Browsing: တိုက်ပွဲသတင်း

သံလွင်ခက်။ မေ ၂၊ ၂၀၂၃။ ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်ရင်း ၁၂ နယ်မြေတွင်းသို့ စစ်ရေးလှုပ်ရှားလာသည့်အတွက်ကချင်ပြည်နယ်၊ မံစီမြို့နယ် ခဲမနိုင်ကျေးရွာနှင့် နန့်သဲကျေးရွာအနီးတွင် KIAနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းလေးခုခွဲကာ ခြေလျင်စစ်ရေးလှုပ်ရှားလာသည့်အတွက်ယမန်နေ့နံနက် ၅ နာရီခန့်တွင်…

Read More

Saw Smith မေ ၁ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး နေရာများကို ဖြန့်ကျက်၍ စစ်ဆင်ရေးများ ပြုလုပ်နေသည့် တစ်လကျော်ကြာကာလအတွင်း၌ BGF စခန်း ၈ ခုထက်မနည်းကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု သိရသည်။ တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊…

Read More

သံလွင်ခက် ဧပြီ ၂၉ ၊ ၂၀၂၃ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင်လူ့တစ်ရပ်လောက်ရှိသည့် ဗုံးသီးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နယ်အတွင်းကို ဂျက်ဖိုက်တာဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ၌ မပေါက်ကွဲခဲ့သည့်ဗုံးခွံများကို ယနေ့နံနက်ပိုင်း၌ မင်းတပ်CDFက ပုံများနှင့်တကွဖော်ပြခဲ့ရာတွင် အရွယ်အစားမှာ လူ့တစ်ရပ်နီးပါးထိရှည်လျားနေသည်ကိုတွေ့ရှိရသည်။ မင်းတပ်မြို့နယ်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုတောက်လျောက်ပြုလုပ်နေခဲ့ရာ ယခုလအတွင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၀…

Read More

နန်းဆုပန်ခန့် ဧပြီ ၂၈ ၊ ၂၀၂၃ ။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းပြန်လည်ရရှိရန် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည်။ ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခံထားရသည့် အဆိုပါစခန်းဘက်သို့ စစ်ကောင်စီတပ်က ယခုဧပြီလ ၂၃ ရက်တွင် ဝေဟင်၊ မြေပြင်တို့မှထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်၏…

Read More

သံလွင်ခက် ဧပြီ ၂၈ ၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကိုတိုက်ခိုက်ခဲ့ဟု  NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။ ဧပြီလ၂၃ရက်၊ ညနေ(၄)နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ်(၃၆၈)မှ ထွက်လာသော အင်အား (၁၃၀) ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင်…

Read More

Saw Smith ဧပြီ ၂၈၊ ၂၀၂၃ ။ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ ကာကွယ်ရေးစခန်းငယ်တစ်ခု တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရကာရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ဧပြီလ ၂၇ရက်၊ ည ၁၁ နာရီဝန်းကျင်၌ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာရှိ ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ”  ၁၁၀၂ အလယ်ပိုင်းတိုင်းတပ်ရင်း စခန်းတစ်ခုတိုက်ခိုက်ခံရတာ ။…

Read More

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မိုးဗြဲတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရမိခဲ့သည်ဟု ယနေ့တွင် KNDFက ထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ ၂၆ရက် နံနက်ပိုင်းတွင်မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ…

Read More

သဇင် ဧပြီ ၂၈၊ ၂၀၂၃။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် ည(၇)နာရီခန့်တွင်ညောင်ခါးရှည်ရဲစခန်းအတွင်း ရဲများတန်းစီနေချိန်တွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ရာ စစ်ကောင်စီတပ်သား (၁)ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “သူတို့(ရဲတပ်ဖွဲ့ဝင်များ)တန်းစီနေချိန်…

Read More

သံလွင်ခက် ဧပြီ ၂၇ ၊ ၂၀၂၃ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်ရှိ တလန်လိုရွာကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ နေ့လည် ၃နာရီခွဲကျော်အချိန်၌ နေပြည်တော်မှတက်လာသည့် ဂျက်ဖိုက်တာတိုက်လေယာဥ်တစ်စီးကမကွေးတိုင်းပေါက်မြို့နယ်ကိုဖြတ်ပြီးနောက် CNA စခန်းအနီးရှိ တလန်လိုရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  တလန်လိုရွာ Presbyterian…

Read More

ကောင်းချစ်အောင် ဧပြီ ၂၇၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးပျူစောထီးရွာကို ဒရုန်းသုံးစီးဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု  Eagle Brigade (A Nyar Eagles) အဖွဲ့က သံလွင်ခက်ကို ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကို Red Hawks Operation စွန်ရဲစစ်ဆင်ရေးဟု အမည်ပေးထားပြီး ယမန်နေ့ဧပြီ၂၆ရက်တွင်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို…

Read More