ကရင်နီပြည်ဒီးမော့ဆိုအရှေ့ခြမ်းဒေသအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်း ဖြင့် နယ်မြေရှင်းလင်းရန်နှင့် ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC တာဝန်ခံ ခူညေးရယ်က သံလွင်ခက်ကိုပြောသည်။ ဒီးမော့ဆို မြို့အတွင်းကို ဘောလခဲမြို့နယ်နှင့် လွိုင်ကော်ဘက်တို့မှ စစ်ကောင်စီတပ်စစ်ကြောင်းများကစစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။ ဘောလခဲဘက်မှ လာသည့်အင်အား ၂၇၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းနှစ်ကြောင်းက ဒီးမော့ဆိုမြို့နယ်အတွင်းရောက်ရှိနေပြီး ကရင်နီ ပူးပေါင်းတပ်များနှင့်…
Browsing: တိုက်ပွဲသတင်း
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီတပ်အားပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်အဖွဲ့ ၃၀ ကျော်ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ယမန်နေ့ မတ်လ၉ရက် နံနက် ၇နာရီခွဲခန့်တွင်ကာကွယ်မဟာမိတ်ပူးပေါင်းအဖွဲ့များက ကျောက်ခွက်ရေနံမြေ Well 2 အတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် ၅၀ ဦးကျော်ကို ဒရုန်းများ၊လက်နက်ကြီး လက်နက်ငယ်များဖြင့်…
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။ ယနေ့ မတ်လ၁၀ရက်၊ နံနက်၇နာရီတွင် ရေးမြို့နယ်၊ အာရုတောင်နှင့် စုံနံ့ရွာရှိ ခံသင်းတံတားဘေးရှိစစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ” ဒီမနက်၇နာရီ တိတိမှာ ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်။သူတို့စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ကျွန်တော် တို့လက်ဦးမှုရခဲ့တယ်။ကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင် စခန်းတွင်းကိုဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ် “ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က…
ကရင်နီပြည်( ကယားပြည်နယ်)ရှိ စစ်ကောင်စီတပ် လက်နက်ကြီးစခန်းကုန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တို့မှတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စခန်းကုန်းရှိ လက်နက်ကြီးများကို သယ်ယူရန် ဆွဲချနေချိန် လေကြောင်းမှအပါအဝင် စစ်ကောင်စီပစ်ကူတပ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ကရင်နီတပ်တော် KA ရဲဘော် ၈ ဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC တာဝန်ရှိသူခူးညေးရယ်က…
မုံရွာ-မန္တလေး ကားလမ်း မြေနဲရွာအနီးရှိ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ဦး ပွဲချင်းပြီးသေဆုံးသည်ဟု သိရသည်။ ယခုလ မတ်လ၆ရက်၊ ည၁၁နာရီခန့်တွင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ၆ဦးပွဲချင်းပြီး သေဆုံးသွားသည်ဟု Monywa Lightning PDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “ညဘက်အိပ်ချိန်ကြီး သွားပစ်တာ…
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီများဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများက သံလွင်ခက်ကို ပြောသည်။ လက်နက်ကြီးပစ်မှုကြောင့် ပြည်သူအချို့တိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည် ဟုဒေသခံတစ်ဦးကပြောသည်။ ရွှေကူမြို့နယ်ရဲစခန်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ဆယ်နာရီအချိန်ခန့်တွင် ရေလဲရွာနှင့်မိုးစစ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ “အိမ်တစ်အိမ်ရဲ့ ခြေရင်းကိုသွားကျတော့ ဘေးအိမ်က အသက် ၅၀…
အမှတ်(၁)စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်၁၅လတာအတွင်း တိုက်ပွဲပေါင်း ၂၄၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အမှတ်(၁)စစ်ဒေသနယ်မြေများတွင် တိုက်ပွဲပေါင်း၂၄၆၀ ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၄၄၆၇ ဦး သေဆုံးခဲ့ပြီး ၄၆၁၈…
ကရင်နီတပ်မတော် KA ကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ ရှေ့တန်း ခလရ(၅၄) ဟွေအွမ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နှင့် ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးတွင် အခြေပြုလျက်ရှိ သော စစ်ကောင်စီတပ် ရှေ့တန်းခလရ(၅၄)နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင် သော ဟွေအွမ်တပ်စခန်း တစ်ခုကို ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ ယမန်နေ့…
စစ်ကောင်စီတပ် ယာဥ်တန်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကသတင်းထုတ်ပြန်သည်။ ယမန်နေ့မတ်လ ၃ ရက် ၊နံနက် ၅း၁၀ နာရီအချိန်တွင် KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမဘေးတစ်နေရာတွင် စစ်ကောင်စီတပ်ယာဥ်တန်းအတွက် လုံခြုံရေးပေးရန် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်ဖွဲ့အား KRF…
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးပြီးပြန်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။ ကုန်းရွာကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ဝင်ရောက်ခဲ့သည့် အင်အား ၈၀ ဦးဝန်းကျင်ရှိစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းမှ၍ မတ်၁ ရက်နေ့လည်ပိုင်းထိ နေအိမ်များကိုမီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းပြန်ထွက်ခဲ့သည်။ ” ယင်းမာပင်မြို့ဘက်ကို…