁၀၀ ဦးကျော် စစ်သင်္ဘော၂ စီးဖြင့် ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ်သို့တက်ခဲ့သည်။ ထို့နောက် ပလက်ဝ ၂၈၉…
ပြည်သူ့စစ် သင်တန်းကျောင်းဆင်း တစ်ဦး ပစ်ခတ်ခံရ ******************** သံလွင်ခက်။ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးကျော်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။ ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅နာရီ ခန့်တွင် အမှတ်…