Browsing: တိုက်ပွဲသတင်း

ယမင်းဖူးပွင့်အောင် ဧပြီ ၂၁၊ ၂၀၂၃။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ‌ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက  သွားရောက်တိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ရေစကြိုမြို့၊အမှတ်(၄)၊ဖောင်တော်ဦးရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီ ငြိမ်းဇာနည်တပ်စခန်းကိုယမန်နေ့ နံနက် (၄)နာရီခွဲအချိန်တွင်  Myingyan Black Tiger (MBT)နှင့် မဟာမိတ်အဖွဲ့များမှ သွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ စခန်းသိမ်းနိုင်တော့မည့်…

Read More

ကောင်းချစ်အောင် ဧပြီ ၂၁၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒရုန်း ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းနှင့် ထွေအုပ်ရုံးအား ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး  လေတိုက်နှုန်းပြင်းထန်နေမှုကြောင့် တစ်လုံးမှာ…

Read More

Saw Smith ဧပြီ ၂၁ ၊ ၂၀၂၃ ။ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းတွင် ယခုလတတိယအပတ်တွင်း၌ ပြန်လည်ဖြစ်ပွားနေသည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က အထိနာပြီး လက်နက်၊ ခဲယမ်းများစွာ သိမ်းဆည်းရမိထားသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KnMIC တာဝန်ခံခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။ ပြီးခဲ့သောမတ်လတွင် အင်အား၃၀၀ ဝန်းကျင် ဖြင့်ဒီးမော့ဆိုအရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စု ကျေးရွာများသို့…

Read More

ကောင်းချစ်အောင် ဧပြီ ၂၀၊ ၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆရာဝန်နှစ်ဦးနှင့် ဒေသခံ ၁၄ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း ယခုလဧပြီ ၁၈ရက်၊ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi35 ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ပြီး Mi…

Read More

သံလွင်ခက်။ ဧပြီ ၂၀၊ ၂၀၂၃။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာအုပ်စုရှိ လောင်းဘိုလေးကျေးရွာကိုလေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဧပြီ ၂၀ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် လောင်းဘိုလေးကျေးရွာကို လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်…

Read More

သဇင် ဧပြီ ၂၀၊၂၀၂၃။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား (၂ )စီးကို တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် မိုင်း၂ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တပ်ဖွဲ့ဝင်များထံမှသိရသည်။    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို…

Read More

သံလွင်ခက်။ ဧပြီ ၂၀၊ ၂၀၂၃။ လေကြောင်းပစ်ခတ်ခံရပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ထပ်မံပစ်ခဲ့သည်ဟု  ဒေသခံများထံက သိရသည်။ ပဇီကြီးကျေးရွာ ဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာ မီးလောင်နေပြီ။ လေကြောင်းပစ်လို့ မီးလောင်သွားတာပါ။လေယာဉ်က နောက်ထပ်…

Read More

Saw Smith ဧပြီ ၂၀ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် မြကန်ကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း သုံးဖွဲ့ကဝိုင်းညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကာကွယ်ရေးရဲဘော်၅ ဦးကျဆုံးပြီး ရဲဘော်၅ဦး ပျောက်ဆုံးနေသည်ဟု Armed Revolutionary Force-KU တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။ ယမန်နေ့ ဧပြီ ၁၉ရက်၊နံနက်အစောပိုင်းတွင် ရေဦးမြို့နယ်မှ…

Read More

Saw Smith ဧပြီ ၂၀ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတိုက်ပွဲများ၌ အထိနာနေသောစစ်ကောင်စီတပ်များသည် ယမန်နေ့ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ ရှေ့တန်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။ မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်ရှိ ကျောက်မိုင်းများဒေသ၌ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊BGFတပ်တို့ ယမန်နေ့နှင့်ဧပြီ ၁၈ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။…

Read More

Saw Smith ဧပြီ ၁၉ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ လက်နက်များပစ်ခတ်၍ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူနှစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု စစ်ရှောင်များကိုကူညီပေးနေသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။ ရေဥဦးမြို့မှထွက်လာသောအင်အား(၁၀၀) ကျော်ပါ စစ်ကြောင်းသည် ယနေ့ ဧပြီလ ၁၉ရက် နံနက်(၆)နာရီဝန်းကျင်အချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူရွာသို့…

Read More