Browsing: တိုက်ပွဲသတင်း

နန်းဆုပန်ခန့် ဧပြီ ၂၄ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းဘက်သို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံကသိရသည်။ ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် KNLA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် မယ်ခါးထာစခန်းဘက်ကိုစစ်ကောင်စီက တစ်လနီးပါးအကြာ ယမန်နေ့တွင် ဝေဟင်မြေပြင်တို့မှ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “…

Read More

ဧပြီ ၂၄ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှအာဏာသိမ်းစစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း…

Read More

သံလွင်ခက် ဧပြီ ၂၃ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) တပ်ပေါင်းစုမှ အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်စခန်း‌ ၄ခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း ၂ခုလုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်ဟု ယနေ့တွင်ကေအဲန်ယူဗဟိုကသတင်းထုတ်ပြန်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) တပ်ပေါင်းစုမှ ယမန်နေ့ ဧပြီလ ၂၂ရက် နံနက် ၄း၃၀နာရီမှ…

Read More

သံလွင်ခက်။ ဧပြီ ၂၂ ၊၂၀၂၃။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ညောင်ကုန်းကျေးရွာအနီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဧပြီလ ၂၂ ရက် မနက် ၄နာရီခွဲအချိန်တွင်…

Read More

သံလွင်ခက်။ ဧပြီ ၂၂ ၊ ၂၀၂၃။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှ အမျိုးသားနှစ်ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် ကလေးမြို့နယ် တောင်ပိုင်း ထိုမာရွာနှင့်…

Read More

Saw Smith ဧပြီ ၂၂ ၊ ၂၀၂၃ ။ ချင်းအမျိုးသားတပ်မတော် CNA/CNF တပ်မဟာ၄ စခန်းကိုစစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲဘော်နှစ်ဦးထိခိုက်ကျဆုံးခဲ့သည်ဟု CNA တပ်ဖွဲ့ဝင်များထံမှသိရသည်။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ CNA တပ်မဟာ၄ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ကယမန်နေ့ ဧပြီ၂၁ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။…

Read More

သံလွင်ခက် ဧပြီ ၂၂ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊တောင်တွင်းဒေသ၊မအူရွာ(ပျူရွာ)တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့တွင် MKPDF-2တပ်ရင်းက သတင်းထုတ်ပြန်သည်။ ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းသည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍ တောင်တွင်းဒေသ၊မအူပျူရွာ၊ စခ/ပျူရှေ့တန်းစခန်းအား ဧပြီလ ၁၀ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ လက်ရှိအချိန်တွင် အမှတ်…

Read More

Saw Smith ဧပြီ ၂၂ ၊ ၂၀၂၃ ။ ယခုလအတွင်း၌တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် မြဝတီမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် တစ်နေကုန်လက်နက်ကြီးများဖြင့်ပစ်နေခဲ့သည့်အပြင် ညသန်းခေါင်ကျော်ချိန်၌လည်း တိုက်လေယာဥ်ဖြင့်လာရောက်ဗုံးကြဲခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းမှ PDF ရဲဘော်များက သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီတပ်၊ BGFတပ်တို့နှင့်ပူးပေါင်းစစ်ကြောင်းတို့ကြားထိတွေ့တိုက်ပွဲများဖြစ်ပွားနေရာ မြဝတီမြို့အနီးမဲကနယ်ကျေးရွာနှင့်ကျောက်တောင်များတဝိုက်ကို စစ်ကောင်စီဘက်မှ အမြှောက်၊ ဟောင်ဝှစ်ဇာ များဖြင့် တနေကုန်ပစ်ခတ်ခဲ့သော်လည်း…

Read More

သံလွင်ခက်။ ဧပြီ ၂၁၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ပတ်အတွင်း အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်သို့ ညအချိန် လူအင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု မိုးမောက်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “စစ်သားတွေ အများကြီးပဲ။ ရှေ့ရက်ကတည်းက အင်အားဖြည့်နေတာ။ ပထမက…

Read More

သံလွင်ခက်။ ဧပြီ  ၂၁၊ ၂၀၂၃။ မကွေးတိုင်း၊ ထီးလင်းမြို့နယ် ၊အနောက်ခြမ်း လောင်းဘိုလေးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးနှင့် စစ်ရှောင်ကွပ်ကဲရေးရုံး အဖြစ် ပူးတွဲဆောက်လုပ်ထားသည့် အဆောက်အဦးကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြော သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထီးလင်း ယောတော်လှန်ရေးတပ်ဖွဲ့…

Read More